Wednesday, February 11, 2009

အချိန်ကြာ လစ်လပ်နေသည့် စရဖ လက်ထောက်အရာရှိချုပ်နေရာအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး အား ခန့်အပ်

၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်

အချိန်ကြာလစ်လပ်နေသည့် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) လက်ထောက်အရာ ရှိချုပ်အဖြစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ ကြည်း/ရေ/လေ စစ်သံမှူးက က/၁၂၆၁၀ ဗိုလ်မှူးချုပ်ခင်မောင်စိုး အား ပြီးခဲ့သည့်လအတွင်းက ခန့်အပ်ခဲ့သည်ဟု စစ်ဖက်သတင်းအရ သိရသည်။

က/၁၂၆၁၀ ဗိုလ်မှူးချုပ် ခင်မောင်စိုးသည် ဇနီးသည်အမည် ဒေါ်ကြည်ကြည်စန်း၊ စစ်တက္ကသိုလ် အပတ်စဉ် (၁၅) ဆင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အပတ်စဉ် (၃) တက်ရောက်ခဲ့သူဖြစ် သည်။ ၁၉၉၅ ခုနှစ်တွင် နပခ ၌ စစ်ဦးစီးအရာရှိ (ပထမတန်း)၊ ၁၉၉၈ ခုနှစ်တွင် တပ်မ (၄၄) နည်းဗျူဟာ မှူး၊ ၂၀၀၀ ခုနှစ်တွင် ရပခ စစ်ဗျူဟာမှူး၊ ၂၀၀၁ ခုနှစ်တွင် ကော့ကရိတ်အခြေစိုက် စကခ (၁၂) ကွပ်ကဲရေး မှူး၊ ၂၀၀၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ကြည်းရေလလေ မြန်မာစစ်သံမှူး၊ ၂၀၀၈ အစောပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ ကြည်းရေလေ မြန်မာစစ်သံမှူးအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး ဒုတိယ အကြီး အကဲအဖြစ် တာဝန်ပေး ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်ခင်မောင်စိုးသည် တပ်မတော စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် က/၁၂၆၀၇ ဒုတိယဗိုလ်ချုပ် ကြီး ရဲမြင့်နှင့် စစ်တက္ကသိုလ်အပတ်စဉ်အပြင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အပတ်စဉ် အတူ တက် ရောက်ခဲ့သူဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ၂၀၀၆ ခုနှစ် ဇွန်လတွင် ရပခ တိုင်းမှူးမှ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ဖြစ်လာသဖြစ်သည်။

တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးဖွဲ့စည်းပုံတွင် (သတင်းနှင့် ပြန်ကြားရေး)၊ (နိုင်ငံရေးနှင့် စီးပွားရေး)၊ (တိုက်ပွဲနှင့် တိုင်းရင်းသား)၊ (လေ့ကျင့်ရေး)၊ (စီမံရေးနှင့် အုပ်ချုပ်ရေး) ဟူ၍ ဌာနကြီး (၅) ခု ရှိ ပြီး တိုင်းစစ်ဌာနချုပ်များတွင် ဦးစီးအရာရှိ (ပထမတန်း) (ဒုတိယတန်း) (တတိယတန်း) ဖွဲ့စည်းပုံနှင့်အတူ တပ်ရင် (၁၆) ရင်းရှိပြီး တပ်စုတစုတွင် တပ်ဖွဲ့ဝင် (၁၀) ဦးစီဖြင့် ပါဝင်ဖွဲ့စည်း၍ သက်ဆိုင်ရာနယ်မြေခံ စစ်ဗျူ ဟာမှူးများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် လုံခြုံရေး၊ ထောက်လှမ်းရေးနှင့် နယ်မြေသတင်းရရှိရေးကို ဆောင်ရွက် သည်ဟု သိရသည်။ ဖွဲ့စည်းသည့် နှစ်ပတ်လည်နေ့အဖြစ် ၂၀၀၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ဖြစ်သည်ဟု စစ်ဖက်သတင်းအရ သိရသည်။

တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး ဖွဲ့စည်းပုံကို ၂၀၀၄ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ် ကြီး ခင်ညွန့်ဦးဆောင်သည့် တပ်မတော်စစ်ထောက်လှမ်းရေးညွှန်ကြားရေမှူးရုံးကို ဖျက်သိမ်းခဲ့ပြီး ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။ စစ်ထောက်လှမ်းရေးအရာရှိကြီး အများစုကို ဖမ်းဆီးထောင်ချခဲ့သည်။ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး စစ်ဦးစီးအရာရှိ (ဒုတိယတန်း) တာဝန်ထမ်းဆောင်ခဲ့သူ ကောင်စစ်ဝန်ဟောင်း က/၁၄၇၇၇ ဗိုလ်မှူးအောင်လင်းထွဋ်သည် အမေရိကန်နိုင်ငံတွင် ခိုလှုံခဲ့ပြီး စစ်အစိုးရဆန့်ကျင်သူ ထောက် လှမ်းရေးအရာရှိအဖြစ် ထင်ရှားခဲ့သူဖြစ်သည်။

တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး ပထမဆုံးအရာရှိချုပ်အဖြစ် ယခင် ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးဖြစ်ခဲ့သူ ယခု အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေဖြစ်ခဲ့သည်။


Source : Burma Update

0 comments:

အပေါ်သို့