Tuesday, June 14, 2011

စစ်တမ်းကောက်ယူတာ တခုနဲ့တင် အဆုံးအဖြတ်ပေးနိုင်တော့မှာလား

June 14, 2011

ဇူလိုင် ၃ ရက် ရွေးကောက်ပွဲလုပ်ဖို့ ရက် ၂၀ ပဲ ကျန်တော့တယ်။ စစ်တမ်းကောက်ယူမှုရလဒ်တွေကို ထုတ်ပြန်လိုက် ပါပြီ။ ဒီရလဒ်တွေက မဲဆန္ဒရှင်တွေအပေါ် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု ရှိနိုင်ပါတယ်။

စစ်တမ်းကောက်ယူရာမှာ ရှေ့ကပြေးနေတဲ့ နိုင်ငံရေးပါတီတွေကို ထောက်ခံသူတွေအနေနဲ့ သူတို့စိတ်ကြိုက်ပါတီတွေ ဟာ သူတို့မဲတွေမပါဘဲတောင် နိုင်ဖို့များနေပြီ ဆိုတာကို ကောင်းကောင်း သိနိုင်ကြသလို၊ တခြားတဖက်ကို ကြည့်ပြန် ရင်လည်း စစ်တမ်း ကောက်ယူရာမှာ မဲနည်းနည်းပဲရတဲ့ပါတီထောက်ခံသူတွေအနေနဲ့ သူတို့စိတ်ကြိုက်ပါတီကို အင် တိုက်အားတိုက် မဲပေးဖို့ လိုတယ်ဆိုတာကို သိနိုင်ကြပါတယ်။ ဒါကြောင့် တကယ့်ရွေးကောက်ပွဲရလဒ်က စစ်တမ်း ကောက်ယူတာနဲ့ မတူတာလည်း ထွက်လာနိုင်ပါတယ်။


နိုင်ငံရေးပါတီတွေဟာ သူတို့ကိုထောက်ခံမှုနည်းတဲ့ ဒေသတွေမှာ ပိုအလေးထားပြီး မဲဆွယ်စည်းရုံးတာတွေ ပိုကောင်း အောင်လုပ်ဖို့ စစ်တမ်းရလဒ်တွေကို အသုံးပြုနိုင်ပါတယ်။ စစ်တမ်းရလဒ်တွေဟာ မဲဆန္ဒရှင်တွေအပေါ်သာမက ရွေး ကောက်ပွဲလွန်နိုင်ငံရေးအပေါ်မှာလည်း သြဇာလွှမ်းမိုးသက်ရောက်နိုင်ပါတယ်။ တက္ကသိုလ် သုတေသနဌာန အတော် များများက မကြာခင်ကလုပ်ခဲ့တဲ့ စစ်တမ်းတွေမှာ ပြနေတာကတော့ ဖွေ့ထိုင်းပါတီဟာ ဒီမိုကရက်ပါတီ ရှေ့ကပြေးနေ ပြီး ရွေးကောက်ပွဲမှာ နိုင်မယ်။ လို့ဆိုပါတယ်။ ဒါပေမဲ့ စစ်တမ်းမှာပါဝင်သူ ၃ပုံ၁ပုံကနေ တ၀က်လောက်ထိက ပြောတာ ကတော့ သူတို့အနေနဲ့ ဘယ်ပါတီကို မဲပေးရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ လို့ ဆိုပါတယ်။ စစ်တမ်းကောက် ယူ မှုမှာ သူတို့ပါတီက အောက်လွှတ်တော်အမတ်နေရာ ၅၀၀ မှာ တ၀က်ကျော်ကျော်၊ ၂၇၀ လောက်ထိ နိုင်မယ်ဆိုတာ ဖော်ပြနေတယ်လို့ ဖွေ့ထိုင်းပါတီက ပြောပါတယ်။

