Tuesday, February 22, 2011

လစ်ဗျား အာဏာရှင် အဆုံးသတ်ရေး လူထု ဆန္ဒပြပွဲ မြို့ကြီးများသို့ ကူးစက်နေ

February 21, 2011

WFWW ၊ နေ့သစ်၊ ၂၁ ဖေဖော်ဝါရီလ ၂၀၁၁

လစ်ဗျားအာဏာရှင် အဆုံးသတ်ရေး လူထု ဆန္ဒပြပွဲမှာ လူဦးရေ ၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ ဆန္ဒ ပြသူများက စစ်အခြေစိုက် တခုကို သိမ်းပိုက် ခဲ့ကာ လက်နက်များ၊ တင့်ကားများ ယူဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။ လစ်ဗျား အာဏာရှင် ကဒါဗီ ရဲ့ သားက အစိုးရ ရုပ်မြင်သံကြား ကနေ သူ့ အဖေဟာ တိုင်းပြည်မှာပဲ ဆက်လက် ရှိနေသေးကြောင်း၊ အာဏာကို ဆက်လက် ထိမ်းချုပ် နိုင်ဖို့ နောက်ဆုံး သေတဲ့ အထိ တောင့်ခံ သွားမည် ဖြစ်ကြောင်း ခုခံ ပြောဆို သွားပါတယ်။


တိုင်းပြည်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းစစ် ဖြစ်လာနိုင်တယ် လို့လည်း သတိပေး ပြောကြား သွားတယ်။ အာဏာရှင်ရဲ့ သားကတော့ တိုင်းပြည်ကြီး ပြိုကွဲမှာမို့၊ သူတို့ အနေနဲ့ အာဏာကို ဆက်လက် ထိမ်းချုပ်ရမှာ ဖြစ်ကြောင်း ပြောကြား သွားသလို၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်ပေးဖို့လည်း ဂတိပြု ထုတ်ဖော် ပြောကြား သွားပါတယ်။

ဆန္ဒပြသူတွေကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ရာမှာတော့ လစ်ဗျား စစ်တပ်ဟာ လူထု အုံကြွမှုကို ထိန်းသိမ်းဖို့ အတွက် လေ့ကျင့် ထားတာမျိုး မပြင်ဆင် ထားခဲ့တဲ့ အတွက် ပစ်ခတ် မိပါတယ်လို့ အာဏာရှင် ကဒါဗီ ရဲ့ သားက တိုင်းပြည်ကို မိန့် ခွန်း ပြောကြား ခဲ့ရာမှာ ၀န်ခံ သွားခဲ့ပါတယ်။

လစ်ဗျားဟာ အခု ၂၂ နိုင်ငံပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူထားရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ လစ်ဗျား နိုင်ငံမှာ ဆန္ဒပြ သူတွေကို နှိမ်နင်း ခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ အာရပ် အဖွဲ့ချုပ်ရဲ့ လစ်ဗျား ကိုယ်စားလှယ် Abdel Moniem el- Honey က ဒီနေ့ နှုတ်ထွက် လိုက်ပါတယ်။ သူက ဘာကြောင့် နှုတ်ထွက်လဲ ဆိုတာကို မေးမြန်း ရာမှာတော့ အခုလို ပြောဆို သွားပါတယ်။ “El-Honey expressed his refusal to kill unarmed protestors, saying” as a Libyan citizen, I condemn all these crimes which are close to the genocide acts.”

လစ်ဗျားမှာ ဘာတွေဖြစ်လာမလဲ ဆိုတာကတော့ ရက်အနည်းငယ် အတွင်း မြင်တွေ့ လာကြ ရတော့မှာပါ။ မျက်မြင် တဦးကတော့ မြို့တော် လမ်းမတွေမှာ လူသေ အလောင်းတွေ ပြည့်နေပြီး၊ ဆေးရုံတွေမှာ ဒဏ်ရာ ရသူတွေနဲ့ ပြည့်နှက် နေတယ်လို့ နိုင်ငံခြား သတင်းဌာန တွေကို ပြောပြ သွားပါသည်။ မြို့တော် ထရီပိုလီမှာ အာဏာရှင် ကဒါဗီကို ဆန့်ကျင်သူနဲ့ ထောက်ခံ သူကြား အဓိကရုဏ်းတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တယ်။

လစ်ဗျား အာဏာရှင် အဆုံးသတ်ရေး လူထု ဆန္ဒပြပွဲဟာ မြို့ကြီးများဆီသို့ ဆက်လက် ကူးစက်နေပြီး၊ သေဆုံးမှု များစွာ ရှိခဲ့ကြောင်း ကြားသိရ ပါသည်။ အနှစ် ၄၀ ကျော် လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတကာမှာ အကြမ်းဖက်မှုကို အားပေးခဲ့တဲ့ အာဏာရှင် ကဒါဗီ ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုများ နိုင်ငံတကာ မြို့ကြီးများမှာလည်း ကျင်းပ နေကြပါတယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့