Thursday, February 12, 2009

တရုတ်နဂါးကြီး လာနေပြီ - ရှင်ဒိသာ


တရုတ်ပြည်ရဲ့ဘဏ္ဍာရေးသြဇာ အလျှင်အမြန်ကြီးထွားလာနေတာကို ဘာလို့ထိတ်လန့်တကြားဖြစ်နေရတာ လဲ။ အမေရိကန်သမတ ဘားရက်အိုဘားမားက ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရွေးချယ်လိုက်တဲ့ တင်ဂေ့သ်နာက ရာထူးအတည်ပြုဖို့ ကြားနာတဲ့အချိန်က တရုတ်ပြည်ရဲ့ငွေလဲနှုန်းမူဝါဒအပေါ် တင်းမာတယ်လို့ ပြောလိုက်တဲ့ အခါမှာတော့ ဝေါစထရိလမ်းမက ကုန်သည်ကြီးတွေ ထိန်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ ဂေ့သ်နာက တရုတ် ပြည်ကို ငွေကြေးချုပ်ကိုင်ပြီးကစားတဲ့နိုင်ငံလို့ စွပ်စွဲပြောဆိုလိုက်တာကြောင့် တရုတ်အာဏာပိုင်တွေက အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဘဏ်တွေက သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လျှော့ချပစ်ပြီး တုန့်ုပြန် ကောင်းတုန့်ပြန်နိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာပါတယ်။

ဘဏ်တွေကကြွေးမြီတန်ဖိုး တဖြည်းဖြည်းကျထိုးကျမှာကို ကြောက်လန့်နေတာတွေက ဘာမှကို နားမလည် နိုင်အောင်ပဲ။ နောက်ဆုံး စီးပွားရေးအကျမှာတော့ တရုတ်က အမေရိကန်အစိုးရရဲ့ကြွှေးမြီတွေကို ပိုင်ဆိုင်တဲ့ အကြီးမားဆုံး နိုင်ငံခြားတိုင်းပြည်တပြည်အဖြစ် ဂျပန်ရဲ့နေရာကို ဆက်ခံလိုက်ပါပြီ။ တရုတ်ပြည်ကို ကမ္ဘာ ပေါ်မှာ အဓိက ဘဏ္ဍာရေးသြဇာအာဏာကြီးမားတဲ့ နိုင်ငံတနိုင်ငံအဖြစ် အသွင်ပြောင်းပစ်လိုက်ပါပြီ၊ ဒါဟာ တိုင်းပြည်တပြည်ရဲ့ မြီရှင်နိုင်ငံသစ် အဆင့်အတန်းတခုကို ဖေါ်ပြတာဟုတ်ပါသလား။

အများကတော့ ဟုတ်တယ်လို့ ယူဆကြတယ်။ အနောက်နိုင်ငံ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက ဟိုးအရင်ကထက် ပိုပြီး ချေးငှားနေရတယ်၊ ကုန်ကျစရိတ်တွေကာမိဖို့အတွက် တရုတ်ပြည်ကို ပိုပြီးမှီနေရ တယ်။ သမတအိုဘားမား အိမ်ဖြူတော်ရောက်တာနဲ့ ကျဆင်းနေတဲ့ စီးပွားရေးမှာ ငွေကြေးပြန်ဖြည့်ဖို့အတွက် ဒေါ်လာဘီလျံ ၈၀၀ အပြင် စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးတဲ့အစီအစဉ်တွေ ဆောင်ရွက်ဖို့ တွန်းအားပေးခဲ့ရ တယ်။

၂၀၀၈ ခုနှစ် အောက်တိုဘာလတုန်းက တရုတ်ပြည်က ထိန်းချုပ်လိုက်ပြီဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ်အချို့မှာ ဒီအစီအစဉ်တွေ အကောင်အထည်ဖေါ်ဖို့အတွက် ချေးငွေဒေါ်လာ ၆၅၂.၉ ဘီလျံထိ တိုးလာ ပါမယ်။ တရုတ်အစိုးရအတွက်ပေးရမယ့် ကြွေးမြီအပိုင်းကို ကြီးကြပ်ရတဲ့ ကောက်ရှီချင်း က ဒီဇင်ဘာလ ထုတ် အတ္တလန်တစ်စာစောင်မှာ ခင်ဗျားတို့ဆီ ငွေထုတ်ချေးတဲ့နိုင်ငံတွေကို ကောင်းကောင်းဆက်ဆံပါလို့ ဆိုပြီး အမေရိကန်ပြည်ထောင်စုကို အကြံပြုပြောကြားခဲ့တယ်။

