Thursday, August 18, 2011

မြန်မာ ယာဘား ဆေးပြား အများအပြား ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းမိ

17/8/2011
မောင်အေး

မြန်မာနိုင်ငံမှ တရားမ၀င် တင်သွင်းလာသော ဆေးပြား အများအပြားများကို ဘင်္ဂလာဒေခ်ျ့ တွင် မနေ့က ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာ အာဏာပိုင်များက ပြောသည်။

စုစုပေါင်း ဂုံနီအိတ် (၇) လုံးဖြင့် ထည့်ထားသော ဆေးပြားပါကင် ၂၀၀ ကို သြဂတ်စ်လ ၁၇ ရက်နေ့ ညဉ့်အချိန်တွင် ကော့စ် ဘဇား ခရိုင် အီဂင် ကားဂိတ်တွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။


စုစုပေါင်းဆေးပြား အရေအတွက် ၁၀၀၀၀၀ ရှိပါတယ်။ တော်တော်များတဲ့ ပမာဏ ဖြစ်ပါတယ်။ မိုက်ကရို ကား တစီးနဲ့ တင် ဆောင်လာစဉ် သတင်းအရ ရှာဖွေ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်� ဟု ရဲအရာရှိ တစ်ဦးက သတင်းထောက်များသို့ ပြော သည်။

ဖမ်းဆီးမိသော ယာဘား ဆေးပြားများကို မောင်တောမြို့နှင့် မျက်နာချင်းဆိုင် တက်ကနက်မြို့နယ် ဟိန်းဆိုးရီလမ်းမှ တင်သွင်း လာပြီး စစ်တကောင်းသို့ ယူဆောင်စဉ် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

� ကျနော်တို့က ကော့စ်ဘဇား အလွန် ရာမူးကနေ စောင့်ဖမ်းပါတယ်။ ကားက မရပ်ဘဲ ထွက်ပြေးတဲ့ အတွက် အီဂင်ကို အရောက် မှာ ဖမ်းမိတာ ဖြစ်ပါတယ်။ မှောင်ခိုသမားတွေက ထွက်ပြေး လွှတ်မြောက်သွားကြပါတယ်� ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ ဆေးပြားများမှာ ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် ဆေးပြားများ ဖြစ်နိုင်ကြောင်းနှင့် မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်မှ တဆင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ တင်သွင်း လာခြင်းဖြစ်ကြောင်း ဘင်္ဂလာရဲက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် မြန်မာနိုင်ငံမှ ယာဘားဆေးပြား အများဆုံး တင်သွင်းရာ အိမ်နီးချင်း နိုင်ငံ တစ်ခု ဖြစ်သည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့