Sunday, June 26, 2011

တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအရေး အမေရိကန်စိုးရိမ်

2011-06-25

ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ တခြား နယ်မြေတွေက ဒုက္ခသည်တွေ အရေးအတွက် အထူး စိုးရိမ်မိကြောင်း အမေရိကန် အစိုးရက မနေ့က ပြောလိုက်ပါတယ်။


အမေရိကန် အစိုးရ အနေနဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့ အစည်းတွေ အနေနဲ့ ထွက်ပြေးနေရတဲ့ ဒေသခံ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တခြား လိုအပ်ချက်တွေကို ကူညီ စောင့်ရှောက်ပေးဖို့လည်း အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ တရုပ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံနေကြရပြီး တရုပ်အစိုးရ အနေနဲ့ ကြားဝင် စေ့စပ်ပေးဖို့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က တောင်းဆိုထားတယ်လို့ သိရပါတယ်။
Ref: RFA

0 comments:

အပေါ်သို့