Tuesday, February 10, 2009

နစက အချင်းချင်းပစ်ခတ်၍ နှစ်ဦးသေ

2/9/2009

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် နစက တပ်သားများအကြား အချင်းချင်း ပစ်ခတ်မူ ဖြစ်၍ (၂) ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ပစ်ခတ်မူမှာ မောင်တောမြို့နယ် မြောက်ပိုင်း စံပယ်ကုန်း ကင်းစခန်းတွင် ယမန်နေ့ ညနေ ၈ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက ပြောသည်။

အဆိုပါ ကင်းစခန်းတွင် တာဝန်ကျနေသူ စခန်းမှူး တပ်ကြပ် စိန်ဝင်းအား တပ်သားလှမြိုင်မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

“လှမြိုင်က ၈ ချက်တိတိ ပစ်ခတ်ပါတယ်။ တပ်ကြပ်စိန်ဝင်းက ပစ်ခတ်ခံရတဲ့ နေရာမှာဘဲ ပွဲချင်းပြီး သေပါ တယ်။ သိပ်မကြာခင်ဘဲ လှမြိုင်လည်း ကိုယ်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။” ဟု ရဲအရာရှိက ပြောသည်။

ပစ်ခတ်မူနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးသော်လည်း အချင်းအချင်း မကျေနပ်ရာမှ ပစ်ခတ်ခြင်း ဖြစ်ဟန်တူသည်ဟု ရဲအရာရှိက ပြောသည်။

ယခုအခါ အဆိုပါ ပစ်ခတ်မူနှင့် ပတ်သက်ပြီး နစက ကျီးကန်းပြင်ဌာနချုပ်မှ လာရောက်စစ်ဆေးနေကြောင်း နှင့် အလောင်းများကို သေမှုသေခင်းအရ စစ်ဆေးရန် မောင်တော ခရိုင်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

အခင်းဖြစ်ပွားရာ စံပယ်ကုန်း ကင်းစခန်းမှာ နစက နယ်မြေ အမှတ် (၅) - ငါးခူရ လက်အောက်ခံ ဖြစ်ကြောင်း သိရသည်။

REF: နိရဉ္စရာ

0 comments:

အပေါ်သို့