Thursday, February 24, 2011

ကမ္ဘာလုံးဆိုင်ရာ မဟာ ပြောင်းလဲမှုဖြစ်စဉ် (Great Global Transfiguration)

February 22, 2011


ဒီနေ့ ကမ္ဘာကြီးကို ကြည့်ရင်လည်း အာဏာ ရှင်တွေကြောင့် ကမ္ဘာလုံး ဆိုင်ရာ မဟာမွန်းကြပ်မှုကြီး Great Global Frustr ation ဖြစ်လာနေတယ်။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ ပေါက်ကွဲမှုကြီး Great Global Explosion ဖြစ်လာမယ်။ ဒီပေါက် ကွဲမှုက လူငယ်တွေကို ပညာပေးပြီးသား စည်းရုံးပြီးသား ဖြစ်သွားလိမ့်မယ်။ ဒီကနေ ကမ္ဘာလုံးဆိုင်ရာ မဟာ ပြောင်းလဲမှုဖြစ်စဉ် Great Global Transfiguration ကို ဦးတည် လာလိမ့်မယ်။

နိုင်ငံအတော်များများ အစိုးရတွေကို ဆန်ကျင်လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ ဒါဟာ ကမ္ဘာ့ စီးပွားပျက်ကပ်ရဲ့ သက်ရောက် မှုတွေဖြစ်တယ်။ ဒီစီးပွား ပျက်ကပ်ကြောင့် လူတန်းစား ကွာဟမှုက သိပ်ကို ကြီးမား သွားတယ်။ အနည်းတက အနည်းစုကပဲ အဆင် ပြေနေတယ်။ လူတန်းစား ကွာဟမှုကို နည်းပညာတွေက တဆင့် မြင်ခွင့် ရလာကြလို့ပဲ ဖြစ်တယ်။

ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ မဟာပေါက်ကွဲမှု ဖြစ်စဉ် Great Explosion ဖြစ်လာမယ်။ ဒါက ကမ္ဘာလုံး ဆိုင်ရာ မဟာပြောင်း လဲမှုဖြစ်စဉ် Great Global Transfiguration ကို ဦးတည် လာလိမ့်မယ်။


ဒေါ်စုကြောင့် မြန်မာပြည်မှာ လူထု လှုပ်ရှားမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ နအဖ က ပြောနေတယ်။ ဒီစကားက မှန်ပါတယ်။ ဒီနေ့ နိုင်ငံရေး ပြသနာတွေဟာ နအဖ ကြောင့် ဒီထက် ပိုပြောရရင် သန်းရွှေ မိသားစု နဲ့ လက်တဆုပ်စာ စစ်ဗိုလ် ချုပ်တွေရဲ့ လောဘကြောင့်သာ လူမှု ပြဿနာတွေ ဖြစ်နေတာ။ လူထု လှုပ်ရှားမှုကြီးတွေ ဖြစ်နေတာပါ။ ဒါကြောင့် သူတို့ အုပ်ချုပ်နေသမျှ မြန်မာပြည်ဟာ လူထု လှုပ်ရှားမှုကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီပြောင်းလဲမှု မဟာဖြစ်စဉ်တရားမှာ မြန်မာပြည်ကို ချန်မထားပါဘူး။ ၁၉၃၈ ကမ္ဘာ့ စီးပွား ပျက်ကပ် တုန်းကလည်း မြန်မာ ပြည်ကို ရိုက်ခတ်ခဲ့တယ်။ ၁၉၄၀ ၀န်ကျင်း ကမ္ဘာ့ ကိုလိုနီ လွတ်လပ်ရေး ကြိုးပန်းမှုမှာ မြန်မာပြည်ဟာ ပါဝင်ခဲ့တယ်။ ၁၉၈၉ ကမ္ဘာ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာလည်း မြန်မာပြည်က ရှေ့ဆုံးကနေ ပါဝင်ခဲ့တယ်။ ၂၀၁၀ ဒုတိယ အကြော့ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ မြန်မာပြည်ဟာ အရှိန် ရနေပြီးသား ဖြစ်နေတယ်။ မြန်မာ ပြည်က အစိတ်အပိုင်း တခု ဖြစ်နေတယ်။ ဒီလှုပ်ရှားမှုက မြန်မာပြည်ကို ဂယက်ရိုက်မှာပဲ ဖြစ်တယ်။

ဒီင်္လှုပ်ရှားမှုကြီဟာ အလွန်မြန်ပြီ အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီုး ဖြစ်လာမှာ သေချာ နေပါတယ်။

ဒါဟာ ဘယ်သူကြောင့်မှမဟုတ်ဘူး အာဏာရှင်တွေကြောင့်ပဲ ဖြစ်တယ်။

မိုးသီးဇွန်

Ref: နေ့သစ်

0 comments:

အပေါ်သို့