တရုတ်က ငွေချေးတာမှာ နှေးနှေးကွေကွေးလုပ်လာနေတယ်လို့ ဒီလထုတ် နယူယောက်တိုင်းဂျာနယ်က အစီရင်ခံ ထုတ်ပြန်လိုက်တဲ့အခါကျမှ အမေရိကန်အကဲဖြတ်လေ့လာသူတွေက သတိထားမိကြတယ်ဆိုတာ ဟာ အံ့အားသင့်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်လည်းပဲ တုန်လှုပ်သွားတယ်။ နိုင်ငံတကာဘဏ်လုပ်ငန်း မြင်ကွင်းထဲကို အသစ်ဝင်ရောက်လာသူတဦးအနေနဲ့ ဒီတိုင်းပြည်မျိုးကို သူ့ရဲ့မြီစားဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုက လုံးဝမမှီခိုရအောင်ရော၊ ကြောက်ခမန်းလိလိထိန်းချုပ်တာပါ နှစ်ခုစလုံးလုပ်တယ်။

အခုအခါမှာတော့ ဒေါ်လာမှီခိုနေရတာနဲ့ သမရိုးကျ ပြုပြင်ပြောင်းလဲရေးတွေအပေါ် ဦးစားပေးလုပ်ဆောင် ချက်တွေက တရုတ်ပြည်ရဲ့ စီးပွားရေးကို ဆက်လက်အားကောင်းစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုထိတော့ ကမ္ဘာ့ဘဏ္ဍာအင်အားကြီးနိုင်ငံအဖြစ်တော့ မရောက်သေးပါဘူး။

အမှတ်တမဲ့ကြည့်ရင်တော့ တရုတ်ပြည်က ကမ္ဘာ့ဘဏ္ဍာရေးဇတ်ခုံပေါ်မှာ အဓိကနေရာယူရေးကို အားပေးပုံ ပေါ်တယ်။ သူ့အစိုးရက နိုင်ငံခြားပိုင်ဆိုင်မှုတွေကို အနီးကပ်ထိန်းချုပ်ထားတယ်။ ဒီအထဲက ဒေါ်လာ၂ ထရီလျံကို တရားဝင်နိုင်ငံခြားအရန်ငွေအဖြစ် ထိန်းထားတယ်။ ပြည်တွင်းမှာသာမက တရုတ်ပြည်ရဲ့ အလျင် အမြန်ဖွံ့ဖြိုးလာနေတဲ့ နိုင်ငံခြားချေးငွေလုပ်ငန်းကိုလည်း ပီကင်းက တိုက်ရိုက် ညွှန်ကြားနေတယ်။ အစိုးရက နိုင်ငံခြားမှာ တိုးပြီးရင်းနှီးမြှုပ်နှံနေတာကြောင့် တရုတ်ဘဏ်တွေအပေါ်မှာ တိုက်ရိုက်ရော၊ သွယ်ဝိုက်ပါ သြဇာလွှမ်းမိုးမှုရှိတယ်။

