Thursday, August 18, 2011

စီး​ပွား​ရေး​ဖွံ့ဖြိုး​မှုအလုပ်ရုံ​ဆွေး​နွေး​ပွဲ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်များ​နှင့်​ ပညာရှင်များ​ကို ဖိတ်ကြား

August 17, 2011
အံ့ဘုန်းမြတ်

လာမယ့် ​ ၁၉ ရက်​နေ့​က​နေ ၂၁ ရက်​နေ့​အထိ ​နေပြည်​တော်၊​ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း​ရှင်း​စင်တာမှာ ကျင်း​ပပြုလုပ်မယ့်​ အစိုး​ရသစ်ရဲ့​ စီး​ပွား​ရေး​ဖွံ့ဖြိုး​တိုး​တက်မှုအတွက် ပြုပြင်​ပြောင်း​လဲမှုဆိုင်ရာ အမျိုး​သား​အဆင့်​ အလုပ်ရုံ​ဆွေး​နွေးပွဲကိုတက်​ရောက်ဖို့​ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်​တွေနဲ့​ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​ပညာရှင်​တွေကို တက်​ရောက်ဖို့​ ဖိတ်​ခေါ်ထား​ပါတယ်။


ပြည်​ ထောင်စုအစိုး​ရရဲ့​ အမျိုး​သား​ စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့ဖြိုး​တိုး​မှုဝန်ကြီး​ဌာနက စီစဉ်ကျင်း​ပတဲ့​ ဒီအခမ်း​အနား​ကို တက်​ရောက်ဖို့​ ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်ကတဆင့်​ နိုင်ငံ​ရေး​ပါတီ ၃၇ ပါတီက ​ခေါင်း​ဆောင်​တွေကို ဒီလ ၁၆ ရက်​နေ့​ ရက်စွဲနဲ့​ ဖိတ်ကြား​ထား​တာ ဖြစ်ပါတယ်။

ဒါနဲ့​ ပတ်သက်ပြီး​ ဖိတ်စာလက်ခံရရှိထား​တဲ့​ မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​တင်​မောင်​အေး​က အခုလို​ပြောပြပါတယ်။

“တိုင်း​ ကော်မရှင်က စာ သုံး​စောင်​ပေး​တယ်။ ပထမတ​စောင်က ဖိတ်ကြား​စာ၊​ ဒုတိယအ​စောင်က ကျ​နော်တို့​ကို ​နေပြည်​တော်​ကော်မရှင်က​နေတဆင့်​ တိုင်း​ကော်မရှင်၊​ အဲဒီက​နေ ကျ​နော်တို့​ပါတီကို ​ရောက်လာတဲ့​စာပါ။ အလုပ်ရုံ​ဆွေး​နွေး​ပွဲ ဦး​ဆောင်ကျင်း​ပ​ရေး​ ​ကော်မတီက​နေ ဖိတ်တာ။ အဲဒီပြည်​ထောင်စု ​ကော်မရှင်ကိုပို့​တယ်။ ပြည်​ထောင်စု​ကော်မရှင်ကို အမျိုး​သား​စီမံကိန်း​နဲ့​ ဖွံ့ဖြိုး​တိုး​တက်​ရေး​ ဝန်ကြီး​ဌာနဆိုပြီး​ ဝန်ကြီး​ရုံး​အမိန့်​၁၆ ရက်၊​ ဂလ၊​ ၂၀၁၁ ရက်စွဲနဲ့​ပို့​တယ်။ ပို့​တော့​ အဲဒီစာကို ပြည်​ထောင်စု​ကော်မရှင် က နိုင်ငံ​ရေး​ပါတီများ​အား​လုံး​ဆိုပြီး​ ထပ်ပြီး​တော့​ သက်ဆိုင်ရာ တိုင်း​ဒေသကြီး​နှင့်​ ပြည်နယ်​ကော်မရှင်များ​ အား​လုံး​ဆိုပြီး​တော့​ နိုင်ငံ​ရေး​ပါတီများ​ကို ဆက်လက်အ​ကြောင်း​ကြား​ရန်ဆိုပြီး​တော့​ ဖြစ်တဲ့​အတွက် ကျ​နော်တို့​ကို တိုင်း​ကော်မရှင်က​နေ လှမ်း​အ​ကြောင်း​ကြား​တာ။”

