Thursday, August 18, 2011

ချင်း​တောင်တွင် ​မြေပြိုသဖြင့်​ ​ကျေး​လက်​နေအိမ်များ​ပျက်စီး

August 17, 2011
မင်းလွင်

ချင်း ​ပြည်နယ်က ​ကျေး​ရွာတချို့​မှာ မိုး​သည်း​ထန်စွာ ရွာတဲ့​အတွက် ​တောင်​တွေ ​မြေပြိုပြီး​ ​ကျေး​ရွာတချို့​က ​နေအိမ်​တွေ ပျက်စီး​ခဲ့​ပါတယ်။

ချင်း​ပြည်နယ် တီး​တိန်မြို့နယ်က ထန်ကွဲ၊​ လိုင်ဘုံ၊​ ဆွန်ပီ​ကျေး​ရွာ​တွေမှာ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က မိုး​သည်း​ထန်တဲ့​အတွက် ​တောင်​စောင်း​မှာ ​ဆောက်ထား​တဲ့​ လူ​နေအိမ် ၈၀ ​ကျော် ပျက်စီး​ခဲ့​တယ်လို့​ တီး​တိန်မြို့က မြို့ခံ​တွေက ​ပြောပါတယ်။

မိုး​ဆက်ပြီး​ သည်း​နေဦး​မယ်ဆိုရင်လည်း​ အိမ်​တွေ ထက်ပြိုနိုင်တယ်လို့​ တီး​တိန်မြို့ လူမှု​ရေး​လုပ်သား​တဦး​က ​ပြောပါတယ်။

“ထန်ကွဲက​တော့ ​ ​မြေပြိုလို့​ အိမ်ပါသွား​တာ ၁၅ လုံး​လောက်ရှိသွား​ပြီ။ ​နောက်ထပ်လည်း​ မိုး​ထပ်ရွာလိုက်ရင် ပြိုမယ့်​ အလား​အလာ ရှိတယ်။ လိုင်ဘုံက​တော့​ အိမ်​ခြေက ၁၀၀ ​လောက်ရှိတယ်​ပြောတယ်။ အဲဒီထဲက သုံး​ပုံနှစ်ပုံက အိမ်မရှိ​တော့​ဘူး​၊​ ဆွန်ပီက​တော့​ အခုအိမ်​ခြေ ၁၆ အိမ်၊​ ၂ဝအိမ်​လောက် ပါသွား​ပြီ။ ​နောက်ထပ် ​နေလို့​ သိပ်စိတ်မချ​တော့​ဘူး​လို့​ သူတို့​အိမ်​တွေ ဖြိုလိုက် မယ်ဆိုတဲ့​ အိမ်​ခြေ ၆၀ ​လောက်ရှိတယ်။”

မိုး​သည်း​ ထန်စွာရွာသွန်း​ခဲ့​တဲ့​အတွက် သီး​နှံစိုက်ခင်း​တွေလည်း​ ပျက်စီး​ခဲ့​တယ်လို့​ အဆိုပါ လူမှု​ရေး​လုပ်သား​ကပဲ ဆက်လက် ​ပြောဆိုပါတယ်။

“​ တောင်ယာမှာကျ​တော့​ ​ပြောင်း​ဖူး​တွေက ယူရမယ့်​အချိန်၊​ အဲဒါ ​တောင်ယာလည်း​ မသွား​ရဲဘူး​။ ဒီ​တောင်က ဘယ်အချိန်ပြို မလည်း​။ ဒီ​မြေက ဘယ်အချိန်မှာ ပြိုမလဲ​ပေါ့​။ ​ဂေါ်ဖီစိုက်ခင်း​တွေလည်း​ တဝက်​လောက် ပါသွား​တယ်။”

အခုချိန်အထိ အိုး​အိမ်မဲ့​ မိသား​စု​တွေအတွက် ချင်း​ပြည်နယ်အစိုး​ရနဲ့​ ပြည်​ထောင်စုအစိုး​ရက အကူအညီ​ပေး​နေတာ​တွေ မရှိ​သေး​ဘူး​လို့​လည်း​ အခြား​ တီး​တိန်မြို့ခံတဦး​က ​ပြောပါတယ်။

“ပြည်နယ်ဝန်ကြီး ​ချုပ် လာတယ်​ပြောတယ်။ မမြင်လိုက်ရဘူး​။ ​တောင်ပိုင်း​က စရိတ်​တွေကို ​မြောက်ပိုင်း​မှာ အရင်သုံး​မယ်လို့​ကြား​တယ်။ ဒါ​ပေမယ့်​ သတင်း​ထုတ်ပြန်ချက်လည်း​မရှိဘူး​။ ဘာ​တွေလုပ်လို့​ လုပ်မှန်း​လည်း​ သတင်း​မရဘူး​။”

ဩဂုတ်လ ၄ ရက်​နေ့​ကတည်း​က ရွာသွန်း​ခဲ့​တဲ့​မိုး​ကြောင့်​ ချင်း​ပြည်နယ်ရှိ ကား​လမ်း​နဲ့​ တံတား​အ​တော်များ​များ​ ပျက်စီး​ခဲ့​ရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့