ပီကင်းရဲ့ငွေကြေးဆိုင်ရာအင်အားပြမှုကို ကမ္ဘာ့တောင်ပိုင်းမှာ အထင်ရှားဆုံးမြင်ရပါတယ်။ ဒီမှာ အရှေ့ တောင်အာရှနဲ့ ဗဟိုအာရှ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ ကရစ်ဘီယန်ဒေသက အစိုးရတွေကို တရားဝင် ရော၊ တရားဝင်နီးပါးပါ ငွေထုတ်ချေးနေတာတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဆတိုးကိန်းနဲ့ တိုးတက်ခဲ့ တယ်။ တရုတ်တို့ရဲ့တရားဝင်ချေးငွေ တစတစတိုးပွားလာနေတဲ့ပမာဏအစုစုကို လျှို့ဝှက်လို့ ပိုင်းခြား သတ်မှတ်ထားနေပေမဲ့လည်း ထုလိုက်ထည်လိုက်ငွေချေးတာနဲ့ ပတ်သက်တဲ့ကြေညာချက်တွေကို ၁၉၉၀ စုနှစ်နှောင်းပိုင်းကစလို့ တောင်ပိုင်းဒေသနိုင်ငံတွေဆီ ထုတ်ချေးတာတွေမှာ အဓိကလူသိထင်ရှားဖော်ပြခဲ့ တယ်။

အာဖရိကကိုထုတ်ချေးတဲ့ တရုတ်နိုင်ငံခြားအကူအညီဟာ ကမ္ဘာ့ဘဏ်ကထုတ်ချေးတဲ့ တနှစ် ဒေါ်လာ ၂ ဘီလျံထက် ကျော်သွားပြီလို့ ပြောကြတယ်။ နောက်ပြီး ဒီအကူအညီဟာ ဒီတိုက်ကြီးပေါ်မှာ တရုတ်ပြည်က ထုတ်ချေးတဲ့ ချေးငွေရဲ့အပိုင်းတခုသာ ဖြစ်တယ်။ အာဖရိက၊ အာရှနဲ့ အမေရိကားနိုင်ငံတွေကိုပေးတဲ့ ချေးငွေတွေက လက်ခံတဲ့အစိုးရတွေနဲ့ ချစ်ကြည်ရင်းနှီးမှုအရ ပေးတာဖြစ်တယ်။ ဒါဟာ အနောက်တိုင်း အရင်းရှင်နိုင်ငံကြီးတွေ စိုးရိမ်ပူပန်နေသလိုပဲ ကာလရှည်ကြာကတည်းကရှိခဲ့တဲ့ ဖောက်သည်နိုင်ငံတွေ အတွက်တော့ ပြိုင်ဆိုင်မှုအသစ်တခုကို ရင်ဆိုင်နေရတာပဲ။ ၀ါရှင်တန်ကတော့ ဒီစာရင်းတွေထဲမှာ ထိပ်ဆုံးက ပါတယ်။

၂၀၀၄ ခုနှစ်တုန်းက အန်ဂိုလာ၊ ၂၀၀၆ ခုနှစ်က ချဒ်နိုင်ငံတို့မှာ ပီကင်းက ပမာဏများလှတဲ့ ချေးငွေတွေ ဗြုန်း စားကြီးပေးခဲ့တယ်။ ဒီပမာဏဟာ IMF နဲ့ ကမ္ဘာ့ဘဏ်တို့နဲ့ စေ့စပ်ညှိနှိုင်းမှုအရ ဒီနိုင်ငံတွေကိုပေးတာနဲ့ ဆတူ လောက်ရှိတယ်။ ဒီချေးငွေတွေကြောင့် ငွေချေးငှားတဲ့နိုင်ငံ ၂ နိုင်ငံကို အစဉ်အလာအရ ငွေထုတ်ချေးနေသူ တွေ ဆုတ်ယုတ်သွားစေတာ၊ နောက်ပြီး သူတိုရဲ့ မူဝါဒသုံးသပ်ထောက်ခံမှုတွေကို လျစ်လျူရှုစေတာ စတာ တွေ ဖြစ်သွားပါတယ်။ အနောက်တိုင်းချေးငှားသူတွေနဲ့ မတူတာက တရုတ်တွေပေးတဲ့ငွေက တင်းကြပ်တဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေ မပါတာပဲ။ ဒါပေမဲ့ ဒီမတိုင်ခင်က ဂျပန်လိုပဲ တရုတ်ရဲ့ အသစ်တည် ထောင်တဲ့ ဘဏ္ဍာရေးသြဇာကို သူ့ရဲ့ မြီစားနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက ကန့်သတ်ထားတယ်။

