Thursday, September 13, 2012

iPhone 5

September 13, 2012

စက်တင်ဘာလ ၁၂ ရက်နေ့ က Apple ကုမ္ပဏီ သည် ၎င်း၏ မိုဘိုင်းဖုန်း ဖြစ်သည့် မျိုးဆက်သစ် iPhone 5 ကို ကာလီဖိုးနီးယား ပြည်နယ် ဆန်ဖရန် စစ္စကို Yerba BuenaCenter for the Artsတွင် ယနေ့ ကျင်း ပရာ Apple ၏ အမှုဆောင် အရာရှိချုပ် တင်(မ)ကွတ် ၊ ဈေးကွက် အမှုဆောင် အရာရှိ နှင့် အင်ဂျင်နီယာများ တက်ရောက် ပြီး မိတ်ဆက် ရှင်းလင်း ခဲ့ကြသည်။

Apple ၏ဈေးကွက် ဖြန့် ဖြူးရေးဌာန အကြီး အကဲဖီလ် ရှလာ က iPhone 5 ကို မိတ်ဆက်ရာ၌ မျိုး ဆက်သစ် အိုင်ဖုန်း သည် ၇.၆ မီလီမီတာ သာရှိ၍ ကမ္ဘာ့ အပါးလွှာဆုံး မိုဘိုင်း ဖုန်း ဖြစ်ပြီး ယခင် iPhone မျိုးဆက်များထက် ၁၈ ရာခိုင် နှုန်း ပါးလွှာကာ ၁၁၂ ဂရမ်သာလေးသည် ဟုဦးစွာ မိတ်ဆက် သည်။

ယခင် အိုင်ဖုန်း များ ထက် TouchScreen ဧရိယာ ပိုကျယ်ကာ လေးလက်မ အကျယ်ရှိ ပြီးထိုသို့ ပြုလုပ်ထား ရခြင်းသည် အင်တာနက် ကြည့် ရှုရန်၊ လူမှုကွန်ယက်နှင့် အီးမေး များစစ်ဆေး ခြင်းတို့ တွင် ပိုမို ပြီး စွမ်းရည်ပြည့် အသုံးချ နိုင်ရန် စီစဉ် ထား ခြင်း ဖြစ်သည်။

ဘက်ထရီ သက်တမ်းသည် အားအပြည့် ရှိ လျှင် ၂၂၅ နာရီ သက်တမ်း အထိ Standby ရရှိကာ ရှစ်နာရီ ကြာမရပ် မနား ပြောဆိုနိုင်ကာ၊ ဗီဒီယို ကြည့် ရှု ရန် အတွက် ၁၀ နာရီ ကျော်ကြာ၊ အသံနှင့် သီချင်း သီးသန့် နားထောင်ရန် နာရီ ၄၀ ကျော်ကြာ စွမ်း ဆောင် နိုင်သည်။ 3G လိုင်း နှင့် အင်တာနက် သုံးလျှင် ရှစ်နာရီကြာ ၊ ၀ိုင်ဖိုင် ကြိုးမဲ့ ကွန်ယက် နှင့် ၁၀ နာရီ ကျော် ကြာ ရရှိသည်။

iPhone 5 ၏ ဈေးနှုန်း သည် တယ်လီဖုန်း လိုင်း ပါ တွဲဖက် လျှက် နှစ်နှစ်စာချုပ် ဖြင့် ၁၆ ဂီဂါဘိုက် အတွက် ၁၉၉ ဒေါ်လာ ၃၂ ဂီဂါဘိုက် အတွက် ၂၉၉ ဒေါ်လာ နှင့် ၆၄ ဂီဂါ ဘိုက် အတွက် ၃၉၉ ဒေါ်လာ ကျ မည် ဖြစ်သည်။

Phone 5 သည် 8 Megapixel ဒီဂျစ်တယ် ပုံရိပ်ဖော် စနစ်ကို အသုံးပြုထား ပြီး မြင်ကွင်း ကျယ် Panorama တွင် 28 Megapixels အထိ ပုံရိပ် ဖော်ဆောင်မှု စနစ် ပါရှိသည်။

အိုင်ဖုန်း ငါး တွင် လုပ်ဆောင် မှု ဆော့ဖ်ဝဲလ် Apple၏ မိုဘိုင်း ဖုန်း ဆော့ဖ် ၀ဲ iOS ၆ ဗားရှင်းကို အသုံးပြုထား သည်။ Processor မှာ မူ မတ်လ က ထုတ်ဝေ ခဲ့ သည့် A5X ထက် ပိုမိုပါးလွှာ သည့် Eight-Core ARM Cortex-A15 CPU ကို အသုံးပြုထားသည်။

ဈေးကွက် ထဲ တွင် စက်တင်ဘာလ၂၁ ရက်နေ့ စတင်ဝယ် ယူ နိုင် ပြီ ဖြစ်သည်။

SIM ကဒ် ကို မူ Micro SIM ထက် ပိုမိုသေးငယ်သည့် NANO SIM ကို အသုံးပြုမည်ဟု ဆိုထားရာ သမရိုးကျ ဆင်းကဒ် များ ၏ ထက်ဝက် မျှ သာ ရှိမည် ဖြစ်သည်။

မျက်နှပြင်နှင့် တည်ဆောက်မှု ဒီဇိုင်း တွင် iPhone 4S နှင့် မကွာခြားသော်လည်း ၊ သေးငယ် ပါးလွှာသည့် နည်း ပညာများ ကိုအသုံး ပြုထားခြင်းကြောင့် အခြား မိုဘိုင်း ဖုန်း နည်းပညာ များ ထက်သာလွန်သည် ဟု နည်းပညာ သမားတို့ က သုံးသပ် ကြသည်။

Ref: အဖ်အဲန်ဂျီ

0 comments:

အပေါ်သို့