Thursday, August 18, 2011

ထိုင်း​- မြန်မာနယ်စပ်တွင် စစ်​ဘေး​တိမ်း​ရှောင်မှု ​လေ့​ကျင့်​ခန်း​များ​လုပ်

August 17, 2011
မန်းစိုင်းမွန်

ထိုင်း ​နိုင်ငံက ထိုင်း​-မြန်မာနယ်စပ် ခရိုင်​တွေဖြစ်တဲ့​ ချင်း​မိုင်နဲ့​ တပ်ခရိုင်မှာ စစ်​ဘေး​တိမ်း​ရှောင်မှု​လေ့​ကျင့်​ခန်း​တွေ လုပ်​နေပါတယ်။

ထိုင်း​ နိုင်ငံ ချင်း​မိုင်ခရိုင်မှာရှိတဲ့​ အမှတ် ၃ စစ်တိုင်း​နဲ့​ ပြည်သူ့​ဘေး​ဒုက္ခကာကွယ်​စောင့်​ရှောက်​ရေး​ ဌာန​တွေပူး​ပေါင်း​ပြီး​ ရှမ်း​ပြည်နယ် မိုင်း​တုံမြို့နယ် နဲ့​ နယ်နိမိတ် ဆက်စပ်​နေတဲ့​ မြို့နယ်​တွေက ​ကျေး​ရွာ ၂ဝ ​ကျော်မှာ ထိုင်း​လူထု ၂၀၀၀ ​ကျော်ကို စစ်​ဘေး​တိမ်း​ရှောင်မှု အစမ်း​လေ့​ကျင့်​ခန်း​တွေ လုပ်​ပေး​နေတယ်လို့​ ထိုင်း​ဒေသခံတဦး​က ​ပြောပါတယ်။


“ကျ​နော်တို့​ ကြောက်တာက တကယ်လို့​မြန်မာပြည်ဘက်မှာ အစိုး​ရစစ်တပ်နဲ့​လူမျိုး​စုလက်နက်ကိုင်အဖွဲ့​တွေတိုက်ပွဲဖြစ်တဲ့​အခါ နယ်စပ်မှာရှိတဲ့​ကျ​နော်တို့​ ထိုင်း​ရွာ​တွေအတွက် အန္တရာယ်ဖြစ်တယ်ဗျ။ အဲဒါ​တွေကို ကာကွယ်နိုင်ဖို့​ကျ​နော်တို့​ကို ​လေ့​ကျင့်​ပေး​နေတာပါ။ ခုဟာက မိုး​ရာသီဆို​တော့​ သွား​လာ​ရေး​အခက်အခဲရှိလို့​တိုက်ပွဲ​တွေနည်း​သေး​တာ။ မိုး​ကုန်ပြီဆိုရင်​တော့​ တိုက်ပွဲ​တွေထပ်ဖြစ်မှာပဲ။ ခုလို​လေ့​ကျင့်​တာ​တွေကို မလုပ်တာကြာပြီ။ ခုမှ အကြီး​အကျယ်လာပြီး​ ​လေ့​ကျင့်​ပေး​တာ။”

လေ့​ကျင့်​ပွဲကြီး​ကို တကယ်ဖြစ်ပျက်​နေတာနဲ့​ ဆင်တူယိုး​မှား​ဖြစ်​အောင် လုပ်ထား​တယ်လို့​လည်း​ ဆိုပါတယ်။

ထိုင်း​ နိုင်ငံက အဲဒီမြို့​နယ်​တွေဟာ မြန်မာစစ်တပ်နဲ့​ရှမ်း​လက်နက်ကိုင်တပ်​တွေ အပြန်အလှန်ပစ်ခတ်တဲ့​ လက်နက်ကြီး​ ဗုံး​ဆန်​တွေ လာကျ​လေ့​ရှိလို့​ နယ်​မြေခံ ထိုင်း​လူထု​တွေ ​အေး​အေး​ချမ်း​ချမ်း​ မ​နေနိုင်ကြပါဘူး​လို့​လည်း​ ဆိုပါတယ်။

စစ်​ဘေး​တိမ်း ​ရှောင်​ရေး​ ​လေ့​ကျင့်​မှု​တွေအပြင် မြန်မာပြည်က တရား​မဝင် ဝင်​ရောက်ပြီး​ ထိုင်း​ရွာ​တွေထဲမှာခိုလှုံ​နေတဲ့​ လူ​တွေ ကိုလည်း​ စစ်​ဆေး​ပြီး​ စာရင်း​ကောက်ယူ​နေကာ ရပ်ရွာကာကွယ်​ရေး​ ပြည်သူ့​စစ်တပ်ဖွဲ့တွေကိုလည်း​ ဖွဲ့စည်း​လေ့​ကျင့်​ ​ပေး​နေ တယ်လို့​ဆိုပါတယ်။

မြန်မာပြည်ဟာ အစိုး​ရသစ်တက်လာပြီး​တဲ့​နောက်ပိုင်း​မှာ လူမျိုး​စုနဲ့​လက်နက်ကိုင် အဖွဲ့အစည်း​တွေကို ရှင်း​လင်း​ပစ်ဖို့​အလား​အလာ​တွေရှိ​နေပြီး​ အဲဒီက ဖြစ်လာတဲ့​တိုက်ပွဲ​တွေက လက်နက်ကြီး​ငယ် ဗုံး​ဆန်​တွေဟာ ထိုင်း​နိုင်ငံဘက်က ​ကျေး​ရွာလူထုကို ထိခိုက် နိုင်တယ်လို့​ အမှတ် ၃ ထိုင်း​စစ်တိုင်း​ စစ်ဆင်​ရေး​ကွပ်ကဲမှု ဌာနချုပ် စကခ ဒုတိယဌာနမှူး​ ဗိုလ်မှူး​ကြီး​ ချ​လောင်ချိုင်း​ ချိုင်ယခမ်က ထိုင်း​မီဒီယာ​တွေကို ​ပြောပါတယ်။

အလား​တူ စစ်​ဘေး​တိမ်း​ရှောင်​ရေး​ ​လေ့​ကျင့်​မှု​တွေကို တပ်ခရိုင် မဲ​ဆောက်မြို့နယ် ​ဘောလုံး​ကွင်း​မှာလည်း​ ပထမဆုံး​အကြိမ် အဖြစ် မ​နေ့​က အမျိုး​သား​လုံခြုံရေး​ကောင်စီက တာဝန်ယူပြီး​ ဆိုင်ရာဌာနအသီး​သီး​ ပါဝင်လုပ်​ဆောင်ပြသကြပါတယ်။

လွန်ခဲ့​တဲ့​ နှစ်လ​လောက်က ဖြစ်ပွား​ခဲ့​တဲ့​ ထိုင်း​၊​ က​မ္ဘောဒီယား​ တိုက်ပွဲ​တွေ​ကြောင့်​ ထိုင်း​ကျေး​ရွာ လူထု​တွေကို အလား​တူ ​လေ့​ကျင့်​မှု​တွေ ပြုလုပ်​ပေး​ခဲ့​ဖူး​ပါတယ်။

ထိုင်း​တပ်မ​ တော်ဟာ ဒီလို​လေ့​ကျင့်​မှု​တွေကို ချင်း​မိုင်ခရိုင်မှာ အရင်ကလုပ်ခဲ့​ဖူး​ပေမယ့်​ အခုအ​ခေါက်​လောက် မကြီး​ကျယ်ဘူး​လို့​ရွာသား​တွေက ​ပြောပါတယ်။


Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့