တရုတ်လိုမြီရှင်နိုင်ငံတွေက သူတို့ကိုယ်ပိုင်ငွေကိုတော့ ထုတ်မချေးဘူး။ ချေးငွေတွေကို ဒေါ်လာနဲ့သတ်မှတ် တာကြောင့် တရုတ်ကို ငွေလဲလှယ်နှုန်းမှာ အန္တရာယ်ရှိတဲ့နိုင်ငံလို့ ထုတ်ဖော်ပြောဆိုကြတယ်။ အကြွေးဟာ အနည်းနဲ့အများဆိုသလို ဒေါ်လာအတက်အကျနဲ့ တန်ဘိုးထပ်နေတယ်။ တရုတ်ပြည်က သူတို့ရဲ့ထုတ်ချေး ငွေကို ချေးငှားယူတဲ့နိုင်ငံတွေက ငွေကြေးနဲ့ ထုတ်ချေးတဲ့အချိန်ကစလို့ ဒီ အန္တရာယ်ဟာ ပိုလို့တောင်ကြီးလာ တယ်။ တိုင်းပြည်ရဲ့နိုင်ငံခြားရရန်ပိုင်ခွင့် အက်ဆက်တန်ဘိုးတွေရဲ့အများစုကို ယန်းငွေထက်စာရင် ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ ဂျပန်မှာ တန်ဘိုးတွေအားပျော့လာတဲ့ ၁၉၈၅ ခုနှစ် နဲ့ ၁၉၈၇ ခုနှစ်ကြားအချိန်ကာလက အမေရိကန်ဒေါ်လာ ထိုးကျသွားတဲ့အချိန်မှာ ဂျပန်က ဒါကို ခါးသီးတဲ့အတွေ့အကြုံအဖြစ် ကြုံဖူးထားတာဖြစ် တယ်။

တရုတ်ပြည်က အလားတူကံကြမ္မာနဲ့ ရင်ဆိုင်နေရတယ်။ သူ့ရဲ့နိုင်ငံခြားအရန်ငွေရဲ့ ၇၀% နဲ့ ၈၀% လောက် ဟာ ဒေါ်လာနဲ့ ဖြစ်တယ်။ ဒေါ်လာငွေတန်ဘိုး ၁၀% ကျသွားတိုင်းမှာ တရုပ်ရဲ့ ဦးပိုင်အရန်ငွေဆုံးရှုံးမှုဟာ တိုင်းပြည် GDP ရဲ့ ၃% နဲ့ ညီမျှတယ်။ မြီရှင်နိုင်ငံ တခုအနေနဲ့ တရုတ်ပြည်က ဒီလိုနည်းနဲ့ အမေရိကန် ဒေါ်လာကို ခုခံကာကွယ်ဖို့ အားကောင်းတဲ့မက်လုံးတွေ ရထားတာ ဖြစ်တယ်။ စီးပွားရေးအကျမှာ သူ့ငွေ တန်ဖိုးဆက်လက်အားကောင်းဖို့ ဘဏ်က ဘွန်းစာချုပ်တွေ ပိုပြီးတိုးလို့ ၀ယ်နေတာဖြစ်တယ်။

သူ့ရဲ့ဦးပိုင်နိုင်ငံခြားအရန်ငွေတွေအပြင် တရုပ်ဟာ သူ့ရဲ့စက်မှုယန္တရားတွေကို ဈေးပေါတဲ့ပို့ကုန်ပစ္စည်းတွေ ထုတ်လုပ်ရေးဘက်မှာ ပြောင်းပစ်လိုက်ပြီး ဆက်ထိန်းထားဖို့ ဒေါ်လာငွေရဲ့ကြံ့ခိုင်မှုအပေါ်မှာ မှီခိုနေတာဖြစ် တယ်။ ကြံ့ခိုင်တဲ့ ဒေါ်လာကိုင်ထားတဲ့ အမေရိကန် ပြည်ထောင်စုက စားသုံးသူတွေက ဒီတရုပ်ပစ္စည်းတွေကို ပိုပြီးဝယ်သုံးနိုင်ကြတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စီးပွားရေးတိုးတက်မှုနှုန်းက ၈% လောက်ရှိတာကြောင့် ဒီဝယ်လိုအားက တိုင်းပြည်စီးပွားရေးကို ဆက်လက်ဖွံ့ဖြိုးစေတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဘဏ္ဍာရေး အကြပ်အတည်းပြင်ဆင်လို့မပြီးမချင်း စီးပွားရေးတိုးတက်မှုက အကျဘက်ကို ဦးတည်နေအုန်းမှာပဲဖြစ်ပါ တယ်။ အဲဒီဝယ်လိုအားကျဆင်းမှုက ဒေါ်လာကို ဆက်လက်ထိန်းထားဖို့နဲ့ သူ့ရဲ့ကုန်သွယ်ရေးကို အကျဘက် ကနေ အတက်ဘက်ကိုရောက်လိုတဲ့ တရုပ်ပြည်ရဲ့ဆန္ဒတွေသာ တိုးပွားလာမှာဖြစ်ပါတယ်။

