Thursday, August 18, 2011

ပြည်​တော်ပြန်​ရေး​ သမ္မတမိန့်​ခွန်း​ နိုင်ငံ​ရေး​အင်အား​စုများ​ကြိုဆို


August 17, 2011
အံ့ဘုန်းမြတ်

နိုင်ငံ​ တော်သမ္မတဦး​သိန်း​စိန်က ပြည်ပ​ရောက်နိုင်ငံသား​တွေ ပြန်လာပြီး​ ဖွံ့ဖြိုး​တိုး​တက်​ရေး​လုပ်ငန်း​တွေမှာ ပါဝင်​ဆောင်ရွက်ကြဖို့​ ဖိတ်​ခေါ်လိုက်တဲ့​အ​ပေါ် အတိုက်အခံ နိုင်ငံ​ရေး​ အင်အား​စု​တွေက ကြိုဆိုလိုက်ကြသလို ယုံကြည်ချက်​တွေ​ကြောင့်​ အကျဉ်း​ကျခံ​နေရတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကိုပါ လွှတ်​ပေး​ဖို့​ လိုအပ်​ကြောင်း​ ​တောင်း​ဆိုလိုက်ကြပါတယ်။


ဒီက​နေ့​ ​နေပြည်​တော် မြန်မာကွန်ဗင်း​ရှင်း​စင်တာက စက်မှုလုပ်ငန်း​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ​ကော်မတီ ​တွေ့​ဆုံပွဲမှာ ​ပြောကြား​လိုက်တဲ့​ သမ္မတမိန့်​ခွန်း​ပါ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​တွေ ပြန်လာဖို့​ ကမ်း​လှမ်း​ချက်အ​ပေါ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲချုပ်အပါအဝင် ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင် ​တွေက ကြိုဆိုလိုက်ကြတာဖြစ်ပါတယ်။

အဲ့​ဒီထဲက အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့ဝင် ဦး​ဉာဏ်ဝင်း​က “ဒီဥစ္စာက သတင်း​ကောင်း​ပါ။ ကျ​နော်တို့​အ​နေနဲ့​လည်း​ အဲဒီလို​ပြောတယ်ဆိုရင် ကြိုဆိုပါတယ်။ အခုဖြစ်စဉ်​တွေကို ဒီထက်တိုး​တက်လာဖို့​ကို ကျ​နော်တို့​ ​မျှော်လင့်​တယ်။ တိုင်း​ပြည်အတွက် အကျိုး​ရှိမယ်လို့​ ​မျှော်လင့်​တယ်” လို့​ ​ပြောပါတယ်။

ရွေး​ ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီတခုဖြစ်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု ပါတီရဲ့​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေလွှတ်​ပေး​ပြီး​ နိုင်ငံ​ရေး​မှာပါဝင်ခွင့်​ပေး​ဖို့​ လိုအပ်​ကြောင်း​ အခုလို ​ပြောကြား​ပါတယ်။

“ပထမဆုံး​အ​ ခေါက်မှာထဲကို ငြိမ်း​ချမ်း​ရေး​သ​ဘော​တွေ ​ပြေလည်​ရေး​ သ​ဘော​တွေ ​ပြောသွား​တဲ့​မိန့်​ခွန်း​တွေ ​ပြောသွား​တာရှိ တာကို။ အခုဒါကို ထပ်​ပြောတယ်ဆိုတာ​တော့​ ကျ​နော်တို့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​အမိန့်​ ​နောက်ဆက်တွဲ​တွေက ထပ်ပြီး​လွှတ်​ပေး​သင့်​တယ်လို့​ ကျ​နော်တို့​ မြင်ပါတယ်။ ဒါမှလည်း​ အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​ကို သွား​တဲ့​နေရာမှာ အား​လုံး​ပါဝင်နိုင်တဲ့​ နိုင်ငံ​ရေး​ဖြစ်စဉ်ကြီး​ပေါ်လာပြီး​ အား​လုံး​မျှတတဲ့​ အ​နေအထား​တရပ်ကို ​ရောက်​အောင် သွား​နိုင်ခွင့်​တွေ ဖြစ်လာဖို့​ အ​ကြောင်း​တွေ ဖြစ်လာတယ်လို့​ပဲ မှန်း​ဆနိုင်တယ်​ပေါ့​။”

သမ္မတမိန့်​ခွန်း​ကို နား​ထောင်ခဲ့​ရတဲ့​ ထိပ်တန်း​စီး​ပွား​ရေး​လုပ်ငန်း​ရှင် ​ဇေကမ္ဘာဦး​ခင်​ရွှေကလည်း

