Tuesday, September 18, 2012

စက်တင်ဘာမကုန်မီအသုံးပြုနိုင်တော့မည့် ကျပ်(၅ဝဝဝ)တန် ကြိုတင်ငွေဖြည့်ကဒ်များ

ထွန်းနေအောင်(မြစ်မခ)
17 Sep, 2012

စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျပ် (၅ဝဝဝ)တန်ကြိုတင်ငွေဖြည့်ကဒ်များကို စတင် ရောင်းချပေးသွား မည်ဖြစ် ကြောင်း ရောင်းချမည့်ကုမ္ပဏီများထံက သိရှိရသည်။

အဆိုပါ ငွေဖြည့်ကဒ်ထုတ်လုပ်ရောင်းချမှုမှာ ပုဂ္ဂလိကမှ ထုတ်လုပ်ရောင်းမည်ဖြစ်ပြီး ကုမ္ပဏီ(၃)ခုမှ ရောင်းချမည် ဖြစ်ကြောင်းကို လည်း သိရှိရသည်။

“၅ဝဝဝ တန် ကြိုတင်ငွေဖြည့်ကဒ်ထွက်မယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒီတစ်ပတ်ထဲ ထွက်ရင် ထွက်၊ မထွက်ရင် ဒီလ နောက် ဆုံး ပတ်ထဲမှာတော့ ထွက်မှာပါ။ အမြန်ဆုံးထွက် နိုင်အောင် လုပ်နေပါတယ်။”ဟု Elite ရုံးချုပ်မှ တာဝန်ရှိ သူတစ်ဦးက ပြော သည်။

ပြည်တွင်းမီဒီယာများတွင်လည်း စက်တင်ဘာ(၂၂)ရက်နေ့တွင် စတင် ရောင်းချမည်ဟု ဖော်ပြပါရှိသည်။

“ကုမ္ပဏီ(၃)ခုကနေ ငွေဖြည့်ကဒ်တွေ ထွက်မယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒီလ နောက်ဆုံး ပတ်လောက် ထွက်ပါလိမ့်မယ်။ ရက်အတိအကျတော့ မသိရသေးဘူး။”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကတာဝန်ရှိသူတစ်ဦးက တန်ဖိုးနည်းဖုန်းကဒ် ကိစ္စနှင့် ပတ်သက်၍ အတည်ပြုပြောကြားသည်။

အဆိုပါ ထုတ်လုပ်ရောင်းချပေးသွားမည့် ကုမ္ပဏီ (၃)ခုအနက် (၂)ခုမှာ Elite နှင့် ရတနာပုံတို့ ဖြစ်ကြောင်းကိုလည်း သိရှိ ရသည်။

“အမြန်ဆုံး ရောင်းနိုင်အောင် ပြုလုပ်နေပါတယ်။ ကုမ္ပဏီတစ်ခုထဲက ထုတ်မှာမဟုတ်ပါဘူး။ နောက်ထပ် ကုမ္ပဏီနှစ်ခုကလည်း ထုတ်မှာပါ။ ထုတ်တဲ့ ကဒ်တိုင်းမှာထုတ်တဲ့ ကုမ္ပဏီ အမှတ် အသားပါမှာပါ။” ဟု Elite မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျပ် ၅ဝဝဝ တန် ကြိုတင်ငွေဖြည့်ကဒ်များအား အမျိုးအစားအလိုက် အရောင်များဖြင့် ခွဲခြား ထုတ်လုပ်သွားမည်ဖြစ်ပြီး GSM ဆိုပါက စိမ်းပြာရောင်၊ 800 MHz ဆိုလျှင် ခဲရောင်နှင့် 450 MHz အား ရွှေဝါရောင်တို့ဖြင့် ခွဲခြားထုတ်လုပ်သွား မည်ဖြစ် ကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့