Thursday, February 24, 2011

ဘာရိန်းဆန္ဒပြမှု (သို့မဟုတ်) ပရောက်စီ တိုက်ပွဲတပွဲ

Posted by admin on February 23, 2011 0 Comment

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လမ်ပေါ်က ဆန္ဒပြပွဲတွေမှာ အီဂျစ်ပြီးရင် ဘာရိန်းက အရေးပါဆုံး နေရာ ဖြစ်လာတယ်။ ဘာလို့ အရေးပါရသလဲ ဆိုတော့ ဓနဥစ္စာ ကြွယ်ဝတဲ့ တခုတည်းသော ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်မှု ကောင် စီဝင် နိုင်ငံ ဖြစ်နေလို့ ပါပဲ။ အဲဒီမှာ လူထု ဆန္ဒပြပွဲတွေ ဖြစ်နေတာ၊ အစိုးရက ဒါကို နှိမ်နှင်းနေတာတွေ ကျနော်တို့ မြင်တွေ့နေရတယ်။


ဆော်ဒီအာရေးဘီးယားနိုင်ငံနဲ့ အီရန်နိုင်ငံတို့အတွက် ကိုယ်စားပြု တိုက်နေရတဲ့ စစ်မြေပြင် တခု ဖြစ်နေတော့ ဒါက ပိုပြီး တော့တောင်မှ အရေးပါနေတာ ဖြစ်တယ်။ ဘာရိန်းမှာ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်တာ မဆန်းဘူး၊ ၁၉၉၀ စု နှစ် အစောပိုင်း တွေကို ပြန်ကြည့်ရင် အခုလိုပဲ ဖြစ်ခဲ့တာပဲ။ အဲဒီတုန်းကလည်း အတိုက်အခံ တွေက ဖွဲ့စည်းပုံ အခြေခံ ဥ ပဒေ ဘောင်ထဲကနေ ပိုလွတ်လပ်ခွင့် ပေးဖို့နဲ့ ပိုပြီး ဒီမိုကရေစီ ကျတဲ့ နိုင်ငံရေးကို သက်ဦးဆံပိုင် ဘုရင်ဆီ တောင်းဆို ကြ တာပဲ။ ဒါကြောင့် ဖြစ်ပျက် နေတာတွေက လုံးဝ အသစ် မဟုတ်ပါဘူး။ ဒါကို ပိုအရေးပါအောင် ဖြစ်စေတာ ကတော့ ဆူပူ အုံကြွမှုတွေရဲ့ နောက်ဆုံး အကျော့ပါပဲ။ တူနီးရှားမှာ စခဲ့ပြီး အီဂျစ်ကို ရွေ့သွားတဲ့ ဒီအုံကြွမှု တွေဟာ (တူနီးရှားနဲ့ အီဂျစ် မှာ သမတတွေ ပြုတ်သွားတာ ကျနော်တို့ မြင်ခဲ့ရတယ်) ဒေသကြီး တခွင် တပြင်လုံးမှာ ပြန့်သွားတာပဲ။

ဒါကို ပိုပြီးအရေးပါစေတာက ဘာရိန်းမှာ ခွဲထွက်ရေးသမားတွေ အားကောင်း မောင်းသန် ရှိနေတာပဲ။ ရှိဟိုက် လူဦးရေ အများဆုံး ရှိတဲ့ တိုင်းပြည်ကို လူနည်းစုဖြစ်တဲ့ ဆွန်နီ သက်ဦးဆံပိုင် ဘုရင်က အုပ်ချုပ် ထားတယ်။ ရှီဟိုက်တွေက တိုင်းပြည် လူဦးရေရဲ့ ၇၀% လောက် ရှိတယ်လို့ ခန့်မှန်း ရတယ်။ ဘာရိန်းမှာ ဖြစ်တဲ့ ဆန္ဒပြပွဲတွေကို အရေးပါအောင် လုပ်လိုက်တာက ခွဲထွက်ရေး သမားတွေ အားကောင်းယုံ ကြောင့်သာ မဟုတ်ဘူး၊ ဆယ်စုနှစ်ပေါင်း များစွာ ဖြစ်ပွားနေတဲ့ ဆော်ဒီနဲ့ အီရန် အကြား ကျယ်ပြန့်တဲ့ ပထ၀ီ နိုင်ငံရေး ပြိုင်ဆိုင်မှု ကလည်း တွန်းအား ပေးနေပါတယ်။ မကြာသေးခင် အီရတ်က ဆက်ဒမ်ဟူစိန် အစိုးရ ပြုတ်ကျ သွားတဲ့ အချိန်က စပြီး ပိုပြီးတော့တောင် ပြင်းထန် လာပါတယ်။ ပါရှန်း ပင်လယ်ကွေ့ကို ဖြတ်ပြီး အာရေးဘီးယား ကျွန်းဆွယ်ထဲကို အာဏာ လွှမ်းမိုးဖို့ အီရန်က ကြိုးစား လာနေတာကို အဲဒီ အချိန်ကတည်းက ဆော်ဒီ အာရေးဘီးယား နိုင်ငံက ပိုပြီး စိုးရိမ် ပူပန်နေတာ ဖြစ်တယ်။

