Thursday, February 24, 2011

မြဝတီမြို့မှာ စစ်တပ်လုံခြုံရေးအင်းအားတွေ တိုးချထား

February 23, 2011 ။

၂၀၁၀ နိုဝင်ဘာ ၇ နေ့ကစလို့ ဒီအေဘီအေနဲ့ နအဖ စစ်အုပ်စု နှစ်ဘက် အပစ်ခတ် ရပ်စဲတာတွေ ပျက်ပြားခဲ့ပြီး တိုက်ပွဲ တွေ စဖြစ် ကတည်းက ခုချိန်ထိ မြဝတီမြို့နယ် အတွင်းက ဖလူး ဝေါ်လေနဲ့ ကော့ကရိတ် ဒေသတွေ အတွင်းမှာ နေ့စဉ် ရက်ဆက် တိုက်ပွဲသံတွေ ကြားနေရပြီး မြို့တွင်း မြို့ပြင် ကားလမ်းတွေက နအဖ တပ်စခန်းတွေကို ဒီကေဘီအေ တပ်ဖွဲ့ ဘက်မှ မကြာခဏ စစ်ဆင် တိုက်ခိုက် နေတာကြောင့် မြဝတီ ပတ်ဝန်းကျင်မှာ နအဖ ဘက်က စစ်သား အင်အား ထပ်တိုးဖြည့်ထားတာ တွေ့ရှိရပြီး ဒေသခံ ပြည်သူ လူထု အနေနဲ့ အထူး စိုးရိမ် နေကြပါတယ်။


ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မြဝတီဘက်ကို စစ်ကားတန်းတွေ တက်လာပြီး။ မြဝတီမြို့က ကျောက်လုံးကြီး ဘက်မှာ ဆိုရင်လည်း စစ်တပ် လုံခြုံရေးတွေ ထူထပ်စွာ ချထားတယ်လို့ သိရပါတယ်။ ကားလမ်း တလျှောက်မှာနဲ့ မြဝတီမြို့ နေရာ တိုင်းမှာ စစ်သားတွေ အပြည့် နေရာ ယူထားတယ်လို့ မြဝတီ ဒေသခံတဦးက ခုလို ပြောပြလာပါတယ်။

“ဘာဖြစ်လာမလဲတော့ မသိဘူး ခုဆိုရင် မြို့ထဲရော မြို့ပြင်ဘက်မှာပါ စစ်တပ်တွေ မဲခံ နေရောပဲ။ ကျနော်တို့တော့ ဘာ သတင်းမှ ခုထိ သေချာ မကြားမိသေးဘူး။ ကိုယ့်ဟာကိုယ်ပဲ သွားသတိ လာသတိ စားသတိနဲ့ နေ နေတာပဲ။ တချို့ မိ သားစုတွေလည်း ကလေးတွေ ကျောင်းပြီးတာနဲ့ ဗမာပြည်ထဲကို ပြန်ဆင်းသွားကြတဲ့ လူတွေလည်း ရှိတယ်။ ကျနော်တို့ ကတော့ ဘယ်မှ သွားစရာ မရှိဘူး ဒီလိုပဲ နေရမှာပဲလေ” လို့ ပြောပြ သွားပါတယ်။

မြဝတီနဲ့ ကော့ကရိတ် ကြားက ကားလမ်းနေရာတွေမှာ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နအဖ ဘက်က ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ မကြာခဏ အတိုက်ခံရတဲ့ ဒီ ကားလမ်းကြား နေရာကိုလည်း နအဖ ဘက်က စစ်ရေးအရ ရှင်းလင်းသွားမယ် လို့လည်း သတင်းတွေ ကြားသိရပါတယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့