ဖွေ့ထိုင်းပါတီက သူတို့ပါတီ နာမည်ကြီးအောင် ချဲ့ကားပြောဆိုနေတာတွေဟာ နိုင်ငံရေးအကြောင်းအချက်ရှိတယ်လို့ ဝေဖန်ရေးသမားတွေက ဆိုပါတယ်။ တကယ်လို့ ဖွေ့ထိုင်းပါတီက အောက်လွှတ်တော်မှာ သူတို့ ကြေညာထားသလို အနိုင်မရဘူးဆိုရင် ရွေကောက်ပွဲဟာ တရားမျှတမှုမရှိဘူးလို့ စွပ်စွဲပြောဆိုမှာကို သူ့အနေနဲ့ သံသယရှိတယ်လို့ ဒီမို ကရက်ပါတီခေါင်ဆောင် အဖိဆစ်ဝေ့ချာချီဝက ပြောပါတယ်။ ဒူးဆစ်၊ အာဘက်နဲ့နီဒါးတို့လို အဓိကစစ်တမ်း ကောက် ယူခဲ့တဲ့ ဘယ်အဖွဲ့ကြီးကမှ ဖွေ့ထိုင်းပါတီဟာ အောက်လွှတ်တော်မှာ အမတ်နေရာ အများစုရမယ်လို့ ဟောကိန်းမ ထုတ်ပါဘူး။ လို့ အဖိဆစ်က ပြောပါတယ်။

ဖွေ့ထိုင်းပါတီက အောက်လွှတ်တော်မှာ အများစု (၂၅၀ ကျော်)ရမယ်။ လို့ ယုံကြည်နေတယ်။ ဆိုတာကို သူ့အနေနဲ့ သံသယရှိပါတယ်။ လို့ ထုတ်ဖော်ပြောဆိုပါတယ်။ “ဒီလိုဖြစ်မယ်လို့ ယုံကြည်တယ်ဆိုရင် ဘာလို့ အစိုးရဖွဲ့ရေးကို သူ တို့ တောင်းခံနေရတာလဲ” လို့ အဖိဆစ်က မေးခွန်းထုတ်လိုက်ပါတယ်။ “ခင်ဗျားတို့အနေနဲ့ အမတ်နေရာ ၂၇၀ ရမယ် ဆို ရင် ဘာမှတောင် မေးနေစရာမလိုဘူး။ ခင်ဗျားတို့အခွင့်အရေးကို ဘယ်သူက ငြင်းပယ်နိုင်မှာလဲ”။

နောက်မေးခွန်းတခုက စစ်တမ်းကောက်ယူရာမှာ မဲပေးတဲ့သူတွေအကုန်လုံးက သူတို့ပြောတဲ့အချိန်မှာ ဘယ်ပါတီကိုမှ မဲပေးဖို့ မဆုံးဖြတ်ရသေးဘူးလို့ အမှန်ကိုပြောခဲ့တာပဲ ဖြစ်တယ်။ စစ်တမ်းမှာမဲပေးခဲ့တဲ့သူ အတော်များများက၊ အထူး သဖြင့် ဘန်ကောက်ကလူတွေက သူတို့အနှစ်သက်ဆုံးက ဘယ်ပါတီဆိုတာကို ထုတ်ဖော်ပြောဆိုတာ မဟုတ်ဘဲ မ ဆုံး ဖြတ်နိုင်သေးပါဘူးလို့ပဲ ပြောခဲ့တာ ဖြစ်ပါတယ်။ ဘန်ကောက်တက္ကသိုလ်က လုပ်ခဲ့တဲ့ နောက်ဆုံးစစ်တမ်း ကောက်ခံမှုတခုမှာ ပြဆိုနေတာကတော့ မဲပေးသူ ၄၄% က မဆုံးဖြတ်ရေးသေးဘူးလို့ပဲ ပြောဆိုခဲ့တာပါ။

မေးမြန်းတဲ့အခါမှာ ဒီမိုကရက်ပါတီထောက်ခံသူတွေက သူတို့အကြိုက်ပါတီကို မပြောပေမဲ့၊ ဖွေ့ထိုင်းပါတီ ထောက်ခံ သူတွေကတော့ သူတို့အကြိုက်ဆုံးပါတီကို မဆိုင်းမတွ အမည်တပ်ပြောပါတယ်။ လို့ ဘန်ကောက် တက္ကသိုလ်၊ သု တေသနဌာန၊ ညွှန်ကြားရေးမှူး၊ ဆူနီဆာဖရာဝိချိုင်းက ဂြိုလ်တုအခြေစိုက် ရုပ်သံ Spring News ဌာနကို ပြောခဲ့ပါ တယ်။ စစ်တမ်းကောက်တာက တိကျသလား၊ လွဲနေသလားဆိုတာကတော့ မဲပေးသူတွေက သူတို့မဲပြားတွေထည့်ပြီး တိုင်းပြည်ကို ဦးဆောင်ဖို့ ဘယ်ပါတီကို လိုလားသလဲဆိုတာကို ဆုံးဖြတ်တဲ့ ရွေးကောက်ပွဲနေ့မှာ အဖြေသိမှာ ဖြစ်ပါ တယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့