Thursday, August 18, 2011

အ​မေရိကန်အကြံ​ပေး​အဖွဲ့နှင့်​ နိုင်ငံ​ရေး​ပါတီများ​ ​တွေ့ဆုံ

August 17, 2011
အံ့ဘုန်းမြတ်

မြန်မာနိုင်ငံကို ​ရောက်ရှိ​နေတဲ့​ အ​မေရိကန်အထက်လွှတ်​တော် နိုင်ငံခြား​ရေး​ရာ ​ကော်မတီဥက္ကဋ္ဌ ဂျွန်ကယ်ရီ အကြံ​ပေး​အဖွဲ့နဲ့​ ၂၀၁ဝ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေ ဒီက​နေ့​ ​တွေ့​ဆုံခဲ့​ကြပါတယ်။

ရန်ကုန်မြို့​ တက္ကသိုလ်ရိပ်သာလမ်း​မှာရှိတဲ့​ အ​မေရိကန်သံရုံး​မှာ ​တွေ့​ဆုံခဲ့​ကြတာ ဖြစ်ပါတယ်။

ဒီအ​ကြောင်း​ကို အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု NDF ပါတီက ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက အခုလို ​ပြောပြပါတယ်။

“ဂျွန်ကယ်ရီရဲ့ ​ ကိုယ်စား​လှယ်နဲ့​ တနာရီခွဲ​လောက်ကြာ​အောင် ​ပြောလိုက်ရပါတယ်။ ဦး​သု​ဝေတို့​၊​ ဦး​မျိုး​ညွန့်​၊​ ဦး​ခင်​မောင်ကြီး​၊​ ရခိုင်ပါတီက ဦး​လှထွန်း​ဦး​၊​ မွန်ပါတီက နိုင်ခင်​မောင်၊​ ချင်း​ပါတီနဲ့​ ကရင်ပါတီကလည်း​ ပါတယ်။”

အကြံ​ပေး​အဖွဲ့ခေါင်း​ဆောင်နဲ့​ အပြန်အလှန် ​ဆွေး​နွေး​ဖြစ်ကြတဲ့​ အ​ကြောင်း​တွေကိုလည်း​ ဦး​ခင်​မောင်​ဆွေက အခုလို ဆက်​ပြောပြပါတယ်။

“ကျ​နော်တို့​ ကို ဒီနိုင်ငံမှာ ဖြစ်​ပေါ်တိုး​တက်မှု​တွေ ရှိသလား​လို့​ ​မေး​တော့​ ရှိတယ်။ စီး​ပွား​ရေး​ဘက်မှာ ထင်သာမြင်သာတာ​တွေ ပါလာတယ်။ အများ​အညီ စီး​ပွား​ရေး​ဥပ​ဒေ​တွေ ပြဋ္ဌာန်း​ဖို့​ မကြာခင် အလား​အလာ​တွေရှိတယ်။ ကုန်သွယ်မှု ကိစ္စ​တွေမှာလည်း​ ​လျှော့​ပေါ့​တာ​တွေ၊​ ကုန်ပစ္စည်း​ခြောက်မျိုး​ကို ယာယီကင်း​လွတ်ခွင့်​ ​ပေး​ပြီး​တော့​ တင်ပို့​ခွင့်​တွေ ​ပေး​နေပြီဆို​တော့​ စီး​ပွား​ရေး​ဘက်မှာ liberalization လုပ်တာ​တွေ ရှိလာ​တော့​ အ​နောက်နိုင်ငံ​တွေ ​ပြော​နေတဲ့​ စီး​ပွား​ရေး​မှာ ပြုပြင်ခြင်း​တွေ စလာပြီ။ ဒါ​ကြောင့်​မို့​လို့​ အ​မေရိကန်အ​နေနဲ့​ တဖက်က စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေကို ဖွင့်​ပေး​ဖို့​ ပြန်လည်စဉ်း​စား​သင့်​ပြီလို့​ မှာလိုက်ပါတယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့