ဒေါ်လာအခြေခံတဲ့စနစ်ကို ဆက်လက်ထိန်းသိမ်းထားရတဲ့ ကုန်ကျစရိတ်ပြဿနာ ပီကင်းမှာ စလာနေပြီဆို တာ အံ့အားသင့်စရာ မဟုတ်ပါဘူး။ တချို့တရုတ်သုတေသီတွေက တရုတ်ပြည်ဟာ သူ့ငွေကြေးဖြစ်တဲ့ ရင်မင်ဘီရဲ့ အခန်းကဏ္ဍကို အမေရိကန်ငွေကြေးနေရာမှာ အစားထိုးတဲ့ နိုင်ငံတကာသုံး အခြားငွေကြေးတခု အဖြစ် တိုးမြှင့်ဖို့တောင်မှ စဉ်းစားသင့်ပြီလို့ အကြံပြုကြတယ်။ တကယ်တော့ ဒီအကြံပြုချက်ဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေရာကနေ ဒီရွေးလမ်းကို လိုက်စေတဲ့ တရုတ်ပြည်ရဲ့တင်းကြပ်တဲ့ ငွေ ကြေးဆိုင်ရာ ထိန်းချုပ်မှုဖြစ်တယ်။ ဒီထိန်းချုပ်မှုက လုံခြုံစိတ်ချရတဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု အခွင့်အရေးမရှိတာ နဲ့ စိတ်ချယုံကြည်ရတဲ့ ဥပဒေဖွဲ့စည်းမှု အဆောက်အအုံတွေ မရှိတာက နိုင်ငံခြားသားတွေ တရုတ် ရင်မင်ဘီ ငွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲဖို့အတွက် အားမပေးသလို ဖြစ်နေတယ်။

အလားတူပဲ ဒေါ်လာဗဟိုပြုမှုနဲ့ အမေရိကန်ဘဏ္ဍာရေးဈေးကွက် တည်တံ့ခိုင်မာမှုကို စိန်ခေါ်နိုင်ဖို့အတွက် တရုတ်ပြည်ရဲ့အရင်းအနှီး ထိန်းချုပ်မှုနဲ့ ပြည်တွင်းဘဏ္ဍာရေး ဈေးကွက်ကန့်သတ်မှုတွေက တရုတ်ဘဏ္ဍာ ရေးစနစ်ကို တားမြစ်ထားပါသေးတယ်။

တရုတ်ပြည်ရဲ့အလားအလာဟာ စက်မှုပိုင်းမှာ ဦးဆောင်နေသူအဖြစ်နဲ့ မုချပဲ ရှေ့ကိုရောက်နေပါတယ်၊ တချိန်တည်းမှာလည်း ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအင်အားကြီးနိုင်ငံတခုအဖြစ် ပေါ်ထွက်လာဖို့စွမ်းရည်က လည်း အလားအလာ ရှိနေတုန်းပါပဲ။ ဒါကြောင့် အခုဆို အပြန်အလှန် မှီခိုနေရတယ်ဆိုတာဟာ သိပ်ကို မလွယ်ပါဘူး။ အမေရိကန်ပြည်ထောင်စုက တရုတ်ကိုလိုအပ်သလို၊ တရုတ်ကလည်း အမေရိကန် ပြည် ထောင်စုကို လိုအပ်ပါတယ်။

