Thursday, September 13, 2012

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရန်မုံရွာမှာကျောင်းသားသမဂ္ဂပူးပေါင်းပါဝင်

မောင်ယဉ်ကျော်(မြစ်မခ)
12 Sep, 2012

လက်ပံတောင်းတောင်ကြေး နီစီမံကိန်းအားကန့်ကွက်ပြီးဖမ်းဆီးထားသူများ ပြန်လည်လွတ်ပေးရန်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သား သမ္မဂ္ဂများအဖွဲ့ချုပ်နှင့် ဆားလင်းကြီးမြို့နယ်မှတောင်သူများသည်စက်တင်ဘာလ၁၂ရက်နေ့၌ မုံရွာမြို့အမှတ်(၁)ရဲစခန်းရှေ့တွင် ညနေ ၅း၀၀မှ ည ၈း၀၀အထိဆန္ဒထုတ်ဖော် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

“စဖြစ်ပြီဆိုကတည်းကကျနော်တို့ အဖွဲ့စည်းကနေဒီပြဿနာတွေကို လိုက်လံဖြေရှင်းပေးတယ်။ တရားဥပဒေစိုးမိုးမှုတွေနောက် သမ္မတကြီး အနေနဲ့တောင်သူလည်သမားတွေရဲ့ ခံစားချက်တွေကို ကျနော်တို့ ကျောင်းသားတွေနဲ့ ပြည်သူတွေဖွင့်ဟတာကိုအလေး
ပေးပြီးတော့ပြုပြင် ပြောင်းပေးစေချင်ပါတယ်”ဟုဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(မုံရွာ)မှကိုနွေဦးကိုကဆိုသည်။

တောင်းဆိုစဉ်အတွင်းအမှတ်(၁)စခန်းမှ ဖမ်းဆီးထားသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂခေါင်းဆောင် ကိုအောင်မြင့်ဦး နှင့်ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုအောင်ထွန်းဦးအား လွှတ်ပေးခဲ့သော်လည်းဝက်မှေးရွာမှ ရွာသူသုံးဦးကျန် ရှိနေ သေးကြောင်းဆန္ဒထုတ်ဖော်နေသောရွာသူများထံမှသိရသည်။

“ရွှေလှေရွာကလူတွေ အကုန်လွတ်ပေးပြီးပြီ ။ ၀က်မှေးရွာက မသွဲ့သွဲ့ဝင်း၊ မအေးနက်နဲ့ မဖြူဖြူဝင်းသုံး ယောက်ကိုအခုထိ လွှတ်မပေးသေးဘူး”ဟုရွှေလှေရွာသူမသန်းအေးကဆိုသည်။

အမှတ်(၁)ရဲစခန်းမှလွတ်ပေး လိုက်သာဝက်မှေကျေးရွာမှမစန်းစန်းလှမှာ အတက်ရောဂါအခြေနေဆိုးဝါးနေကြောင်းသိရသည်။ ဆား လင်းကြီးမြို့ပေါ် ရဲစခန်းရှေတွင်လည်းယင်းကိစ္စနှင့် ပတ်သက်၍နေ့လည်(၁း၀၀)ရီခန့်မှညနေ(၃း၀၀)အထိလူ (၇၀၀)ကျော်ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

“ပြည်သူတွေကအကြမ်းဖက်မှု မရှိဘဲနဲ့ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာပါ။ ပြည်သူပိုင်ပစ္စည်းမဖျက်စီးပဲကိုယ့်ရပိုင်ခွင့်ကို ထုတ်ဖော် နေ ကြတာပါ။အာဏာပိုင်အဖွဲ့စည်းကလည်းပြည်သူကို ကျောသားရင်သား မခွဲခြားပဲညှာတာထောက်ထား သောနည်းနဲ့ဖြေရှင်း ပေးစေ ချင်ပါတယ်”ဟုမုံရွာမြို့ခံ ပြည်သူတစ်ဦးကဆိုသည်။

လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်ကန့်ကွက်သောအားဖြင့် ပြည်သူလူထုမှချင်းတွင်းမြစ်တစ်ဖက်ကမ်းတွင် ၉ရက် မုံရွာမြို့ပေါ် တွင်၂ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်ခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များ ဖက်မှအကြောင်း တစ်စုံတစ်ရာ ပြန်ကြား ခြင်းမရှိသေးကြောင်း ဆားလင်းကြီးမြို့နယ် ဒေသခံများထံမှသိရသည်။

“ကျနော်နားလည်သလောက်က မြေယာပြဿနာလဲမဟုတ်ဘူး ရွာတွေရွေ့ပြောင်းခံရမယ့် ကိစ္စလဲမဟုတ်ဘူး ချင်းတွင်းမြစ်ဝှမ်း အဖျက်စီးခံရမယ့်ကိစ္စပါ အမျှော်အမြင်ကြီးတဲ့ သက်ဆိုင်သူ အားလုံးဘယ်သူ့ မျက်နှာကိုမှမထောက်ပဲပြည်သူတွေရဲ့ ခံစားချက်တွေ ကိုနားလည် ပေးနိုင်မယ် ဆိုရင်လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေး နိုင်မှာပါ”ဟု နိုင်ငံရေး အကျဉ်းသား မိသားစု များကွန်ယက်မှတာဝန်ရှိသူ ကိုဟန်ဝင်းအောင် ကသုံးသပ်ပြောကြားခဲ့သည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့