Friday, June 17, 2011

နအဖတို့ရဲ့ စစ်သုံ့ပန်း

17 June, 2011

ဇွန်လ ၈ ရက် မနက်က ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIO ထိန်းချုပ်မြေထဲ နယ်ကျွံလာသည့် ခလရ ၄၃၇ မှ ဗိုလ်ကြီး မြတ်ကိုကို၊ ဗိုလ်ကိုကိုဝင်းနှင့် ရဲဘော် ရဲနိုင်တို့ကို ထိန်းသိမ်း ထားရာမှ နောက်တရက် ညနေ ၆ နာရီခွဲတွင် ပြန်လွှဲ ခဲ့သော်လည်း၊ နှစ်ဖက် တိုက်ပွဲ၌ အဖမ်းခံရသည့် KIA ဒုတပ်ကြပ် ချန်ယိန်းကိုမူ အစိုးရတပ်က ညှဉ်းပန်း သတ်ဖြတ် ခဲ့သည်ဟု ကချင် လွတ်မြောက်ရေး အဖွဲ့က ပြောဆိုခြင်း ဖြစ်သည်။

ပုံများပေါ်တွင် ကလစ်၍ ပုံကြီးကြည့်နိုင်ပါသည်။

KIA မှ ပြန်လည်လွှတ်ပေးလိုက်သော ဗိုလ်ကြီး မြတ်ကိုကို

KIA မှ ပြန်လည်လွှတ်ပေးလိုက်သော ဗိုလ်ကိုကိုဝင်း

KIA မှ ပြန်လည်လွှတ်ပေးလိုက်သော ရဲဘော် ရဲနိုင်

KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ မှ ဒုတပ်ကြပ် ချန်ယိန်းမှာ တိုက်ပွဲအတွင်း ဒဏ်ရာကြောင့် ကျဆုံး သွားပြီဟု ပြောဆိုကာ အလောင်းကို ဇွန်လ ၁၀ ရက်၊ ညနေ ၂ နာရီ ၅၅ မိနစ်တွင် KIA ဘက်မှ လက်ခံ ရရှိခဲ့ရာ အလောင်းမှာ သေနတ် ဒဏ်ရာကြောင့် သေဆုံးခြင်း မဟုတ်ဘဲ ရိုက်နှက် နှိပ်စက်၍ သတ်ဖြတ်ခဲ့သည့် လက္ခဏာများ တွေ့ခဲ့ရသည်။

အရောက်ပို့ပေးပါတယ်နော်ဆိုတဲ့ နအဖ

“ရဲဘော်ရဲ့ ကိုယ်ခန္ဓာအနှံ့ ထုထောင်းရိုက်နှက်၊ ဓားချွန်ထိုး၊ ဦးခေါင်းကျေမွ ဒဏ်ရာနဲ့ သေဆုံးတာ သိရတယ်။ ညာဘက် လက်ဖ၀ါးကလည်း ကျေမွ ပျက်စီးနေတယ်။ အစွမ်းကုန် ညှဉ်းပန်း နှိပ်စက်ပြီး သတ်ဖြတ်လိုက်တယ်။ KIO အဖွဲ့အစည်းက ဖမ်းမိတဲ့ အစိုးရတပ်သား၊ ၀န်ထမ်းတွေကို အမြဲ ကောင်းကောင်း မွန်မွန် ဆက်ဆံတယ်၊ အပ်တယ်၊ မေးမြန်းပြီး အားလုံးကို ပြန်လွှတ်တယ်၊ ပြန်အပ်တယ်” ဟု KIO အရာရှိ ဦးလှနန်က ဆိုပါသည်။


နအဖရဲ့ ယုတ်မာမှုကို ခံလိုက်ရသော KIA ဒုတပ်ကြပ် ချန်ယိန်း


0 comments:

အပေါ်သို့