Tuesday, February 22, 2011

လစ်ဗျားလေယာဉ်မောင်းသမားတွေနဲ့ သံတမန်တွေ ထွက်ပြေး

February 22, 2011

ပြည်သူတွေနဲ့ ပူးပေါင်းပြီး ကဒါဖီကို ဖယ်ရှားရေးမှာ ကူညီဖို့ အတွက် ဘ၀တူ စစ်သားတွေကို တောင်းဆို ထားတဲ့ ကြေညာချက် တစောင်ကို စစ်တပ် အရာရှိတွေက ထုတ်ပြန် လိုက်ပါတယ်။ တနင်္လာနေ့က လစ်ဗျား ဂျက် တိုက်လေယာဉ် ၂ စင်းဟာ မော်လ်တာမှာ ဆင်းသက်ခဲ့ပြီး လေယာဉ်မောင်း ၂ ဦးက နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ ခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ လစ်ဗျားဂျက်တိုက်လေယာဉ်


လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့မှာ ဆန္ဒပြနေကြတဲ့ အရပ်သားတွေကို တိုက်ခိုက်ဖို့ အမိန့်ကို လိုက်နာဖို့ ငြင်းပယ် ပြီးနောက်၊ လေယာဉ်မောင်းတွေဟာ ထွက်ပြေးကြတာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ သူတို့တွေဟာ လစ်ဗျားလေ တပ်မတော်က ဗိုလ်မှူးကြီးတွေ ဖြစ်တယ်လို့ ပြောခဲ့တဲ့ လေယာဉ်မောင်း တွေကို အာဏာပိုင်တွေက သူတို့ ကိုယ်ရေး အချက်တွေ မှန်မမှန် စစ်ဆေး မေးမြန်း နေကြပါတယ်။ ဒီအတွင်းမှာ လစ်ဗျား စစ်တပ် အရာရှိ အုပ်စုတစုက ပြည်သူတွေနဲ့ ပူး ပေါင်းပြီး မိုဟာမက် ကဒါဖီကို ဖယ်ရှားရေးမှာ ကူညီကြဖို့ သူတို့ စစ်သားတွေကို တောင်းဆိုတဲ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။ အရာရှိတွေက လစ်ဗျား တပ်မတော်ကို မြို့တော် ထရီပိုလီကို ချီတက်ကြဖို့ တောင်းဆို ထားပါတယ်။

ဆန္ဒပြသမားတွေဖက်က သံတမန်တွေ

သူတို့ဟာ ဆန္ဒပြသမားတွေဖက်က ရှိတယ်၊ ကဒါဖီ ထွက်ပေးဖို့ တောင်းဆို တယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂ အပါအ၀င် နေရာ အတော်များများက လစ်ဗျား သံအမတ်ကြီးတွေက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု ဆိုင်ရာ လစ်ဗျား သံအမတ်ကြီး အလီအော ဂျလီဟာ လစ်ဗျား ခေါင်းဆောင် ထွက်ပေးရေးကို တောင်းဆိုတဲ့ နောက်ဆုံး သံအမတ် ဖြစ်လာပါတယ်။ ကဒါဖီ ဆင်းပေးဖို့နဲ့ လစ်ဗျား ပြည်သူတွေမှာ သူတို့ အနာဂတ်ကို ဖန်တီးဖို့ အခွင့်အရေး ရှိတယ်လို့ သူက တနင်္လာ နေ့ညက အေပီ သတင်းဌာနကို ပြောပါတယ်။ သူဟာ လစ်ဗျား ပြည်သူတွေ အတွက် အလုပ် လုပ်တာဖြစ်လို့ သူ့အနေနဲ့ အလုပ်က ထွက်မှာ မဟုတ်ကြောင်း သူက ပြောပါတယ်။ တနင်္လာနေ့ ညနှောင်းပိုင်း ကလည်း အစိုးရ စစ်သားတွေက သူ့ မိသားစု ၀င်တွေကို သတ်တာကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ လစ်ဗျားသံ အမတ်ကြီးဟာ နှုတ်ထွက်ခဲ့ပါတယ်။ တနင်္လာနေ့ အစောပိုင်းက ကုလသမဂ္ဂမှာ တာဝန် ထမ်းနေကြတဲ့ လစ်ဗျား သံတမန်တွေဟာ တော်လှန် ရေးဖက်မှာ ရပ်ခဲ့ပြီး “အာဏာရှင် မိုဟာမက် ကဒါဖီ ဖြုတ်ချရေး” မှာ လစ်ဗျား တပ်မတော်က ကူညီဖို့ တောင်းဆိုခဲ့ပါ တယ်။

၄၁ နှစ်ကြာ အုပ်စိုးမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးဟာ မြို့တော်ထရီပိုလီကို ရောက်လာပြီ ဖြစ်လို့ ကဒါဖီဟာ သူ့အာဏာ ဆက်လက် တည်ရှိဖို့ သွေးထွက် သံယို တိုက်ပွဲတခုကို ဆင်နွှဲနေပါတယ်။ ပထမ ၅ ရက် ပုန်ကန် ထကြွမှုမှာ သေတာ ရာနဲ့ ချီသွားပါပြီလို့ နယူးယောက်က ထုတ်ပြန်တဲ့ ကြေညာချက် တစောင်မှာ ဖော်ပြ ထားပါတယ်။ သူပုန်တွေကို နှိမ်နှင်းဖို့ အတွက် ကဒါဖီက အာဖရိက ကြေးစား စစ်သားတွေ အသုံးပြုတာကို ရှုတ်ချပါတယ်။ ဒါဟာ တခါမှ မကြုံဖူးတဲ့ ထရီပိုလီ မြို့က အစုလိုက် အပြုံလိုက် လူသတ်ပွဲ တခုပဲလို့ ပြောဆိုပါတယ်။

မြွေခေါင်းကိုဖြတ်

ကြေညချက်မှာ အချင်းချင်းစည်း`ရုံးကြပြီး မြို့တော်ထရီပိုလီဆီ ချီတက်ကြပြီး မြွေခေါင်းကို ဖြတ်ပစ်ကြဖို့ အရာရှိ တွေနဲ့ စစ်သားတွေကို တောင်းဆို ကြပါတယ်။ လက်နက် တင်သွင်းတာနဲ့ ကြေးစား စစ်သားတွေကို တားဆီးဖို့ လစ်ဗျား မြို့ကြီး တွေပေါ်ကို ဖြတ်မပျံဖို့ မပျံသန်းရဇုံ သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို ပန်ကြားခဲ့ပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ သံရုံးတွေက ၀န်ထမ်း အားလုံးကိုလည်း ပြည်သူတွေ ဖက်က ရပ်ကြဖို့ တောင်းဆိုခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကလည်း အရေးယူပေးဖို့ ဂျနီဗာရှိ ကုလသမဂ္ဂ ဥရောပ ဌာနချုပ်က တောင်းဆိုပါတယ်။ အင်္ဂါနေ့က ဂျပန်နဲ့ မလေးရှားမှာ ရှိတဲ့ လစ် ဗျားသံရုံးတွေ ပိတ်ပစ်ချိန်မှာ ဥရောပသမဂ္ဂ၊ အာရပ် အဖွဲ့ချုပ်နဲ့ အင်ဒိုနီးရှား ဆိုင်ရာ လစ်ဗျား သံအမတ်ကြီးတွေကလည်း နှုတ်ထွက် လိုက်ကြပါတယ်။

ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၁ (အယ်လ်ဂျာဇီးရား)

Ref: နေ့သစ်

0 comments:

အပေါ်သို့