Wednesday, June 15, 2011

တရုတ်ရေကာတာအလုပ်သမား ၃၀၀ ခန့်အား KIA ကယ်ထုတ်

15 June 2011

မြန်မာစစ်တပ်က ပြန်ပြေးဆွဲသကဲ့သို့ထိန်းသိမ်းထားသော တရုတ်ရေကာတာအလုပ်သမား ၃၀၀ ခန့်အား KIA ကယ်ထုတ်ကာ တရုတ်နယ်စပ်သို့ပို့ဆောင်လိုက်သည်ဟု အလုပ်သမားနှင့်နီးစပ်သူများပြောသည်။

အင်မောက် (မိုးမောက်)မြို့နယ် တာပိန်ရေအားလျှပ်စစ်တွင် နှစ်နာရီကြာ မြန်မာ-KIA တိုက်ပွဲပြီးနောက် ၎င်း အလုပ်သမားများအား တရုတ်နယ်စပ်သို့ထွက်လာနိုင်သည်ဟု နယ်စပ်တရုတ်အာဏာပိုင်များပြောသည်။



ဇွန် ၉ ရက်စစ်ပွဲစတင်ချိန် ရေကာတာမှထွက်ခွာရန်ကြိုးပမ်းသည့် တရုတ်အလုပ်သမားများနှင့် CDT (China Datang Corporation) မှ တရုတ်အင်ဂျင်နီယာများအား မြန်မာစစ်တပ်က ပြန်ထွက်သွားခွင့် မပြုပဲ ရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းကို အတင်းပြုလုပ်ခိုင်းကြောင်း KIA အရာရှိတစ်ဦးပြောသည်။

တာခေါခ(တာပိန်မြစ်) ပေါ်မှ ရေအားလျှပ်စစ် ၂ ခုကို တရုတ် CDT ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ ပူးတွဲ၍ တည် ဆောက်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက အမှတ် ၁ စက်ရုံမှ လျှပ်စစ်ဓာတ်အားကို အင်မောက်နှင့် မန်မော် (ဗန်းမော်) သို့ ဖြန့်ဖြူးနေပြီဖြစ်သည်။

ဇွန် ၉ ရက် မြန်မာတပ်၏ထိုးစစ်ဆင်ပြီးနောက် ဇွန် ၁၃ တနင်္လာနေ့ ညနေပိုင်းမှ KIA က တနိုင်ငံလုံးအတိုင်း အတာ ပြည်တွင်းစစ်သို့ဖြစ်ပြီဟု ပြောဆိုသည်။

Ref: ကချင်သတင်းဌာန

0 comments:

အပေါ်သို့