Tuesday, September 11, 2012

ဗဟိုအစည်းအဝေးတွင် လွှတ်တော်အတွေ့အကြုံရှင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ဗိုဟိန်(မြစ်မခ)
10 Sep, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံသို့ မထွက်ခွာမီ ပါတီတွင်း ဗဟိုအလုပ်အမှု ဆောင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို စက်တင်ဘာလ (၁၀)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ(၁၂း၀၀) နာရီအထိ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ပါတီ၏သဘာပတိဝင် ဦးညွှန့်ဝေမှလွဲလို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ အားလုံးနီးပါး စုံစုံညီညီတက် ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အတွင်းကြုံတွေ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ အတွေ့အကြုံ ရှင်းလင်းမှုများပြုလုပ်သွားသည်ဟု ဒီချုပ်ပါတီနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက သိရသည်။

“ဒေါ်စုအမေရိကား မသွားခင် ပါတီတွင်း နောက်ဆုံးလုပ်တဲ့ အစည်းအဝေးပါ၊ အစည်းအဝေးမှာ လွှတ်တော်အတွေ့အကြုံတွေ ရှင်းလင်းပြောကြားခဲ့ပါတယ်”ဟု ဒီချုပ်ပါတီဗဟိုလုပ်အမှုဆောင်အစည်း အဝေးသို့ တက်ရောက်ခဲ့သူတစ်ဦးက အတည်ပြုပြော ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော်မရပ်နားမီကာလ မတိုင်မီကတည်းကပင် အမေရိကန်ခရီးစဉ် အတွက် ပြည်သူ့လွှတ်တော်မှ ခွင့်ကြိုယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စက်တင်ဘာလ(၁)ရက်နေ့က ပုသိမ်သို့သွားရောက်ကာ ရေဘေး သင့်ပြည်သူများအတွက် ကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အလှူငွေကျပ်(၁၀)သိန်း ပေးအပ်ခဲ့ပြီး ရေဘေးဒဏ်သင့်ပြည်သူ များအား သဘာ ၀ဘေးအန္တရာယ်နှင့်ပတ်သက်၍ အားငယ်ရန် မလိုပဲ တောင်းဆိုရဲ့သည့် သတ္တိရှိရန်နှင့် ရရှိလာသည်များကို မျှဝေသုံးစွဲရန် လိုအပ်ကြောင်း အားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကားခရီးစဉ်သို့ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သွားရောက်ဖွယ်ရှိပြီး အောက်တိုဘာ လ(၅)ရက်နေ့မှသာ မြန်မာပြည်သို့ ပြန်လာဖွယ်ရှိသည်ဟု ဒီချုပ်အသိုင်းအ၀ိုင်းက သိရှိရသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီဟောပြောပွဲတက်ရောက်ရန် ဖိတ်ကြားခံရသည့် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့