တရုတ်ပြည်ရဲ့ နိုင်ငံတကာမှာရရှိလာတဲ့ သြဇာအာဏာသစ်ဟာ သူ့ရဲ့ပို့ကုန်အရည်အသွေးနဲ့ မြီရှင်အနေ အထား ရောက်ရှိမှုကနေ အကြီးအကျယ်ဖွံ့ဖြိုးလာတာ အခုထိပဲ။ တရုတ်ပြည်မြီစားနိုင်ငံဖြစ်လာတဲ့အချိန် ၂၀၀၃ ခုနှစ်ကစလို့ အဲဒီအနေအထားဟာ သန်မာတောင့်တင်းပြီး ကြီးထွားလာတယ်။ ဒါပေမဲ့ တကယ်လို့ လက်ရှိ တကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကြပ်အတည်း အဆိုးဆုံးထိဖြစ်လာလို့ရှိရင်၊ တရုတ်ပို့ကုန်တွေ ပိုပြီး နှေးကွေးသွားမယ်ဆိုရင် နောက်ပြီး တရုတ်ပြည်ဟာ တခြားကမ္ဘာ့နိုင်ငံတွေနဲ့ အတူတူ ရှည်ကြာတဲ့စီးပွားရေး ကျဆင်းမှုထဲ ကျဆင်းသွားမယ်ဆိုရင်တော့ အဲဒီအချိန်ကစလို့ ကမ္ဘာကမြင်တွေ့ခဲ့ရတဲ့ တရုတ်ရဲ့နိုင်ငံတကာ ချေးငွေ တဟုန်ထိုးတိုးပွားလာမှုဟာ ဆက်လက်ဖြစ်ပေါ်ဖို့ဆိုတာ မသေချာတော့ပါဘူး။

ဒါ့အပြင် တရုတ်ပြည်ရဲ့ဘဏ္ဍာရေးသြဇာ ဆက်လက်တိုးပွားဖို့အတွက် တရုတ်ပေါ်လစီရေးဆွဲသူတွေဟာ နိုင်ငံတကာအစီအစဉ်သစ်တွေ တည်ဆောက်ရေးလုပ်ငန်းတွေမှာ လုံ့လပိုစိုက်ပြီးဆောင်ရွက်ဖို့လိုလိ့မ်မယ်၊ ဒါမှ သူ့ရဲ့မြီစားနိုင်ငံအဆင့်ကို နိုင်ငံတကာမှာ အမြဲတန်း ထိန်းထားနိုင်မယ့် အနေအထားအဆင့်ထိ ပြောင်း ပစ်နိုင်မှာဖြစ်တယ်။ အခုထိတော့ တရုတ်ပြည်ဟာ ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာပိသုကာဖြစ်ရေးဆိုတဲ့ အံ့ဖွယ် အပြောင်းအလဲတွေဖြစ်ဖို့အတွက် ဆွဲဆောင်ဖို့ စိတ်ပါဝင်စားပုံမပေါ်ဘူး။ ဒီအစား တရုတ်ခေါင်းဆောင်မှုက စနစ်ကို အတူတကွထိန်းသိမ်းရေးဆိုတဲ့ အဆိုပြုချက်ကို ထောက်ခံပြီး ပိုပြီးတော့တောင်သတိကြီးကြီးထားပြီး လှမ်းနေပါတယ်။ ဒီလို သတိထား ချဉ်းကပ်နေတာဟာ တရုတ်ခေါင်းဆောင်တွေ နှစ်ပေါင်း ၃၀ ကျော်ကြာ စိုက်ပျိုးခဲ့တဲ့ တစတစပြုပြင်ပြောင်းလဲရေးဆိုတာကို ပြဆိုတာပဲ ဖြစ်တယ်။

