Wednesday, February 11, 2009

တစည သတင်းစာ ရှင်းလင်းပွဲ

မဇ္ဈိမသတင်းဌာန

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ ပြည်ထောင်စုနေ့အကြို သတင်းစာရှင်းလင်းပွဲတရပ်ကို ရန်ကုန် မြို့တွင် ယနေ့နံနက်က ပြုလုပ်ခဲ့ရာ စစ်ပွဲများဖြစ်ပွားမည့်အရေးနှင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖြစ်ပွားမည် ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားသွားသည်။

ရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း အစိုးရနှင့် ထိပ်တိုက်တွေ့ကာ မာမာတင်းတင်း ရပ် တည်လှုပ်ရှားနေမှုအပေါ်လည်း ဝေဖန်ပြောဆိုသွားသည်။

တစည ခေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် ကွယ်လွန်လေပြီးသော အာဏာရှင်ဟောင်း ဦးနေ၀င်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ၁၉၈၈ ခုနှစ်တွင် ဖျက်သိမ်းခံရပြီးနောက် အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

REF: မဇ္ဈိမ

0 comments:

အပေါ်သို့