Thursday, September 13, 2012

ဆားလင်းကြီး လယ်သမား တွေ အရေး အထွေထွေ သပိတ် တိုက် ပွဲ သို့  ဦးတည်

September 13, 2012

တရုတ် ကြေးနီမိုင်းမှ သိမ်းဆည်းခဲ့သည့် လယ်ယာမြေ ပြန်လည် ရရှိရေးတောင်းဆို ဆန္ဒပြသည့် အမျိုးသမီး ၃ အား ပြန်လည် လွှတ်ပေးခြင်း မပြုလျှင် သော်လည်းကောင်း ၊သိမ်းဆည်းထားသည့် လယ်ယာမြေ ကိစ္စအားနစ်နာသူ များဘက်မှ ကျေနပ်လောက် အောင် ဖြေရှင်းပေးခြင်း မရှိလျှင် သော်၎င်း မြန်မာနိုင်ငံတွင်းရှိ မြို့အသီးသီးမှ တက်ကြွလှုပ်ရှားသူများက ဆားလင်းကြီး နယ်မှ ဒေသခံများ ဘက်မှရပ်တည်ပြီး အထွေထွေ သပိတ်တိုက်ပွဲ စတင်မည်ဟု FNG မှ သတင်း ရရှိသည်။

မုံရွာ ခရိုင်မုံရွာမြို့တွင် ဆားလင်းကြီး ဒေသ၌ လယ်ယာ မြေပြန်လည် ရရှိရေး လယ်သမားများ၏ ဆန္ဒပြတောင်း ဆိုမှုကို မုံရွာ ဒေသခံ များပူးပေါင်းလျှက် ဆင်နွှဲနေသည်မှာ လေးရက်မြောက် ရှိပြီ ဖြစ်သည်။

ဒေသခံ အာဏာပိုင်များသည် ကြေးနီမိုင်းကြောင့် လယ်ယာမြေ အသိမ်းခံရသည့် ပြည်သူများ၏ နစ်နာမှုများ ကိုဖြေရှင်း ပေးခြင်း မရှိဘဲ ဖမ်းဆီးချုပ် နှောင်ကာ တရားစွဲဆိုမှု ပြုလုပ်ထား သည်။

Ref: အဖ်အဲန်ဂျီ

0 comments:

အပေါ်သို့