Thursday, June 30, 2011

ပင်စင်စားများ လစာတိုး

ဇွန်လ ၃၀ ရက် ၂၀၁၁ ခုနှစ်

အစိုးရဝန်ထမ်း ပင်စင်စားများ၏ ပင်စင်နှုန်းထားကို ဇူလိုင်လမှသည် တိုးမြှင့်ပြီး အလုပ်လုပ်စဉ်က ရရှိခဲ့တဲ့ လစာအတိုင်း ပေးမည်ဟု မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အား နိုင်ငံပိုင် မြန်မာ့ရုပ်သံက ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။

ညနေ ၆ နာရီတွင် မြန်မာအသံ ရုပ်မြင်သံကြားက ထုတ်လွှင့်သွားရာမှာ ဒီဇင်ဘာ ၃၁ ရက် ၂ဝဝ၉ ခုနှစ်တွင် ပြင်ဆင်သတ်မှတ်ထားခဲ့သည့် လစာနှုန်းထားအသစ် အရ ခံစားခွင့်ကို လာမည့် ဇူလိုင်လ လစာမှ စတင်၍ ထုတ်ပေးသွားမည်ဟု ပါရှိသည်။

Ref: Mizzima

0 comments:

အပေါ်သို့