“သမ္မတကြီး​က​ တော့​ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့​ စီး​ပွား​ရေး​ တိုး​တက်ရာ တိုး​တက်​ကြောင်း​ကို အဓိက စဉ်း​စား​နေတယ်။ စဉ်း​စား​ပြီး​တော့​ အပွင့်​လင်း​ဆုံး​ပြောရင် သူက တခြား​ပြည်ပ​တွေနဲ့​လည်း​ ​ပြေလည်​အောင်လုပ်ပြီး​တော့​ စီး​ပွား​ရေး​ ပိတ်ဆို့​မှု​တွေ ကအစ သူ့​အလိုအ​လျောက် ပြန်ရုပ်သိမ်း​သွား​အောင် လုပ်မယ့်​သ​ဘောရှိတယ်။ မြန်မာပြည်က စီး​ပွား​ရေး​တိုး​တက်​အောင် သူကြိုး​စား​နေတဲ့​ အ​နေအထား​မျိုး​ရှိပါတယ်။ တံခါး​ကို တကယ်ဖွင့်​မယ့်​ အ​နေအထား​မျိုး​။ ဘာလို့​လည်း​ဆို​တော့​ ​လေး​လဆိုတဲ့​ အချိန် ကာလက ဘာမှမရှိဘူး​။ ဒီအ​ပေါ်မှာ သူ့​အ​နေနဲ့​လည်း​ ​ပြောင်း​လဲသင့်​တာ​တွေ ​လျှော့​ပေး​သင့်​တာ​တွေ၊​ အခုလည်း​ မျက်မြင်ကိုယ်​တွေ့​ ​လျှော့​နေတာ ​ပြောင်း​လဲ​နေတာ​တွေ ​တွေ့​ပြီဆိုတဲ့​အတွက်​ကြောင့်​ ဘယ်လိုပဲဖြစ်ဖြစ် တနှစ်အတွင်း​မှာ​တော့​ အ​ခြေအ​နေ​တွေ အများ​ကြီး​ပြောင်း​သွား​မယ်။”

စီး​ပွား​ရေး​ နဲ့​အတူ နိုင်ငံ​ရေး​နဲ့​ လူမှု​ရေး​ကဏ္ဍ​တွေကို ပြိုင်တူမြှင့်​တင်သင့်​တယ်လို့​လည်း​ သမ္မတမိန့်​ခွန်း​အ​ပေါ် ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ တသီး​ပုဂ္ဂလလွှတ်​တော်ကိုယ်စား​လှယ်အဖြစ် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​တဲ့​ ​ဒေါက်တာ ဘုန်း​ဝင်း​ကလည်း​ အခုလို ​ပြောကြား​ထား​ပါတယ်။

“အဆုံး​ပိုင်း ​မှာ​ပြောတာက သူက ဒီမိုက​ရေစီ စနစ်ကို တည်​ဆောက်မယ်။ အခုလက်ရှိရှိ​နေတဲ့​ အခွင့်​အ​ရေး​တွေကို အရယူပြီး​ တ​ယောက်နဲ့​တ​ယောက် အပြစ်မယူဘဲ နိုင်ငံကိုလည်း​ ​ရေခံ​မြေခံ​ကောင်း​ပြီး​သား​ဆို​တော့​ တိုး​တက်​အောင်လုပ်မယ်ဆို​တော့​ ဒါက​တော့​ ​ကောင်း​တာ​ပေါ့​။ ဆိုလိုတာက တ​ယောက်နဲ့​တ​ယောက် အပြစ်မတင်ဘူး​ဆိုတာက ကျ​နော်တို့​ အရင်တုန်း​ကလို သတင်း​စာထဲက​နေ တ​ယောက်နဲ့​တ​ယောက် ပုတ်ခတ်​နေတာမရှိ​တော့​ဘူး​။ ပြီး​တော့​ အခွင့်​အ​ရေး​ကိုလည်း​ အရယူမယ်ဆို​တော့​ အခု လက်ရှိ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ စကား​ပြော​နေတာကိုလည်း​ ​အောင်မြင်​အောင်လုပ်မယ်ဆိုတဲ့​ သ​ဘော၊​ ဒီတခါက​တော့​ သူတို့​က စီး​ပွား​ရေး​ကိစ္စကို အဓိက​ပြောတယ်လို့​ ထင်တယ်။ ကျ​နော်တို့​က​တော့​ အား​လုံး​ စီး​ပွား​ရေး​ရော၊​ လူမှု​ရေး​ရော၊​ နိုင်ငံ​ရေး​ရော အား​လုံး​မျှပြီး​တော့​ လုပ်နိုင်ရင်​တော့​ ပို​ကောင်း​တာ​ပေါ့​။”

ဒီက​နေ့​ ​တွေ့​ဆုံပွဲမှာ​တော့​ နာ​ရေး​ကူညီမှုအသင်း​ (ရန်ကုန်) က အတွင်း​ရေး​မှူး​ ​ဒေါ်​ရွှေဇီး​ကွက်၊​ စာ​ရေး​ဆရာမ သန်း​မြင့်​အောင်တို့​ အပါအဝင်လူမှု​ရေး​ အသင်း​အဖွဲ့တွေနဲ့​ စီး​ပွား​ရေး​ဆိုင်ရာ အသင်း​အဖွဲ့တွေက ပုဂ္ဂိုလ်​တွေလည်း​ တက်​ရောက်ခဲ့​ကြပြီး​ စီး​ပွား​ရေး​ဆိုင်ရာ မူဝါဒနဲ့​ ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေကိုလည်း​ ဦး​သိန်း​စိန်က သူ့​မိန့်​ခွန်း​မှာ ထည့်​သွင်း​ပြောကြား​ခဲ့​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့