Friday, September 21, 2012

ကြုံတွေ့ရတော့မည့် ကျပ်ငွေ (၄၇၀)ဘီလီယံခန့်အား ဈေးကွက်မှ ဆွဲထုတ်ခံရမည့်အရေး

မြစ်မခ
by Myit Makha Mediagroup on 20 Sep, 2012

ယခုစက်တင်ဘာလကုန်ပိုင်းတွင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ရသောကုမ္ပဏီနှင့် လုပ်ငန်းများမှ တစ်စုလျှင် ကျပ်ငွေ (၄၇) ဘီလီ ယံ ခန့်စီ နိုင်ငံတော်သို့ paid-up capital အဖြစ် တင်ရမည်ဖြစ်သော်လည်း မည်သည့်ပုံစံဖြင့်ငွေများအား အပ်နှံရမည်ကို တရားဝင်ထုတ်ပြန်ကြေငြာခြင်း မရှိသေးကြောင်း AGD ဘဏ်က သိရှိရသည်။

အာမခံလုပ်ငန်းလုပ်ကိုင်ရန် လျှောက်လွှာတင်ဒါခေါ်ယူရာတွင် ကုမ္ပဏီ(၂ဝ)လျှောက်ထားရာ ကုမ္ပဏီ(၁၂)ခုအား စက်တင်ဘာလ (၅)ရက်နေ့ က မြန်မာ့အာမခံလုပ်ငန်းမှရွေးချယ်ခဲ့ပြီး အဆိုပါ ကုမ္ပဏီ(၁၂)ခုအနက် ဘဏ်(၄)ခု ပါဝင်သည်။

စက်တင်ဘာလ(၇) ရက်နေ့မှ စက်တင်ဘာလ(၂ဝ)ရက်နေ့ အထိ အဆိုပါကုမ္ပဏီများအား မှတ်ပုံတင်မည်ဖြစ်ပြီးအာမခံလုပ်ငန်း လိုင်စင်ကို(၁၅)ရက်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းက သိရှိရသည်။

ယခုအာမခံကုမ္ပဏီအဖြစ် ရွေးချယ်ခံရသော ကုမ္ပဏီများသည် အာမခံငွေများကို အောက်တိုဘာလ (၂၇)ရက်နေ့ တွင် ပြင်ဆင် ထားရမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဥက္ကဌ ဦးအေးမင်းသိန်းက ဆိုသည်။

အသက်အာမခံကုမ္ပဏီဖြစ်ပါက သန်း ခြောက်ထောင် Deposit တင်ရမည်ဖြစ်ပြီး အထွေထွေ အာမခံကုမ္ပဏီဖြစ်ပါက သန်း လေးသောင်း Deposit တင်ရမည်ဖြစ်သည်။

''အသက်အာမခံရော အထွေထွေအာမခံပါက ပြုလုပ်ရင် သန်းပေါင်းလေးသောင်း ခြောက်ထောင် ဘဏ်ကိုသွင်းရမှာ ဖြစ်ပါ တယ်။ လျော်ကြေး တကယ်တမ်းပေးရမယ်ဆိုရင် ထွက်ပြေးသွားမှာစိုးလို့ ခိုင်မာမှုယူတဲ့ သဘောပါ။'' ဟု မြန်မာ့ အာမခံ လုပ်ငန်း ဥက္ကဌ ဦးအေးမင်းသိန်းက ဆိုထားသည်။

အဆိုပါ ကုမ္ပဏီနှင့်လုပ်ငန်းများက အာမခံကြေးငွေ တင်သွင်းကြမည်ဖြစ်သဖြင့် ကျပ်ငွေ (၄၇၀)ဘီလီယံခန့်မှာရုတ်တရက် ဈေး ကွက်မှ ဆွဲထုတ်ခံရမည်ဖြစ်သည်။

လုပ်ငန်းလုပ်ကိုင်ခွင့်ရသော အဖွဲ့အစည်းများမှ ထည့်ဝင်ရမည့် ငွေကြေးကို နိုင်ငံခြားငွေဖြင့် လက်ခံပေးခြင်း(စာရင်းပြောင်း နည်း ဖြင့်) သို့မဟုတ် ပုဂ္ဂလိကဘဏ်များသို့ အပ်နှံစေခြင်းပြုလုပ်လျှင် ဈေးကွက်သို့ သက်ရောက်မှုပိုမိုနည်းပါးနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

အဆိုပါ Deposit တင်သည့်ငွေများအား မြန်မာ့စီးပွားရေးဘဏ်သို့ ထည့်သွင်းရမည်ဖြစ်သည်။

" အာမခံလုပ်ငန်းကုမ္ပဏီတွေ Deposit တင်ဖို့ ငွေကို မြန်မာ့စီးပွားရေးဘဏ်မှာပဲ ကျွန်တော်တို့ ထည့်ခိုင်းမှာပါ ဖြစ်ပါတယ်။" ဟု မြန်မာ့အာမခံလုပ်ငန်း ဥက္ကဌ ဦးအေးမင်းသိန်းက ပြောသည်။

နိုင်ငံပိုင်ဘဏ် (သို့မဟုတ်) ဗဟိုဘဏ်သို့ အပ်နှံလျှင် ၄င်းငွေများသည် ငွေသေများဖြစ်နိုင်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း မလိုအပ်ဘဲအတိုးပေးရခြင်းများကြုံတွေ့ရမည်ဟု AGDက ဆိုထားသည်။

နိုင်ငံခြားငွေဖြင့်လက်ခံပေးလျှင် ပြည်တွင်းရှိနိုင်ငံခြားငွေဈေးကွက်ကို ထိခိုက်မှုနည်းနိုင်သကဲ့သို့၊ ပုဂ္ဂလိကဘဏ်များသို့ စာရင်းသေ အပ်ငွေအဖြစ် တစ်နှစ်၊ နှစ်နှစ်အပ်နှံစေပါက ပုဂ္ဂလိကဘဏ်များမှ အခြားငွေကြေးလိုအပ်နေသော လုပ်ငန်းရှင် များသို့ ပြန်လည် ထုတ်ချေးမည်ဖြစ်သဖြင့် ၄င်းငွေများသည် ဈေးကွက်အတွင်း ပြန်ရောက်လာပြီး လည်ပတ်နိုင်လိမ့်မည်ဟု စီးပွားရေးလုပ်ငန်းရှင် များက ဆိုကြသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့