Tuesday, September 11, 2012

ရှမ်းမြောက် နာနတ် ပစ္စည်းပြတ်သည်အထိ ရောင်းအားတက်နေ

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ)
11 Sep, 2012

ရှမ်းပြည်နယ်မြောက်ပိုင်းထွက် နာနတ်သီးများမှာ ‘ဒေသအသီးသီးသို့ တင်ပို့ရောင်းချရမူ ပိုမိုများပြား လာခြင်းကြောင့် ဈေးကောင်း ရရှိပြီး ဒေသတွင်းဈေးကွက်တွင် သစ်သီးရှားပါးလာသည် အထိ ဝယ်လို အားမြင့်တက်လျှက်ရှိကြောင်း သိရှိရသည်။

''ပွဲစားတွေက ထွက်သမျှအကုန်ဝယ်သွားတော့ နယ်ခံတွေစားဖို့တောင် နာနတ်သီးက ဈေးကြီး နေတာ၊ခါတိုင်း တစ်လုံးကိုနှစ်ရာ လောက်ပဲ ပေးရတဲ့ အသေးဆိုဒ်ကိုတောင် လေးရာလောက်နဲ့ ဝယ်စားနေရတယ်''ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

နာနတ်သီးကို ပတ်ဝန်းကျင်ရာသီဥတုအနေအထားနျင့်ကိုက်ညီသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အများဆုံးစိုက်ပျိုးပြီး အကြီး၊ အလတ်၊ အသေး ဟူ၍ အမျိုးအစားသုံးမျိုးရှိကြောင်း သိရှိရသည်။

လက်ရှိဈေးကွက်တွင်း နာနတ်သီး အကြီးအမျိုးစားတစ်လုံးလျှင် ကျပ် ၇ဝဝ ဝန်းကျင်ဈေးနူန်းရှိ ပြီး၊ အလတ်အမျိုးအစားမှာ ကျပ် ၅ဝဝ နှင့် အသေးအမျိုးအစားမှာ ကျပ် ၃ဝဝ ဈေးနူန်းရှိကာ ယခင် သြဂုတ်လပိုင်းထက် အမျိုးအစားပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် ၂ဝဝ ဝန်းကျင်ဈေးနူန်းမြင့် တက်လျက်ရှိကြောင်း သိရှိရသည်။

''နောက်ထွက်မယ့် အသီးက သီတင်းကျွတ်လမှ ထွက်တော့မှာဆိုတော့ အခုရောင်းစရာက လက်ကျန် နည်းနည်းပဲရှိတော့တယ်၊ ဒါကြောင့် အသေးတွေတောင် ဈေးကြီးနေတာ'' ဟု ကျောက်မဲမြို့ရှိ နာနတ် စိုက်တောင်သူတစ်ဦးဖြစ်သူ ဦးထွန်းလှကပြောသည်။

ဈေးကွက်တွင်ရောင်းအား နည်းခဲ့သော နာနတ်သီးအလုံးသေးများမှာ လက်ရှိဈေးကွက်တွင်း နာနတ်သီး ရှားပါးလာမှုကြောင့် ဝယ်လိုအားမြင့်တက်လျက်ရှိကြောင်း၊ သစ်သီးရောင်းဝယ်ရေး လုပ်ကိုင်သူများ၏ ဈေးကောင်းပေးဝယ်ယူမှုေ ကြာင့် ဈေးကွက် တွင်းဈေးကောင်းရရှိလာခြင်းဖြစ် ကြောင်း သိရှိရသည်။

''အရင်က အခုလောက်အလုံးသေးရင် မနည်းရောင်းနေရတာ၊ အခုချိန်ကတော့ နာနတ်သီးက အရမ်းရှားနေပြီ စားဖို့ကလည်း အလုံးသေးလေးတွေလောက်ပဲ ရှိတော့တာလေ ဒါကြောင့်ဈေးက တက်လာတာ''ဟု ကျောက်မဲညဈေးတွင် နာနတ်သီး ရောင်း သူတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နှင့် ကျောက်မဲမြို့များမှ ထွက်၇ှိသော နာနတ်သီးများအား မန္တလေး ကုန်စည်ဒိုင်သို့ ကုန်တင် ကားများဖြင့် တင်ပို့ပြီး မန္တလေးမှ တဆင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အခြားဒေသများရှိ သီးသစ်ဈေးကွက်သို့ တင်ပို့နေရ ကြောင်း သိရှိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့