ဆော်ဒီနိုင်ငံဟာ ဘာရိန်းနဲ့ အိမ်နီးခြင်းနိုင်ငံဖြစ်ပြီး ရှီဟိုက် လူဦးရေးက တနိုင်ငံလုံးရဲ့ ၂၀% လောက် ရှိနေတာကြောင့် ဘာရိန်းမှာ ရှီဟိုက် လူဦးရေ များတာဟာ ဆော်ဒီအတွက် စိုးရိမ်စရာ အကြောင်းရင်း ဖြစ်နေပါတယ်။ အမေရိကန် အနေနဲ့ ကြည့်ရင်လည်း ဘာရိန်းဟာ အရေးပါနေပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန် အမှတ် ၅ ရေတပ်ကြီးဟာ ဘာရိန်း မှာ အခြေစိုက် ထားလို့ပါ။ ဒီအမှတ် ၅ ရေတပ်ဟာ အီရန် တခုလုံး၊ ဒါမှမဟုတ် အီရန်ရဲ့ တစိတ်တပိုင်းကို တန်ပြန်ထိန်း ချုပ်ထားတဲ့ အဓိကကျတဲ့ မောင်းတံတခု ဖြစ်ပါတယ်။ ဘာရိန်းက ပုန်ကန် ထကြွမှုတွေမှာ အီရန်က ဘယ်လောက် အတိုင်းအတာနဲ့ ပါဝင် ပတ်သက်နေသလဲ ဆိုတာကတော့ ရှင်းရှင်း လင်းလင်း မသိရပါဘူး။ ဆက်နွယ်မှုတွေ ရှိပါတယ်။ ဒါ ပေမဲ့ အီရန်က ဒီဆက်နွယ်မှုတွေကို ကစားနေတယ် ဆိုတာတော့ ရှင်းရှင်းလင်း မသိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရှီ ဟိုက်တွေများတဲ့ အီရန်နဲ့ ဆွန်နီတွေများတဲ့ အာရပ် ကမ္ဘာအကြား ပဋိပက္ခတွေ ထဲက တခုသာ ဖြစ်ပါတယ်။

နောက်ပြီး ကိုယ်စားပြုအားစမ်းပွဲပုံစံနဲ့ ဒီနှစ်ဖက်စလုံးက ဘယ်လို တိုက်ကြမလဲ ဆိုတာတော့ ဘာရိန်းဟာ အလွန်ပဲ စိတ် ၀င်စားဖို့ ကောင်းမှာပါ။ ဘာရိန်းဟာ ဆူပူအုံကြွမှုတွေကို အရှုံး ပေးလိုက်ရပြီး ဘုရင်စနစ်က အနာဂတ် တချိန်မှာ ဆန္ဒပြ သမား တွေရဲ့ တောင်းဆိုမှုတွေကို လက်ခံရမှာ ဖြစ်ပါတယ်။ ဒါတွေက အထူးသဖြင့် ရှီဟိုက် ၂၀% ရှိတဲ့ ဆော်ဒီလို နိုင်ငံ တွေရဲ့ လုံခြုံရေး အတွက် အင်မတန် ကြီးတဲ့ စိုးရိမ်စရာတွေ ဖြစ်လာနေပါတယ်။ အခုတော့ ရှီဟိုက် အများစု ငြိမ်နေ ပါသေးတယ်။ ဒါပေမဲ့ အီဂျစ်က အဖြစ် အပျက်တွေကို တွေ့ပြီး ရဲလာနိုင်ပါသေးတယ်။ အခုတော့ ဘာရိန်းမှာ ဘာတွေ ဖြစ် မလဲဆိုတာကို စောင့်ကြည့် နေကြပါတယ်။

(ရည်ညွှန်း။ http://www.stratfor.com: Dispatch: Bahrain Protests as a Proxy Battle: February 17, 2011.)

Ref: နေ့သစ်

0 comments:

အပေါ်သို့