Tuesday, August 16, 2011

နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် အဆင့် ဆွေးနွေးပွဲ ဘင်္ဂလာ- မြန်မာ ပြုလုပ်မည်

8/15/2011

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ အကြား ရှစ်လကြာ ရပ်နားထားသော နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် အဆင့် ဆွေး နွေးပွဲကို ယခုလ ၂၄ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆွေးနွေးပွဲမှာ ၂ ရက်ကြာမြှင့်မည် ဖြစ်ပြီး မြန်မာနိုင်ငံ မြို့တော် နေပြည်တော်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဘင်္ဂလာ ဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောသည်။


ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည် များကိစ္စ၊ လုံခြုံရေး ကိစ္စနှင့် ရေပြင်ပိုင်နက် အငြင်းပွား မူ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့မှ နိုင်ငံခြားရေး ၀န်ကြီး အတွင်းဝန် Mijarul Queyas ဦးဆောင်သော ၂ ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက် မည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ အကြား နိုင်ငံခြားရေး အတွင်းဝန် အဆင့် ဆွေးနွေးပွဲကို ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၂၈ ရက် နေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်တွင် ကျင်းပခဲ့ သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရေနံနှင့် ဂတ်စ် ရှာဖွေတူးဖေါ်ရေး ကိစ္စ၊ ရခိုင်ပြည်နယ်ဘက်မှ မွတ်ဆလင်များ ဘင်္ဂလာကို ၀င်ရောက် နေသော ကိစ္စ၊ မူးယစ် မှောင်ခို၊ လူကုန်ကူးမူ ကိစ္စရပ်များကို တားဆီးရန် ဆွေးနွေးခဲ့ကြသည်။

သို့သော်လည်း ဆွေးနွေးမူများမှာ ယခုအချိန်ထိ တစုံတရာ တိုးတက်သော အခြေအနေသို့ ရောက်ရှိခြင်း မရှိကြောင်း ဘင်္ဂလာ ဒေခ်ျ့ အာဏာပိုင်များက ပြောသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့