ပြည်ပ တက္ကသိုလ်အသီး​သီး​မှာ ပြန်လည်ပညာသင်ကြား​ပေး​နေကြတဲ့​ မြန်မာနိုင်ငံသား​ပညာရှင်အချို့​ကိုလည်း​ အစိုး​ရအဖွဲ့က တိုက်ရိုက်ဖိတ်ကြား​မှု​တွေ ပြုလုပ်ထား​တယ်လို့​ အစိုး​ရအဖွဲ့နဲ့​ နီး​စပ်သူအချို့​က ဆိုပါတယ်။

ဒီလို နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​ ပညာရှင်​တွေကို အစိုး​ရအဖွဲ့က ပထမဆုံး​ အ​နေနဲ့​ ဖိတ်ကြား​လာတဲ့​အ​ပေါ် အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု NDF ပါတီရဲ့​ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက​တော့​ အခုလို မှတ်ချက်​ပေး​ ​ပြောကြား​ပါတယ်။

“ဒါက ​ကောင်း​တဲ့​လက္ခဏာပါပဲ။ နိုင်ငံနဲ့​ပတ်သက်တဲ့​ စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေမှာ နိုင်ငံ​ရေး​ပါတီ​တွေ ပါဝင်သင့်​တယ်လို့​ အစိုး​ရက သ​ဘော​ပေါက်လက်ခံတဲ့​ သ​ဘောပါ။ ကျ​နော်တို့​ကလည်း​ မူဝါဒ​တွေ ​ရေး​ဆွဲထား​တာရှိ​တော့​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေ တတ်​ရောက်တဲ့​အခါ ကြား​နာမှု​တွေ၊​ ပြုလုပ်မယ့်​အစီအစဉ်​တွေအ​ပေါ်မှာ အကြံ​ပေး​နိုင်ရင်လည်း​ ​ပေး​သွား​မှာပါ။”

ဒီအလုပ်ရုံ ​ဆွေး​နွေး​ပွဲမှာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကိုလည်း​ ဖိတ်ကြား​ဖို့​ အစီအစဉ်ရှိတဲ့​ အ​ကြောင်း​ သတင်း​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ထွက်​ပေါ်ခဲ့​ပေမယ့်​ အခုအချိန်အထိ​တော့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့ချုပ်က အတည်ပြု ​ပြော ကြား​တာမျိုး​တော့​ မရှိ​သေး​ပါဘူး​။

ဒီအလုပ်ရုံ​ ဆွေး​နွေး​ပွဲမှာ သမ္မတဦး​သိန်စိန်ရဲ့​ စီး​ပွား​ရေး​အကြံ​ပေး​ ဦး​မြင့်​အပါဝင် ပညာရှင်အသီး​သီး​က အဓိက​ဆွေး​နွေး​ကြမှာပြီး​ သတင်း​မီဒီယာအချို့​က အယ်ဒီတာချုပ်​တွေကိုလည်း​ တက်​ရောက်ဖို့​ ဖိတ်ကြား​ပါတယ်။

ဦး​သိန်း​စိန် ဦး​​ဆောင်တဲ့​ အစိုး​ရသစ်ဟာ အာဏာလွှဲ​ပြောင်း​ယူပြီး​ ၄ လ​ကျော် သက်တမ်း​ကာလအတွင်း​ ပထမဆုံး​ အ​နေနဲ့​ ဆင်း​ရဲမွဲ​တေမှု​လျှော့​ချနိုင်​ရေး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေ စတင်ပြုလုပ်ခဲ့​သလို ကဏ္ဍအလိုက် အလုပ်ရုံ​ဆွေး​နွေး​ ပွဲ​တွေပြုလုပ်ပြီး​ ပြုပြင်​ပြောင်း​လဲ​ရေး​တွေကို အမှန်တကယ် လုပ်​ဆောင်​တော့​မယ်လို့​ ကျယ်ကျယ်ပြန့်​ပြန့်​ ​ပြောကြား​ထား​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့