ဒါဟာ တရုတ်ပြည်အတွင်းအပြင်နှစ်နေရာလုံးမှာ ပြုပြင်ပြောင်းလဲဖို့လုပ်တဲ့ ပီကင်းရဲ့ချဉ်းကပ်မှုဖြစ်ဖို့များ တယ်။ အဲဒီအချိန်က တရုတ် ပြည်ထမ်းဆောင်ရမယ့်တာဝန်တွေဟာ ကြီးလေးလှပါတယ်။ ဆိုးဝါးလာနေတဲ့ ကမ္ဘာ့ဘဏ္ဍာရေးအခြေနေတွေကြားမှာ တရုတ်ပြည်ရဲ့ ပြည်တွင်းဘဏ္ဍာရေးစနစ်တည်ငြိမ်ရေးကို ထိန်းသိမ်း ဖို့ တရုတ်ခေါင်းဆောင်တွေအနေနဲ့ လိုအပ်ပါလိမ့်မယ်၊ အခြေအနေခွင့်ပြုသလောက် ပြည်တွင်းပြုပြင် ပြောင်းလဲရေးကို ဂရုတစိုက်ရှေ့တွန်းတင်တာ၊ သူ့ရဲ့နိုင်ငံတကာဘဏ္ဍာရေးအင်အားကို ဖြေးဖြေးချင်း တည် ဆောက်တာ၊ ထောက်ကူဖို့လိုအပ်တဲ့နေရာတွေမှာ ကမ္ဘာ့ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို အကြံပြု တာနဲ့ ရထားတဲ့အကျိုးအမြတ်တွေကို ကျစ်လစ်ခိုင်မာအောင်လုပ်တာ၊ ဖြစ်လာနိုင်တဲ့အဆိုးတွေ အမျိုးမျိုး ခွဲခြားပစ်ဖို့နဲ့ ရွေးစရာတွေ ကန့်သတ်တားဆီးခွင့်ပြုဖို့အတွက် ကမ္ဘာ့ဒေသအသီးသီးမှာလုပ်နေတဲ့ တခြားအစီ အစဉ်တွေကို တဖြည်းဖြည်းချင်းနဲ့ ဂရုတစိုက်အားပေးတာ၊ နိုင်ငံတကာဘဏ္ဍာရေးစနစ်ထဲမှာ ရုတ်တရက် ပေါက်ကွဲမှုကိုရှောင်ကြဉ်တာ စတာတွေလည်း လုပ်ဖို့လိုအပ်နေအုန်းမှာပါ။

လုပ်စရာတွေပြုစုထားတဲ့ စာရင်းကတော့အရှည်ကြီးပဲ။ ဒါပေမဲ့ ပီကင်းက ဒါတွေအားလုံး ပြီးအောင် လုပ်နိုင် တယ်ဆိုရင်တော့၊ နောက်ပြီး တရုတ်ရဲ့မြီရှင်အနေအထားဟာ ကြာရှည်မြဲတယ်ဆိုရင်တော့ တရုတ်ပြည်ဟာ မုချပဲ ပိုပြီးအင်အားကြီးတဲ့နိုင်ငံတနိုင်ငံ ဖြစ်လာမှာပါ။ လုပ်စရာတွေကတော့ နေရာတကာမှာ တပုံတပင်ကြီး ပါပဲ။

(ဂရက်ဂိုရီချင်းဟာ ယော့တက္ကသိုလ်က နိုင်ငံရေးသိပ္ပံဘာသာ လက်ထောက်ပါမောက္ခတဦးဖြစ်ပြီး၊ အပြည် ပြည်ဆိုင်ရာအုပ်ချုပ်မှု ဆန်းသစ်ပြောင်းလဲရေးဗဟိုဌာန (၀ါးတားလူး) က အကြီးတန်းအဖွဲ့ဝင်ဖြစ်ပါတယ်။

အဲရစ်ဟဲလိန်နာကတော့ ဘာစီးလီးနိုင်ငံတကာရေးရာကျောင်းက အပြည်ပြည်ဆိုင်ရာအုပ်ချုပ်မှု ဆန်းသစ် ပြောင်းလဲရေးဗဟိုဌာနရဲ့ ဥက္ကဋ္ဌနဲ့ ၀ါးတားလူးတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပါမောက္ခ ဖြစ်ပါတယ်။)



(ရည်ညွှန်း။ Calling China's Bluff By Gregory Chin, Eric Helleiner: Posted January 2009)

REF: နေ့သစ်

0 comments:

အပေါ်သို့