Monday, February 21, 2011

အာဏာဆက်ခံရန် ကန့်ကွက်မှုများကြောင့် ၊ဗိုလ်ချုပ်မှုးကြီး အနိုင်ပိုင်း တော့မည်




မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ၎င်း ၏ မြေးဖြစ်သူ နေရွှေသွေးအောင် အားအာဏာလွှဲပြောင်း ပေးနိုင်ရန် အတွက် သဘောတူမည် ထင်သည့် ထိပ်တန်း စစ်ခေါင်းဆောင် အချို့ နှင့် ဆွေးနွေး ရာတွင်ပင် ဆန့်ကျင် ကန့် ကွက် ခံနေ ရသဖြင့် ယနေ့နောက်ဆုံး အဆင့် အစည်းအဝေး ရလာဒ် ပြီး ပါက သူ၏ စစ်အာဏာရှင် ဘ၀ ကို ကန့် လန့် ကာ ချ တော့ မည် ဟု Freedom News Group မှ သတင်းရ ရှိသည်။

အသက် ၇၈ နှစ် အရွယ် ရှိပြီ ဖြစ်သည့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည်အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်သည့် ၎င်း ၏ မြေးဖြစ်သူ မောင်နေရွှေသွေးအောင် အား အာဏာလွှဲပြောင်း ဆက်ခံ နိုင်ရန် ကြံစည် ခြင်း ဖြစ်သည်။

Freedom News Group မှ စုံစမ်း သိရှိ ရသည့် သတင်းများ အရ နေရွှေသွေးအောင်သည် သူအဘွား ဖြစ်သူ ဒေါ်ကြိုင်ကြိုင် နှင့် အတူ တရုတ်ပြည်သို့ ရောက်ရှိ နေသည် ဟု သိရသည်။

ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ မိသားစု သည် ၎င်း တို့ ၏ ပိုင်ဆိုင် မှု များ ကို တရုတ် ပြည်သို့ရွှေ့ ထား ပြီး ဟု ယူဆရသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကိုယ်တိုင်လည်း ၎င်း၏ အကြံအစည် မအောင်မြင် ပါက တရုတ်ပြည် သို့ရွှေ့ပြောင်း အခြေစိုက် တော့ မည် ဟု သိရသည်။

မြောက်ကိုရီးယား၊ လစ်ဗျား နှင့် ယခင် အီဂျစ် ခေါင်းဆောင် မူဘာရက် က ၎င်း၏သား အာဏာဆက် ခံရန် စီစဉ် ထားသကဲ့ သို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လည်း စီစဉ် ထားခြင်း ဖြစ်သည်။

ထင်ရှား သော မြန်မာ စစ်ဗိုလ်ချုပ် တစ်ဦး ကမူ အသက်အရွယ် ငယ်လွန်း သူ ကို ၎င်းတို့ထက် ပိုမို မြင့်မားသည့် နိုင်ငံတော် အာဏာအပ် နှံ ခြင်း သည် မြန်မာ စစ်တပ် ကို စော်ကား ခြင်းဖြစ်သည် ဟု ဆိုသည်။

ရန်ကုန်မြို့ မှ အငြိမ်းစား စစ်အရာ ရှိ တစ်ဦး ကမူ ” မြန်မာတွေ အစအရာရာ ခောတ် နောက်ကျ ပေမယ့် ပဒေသရာဇ် အတွေး အခေါ် လုံးဝ မရှိတော့ တာ သူ မသိတော့ တာ တော်တော်အံသြဖို့ ကောင်းတာပဲ ” ဟု မှတ်ချက်ပြု ပြောကြား သည်။

Ref;FNG

0 comments:

အပေါ်သို့