Wednesday, June 15, 2011

မြစ်ကြီးနား-လိုင်ဇာ ကားလမ်းမကြား အဓိက တံတား ၃ စင်း ဖျက်ဆီးခံရ

15 June 2011

မြစ်ကြီးနား-လိုင်ဇာလမ်းရှိ ပေ ၁၀၀ အထက်ရှည်သည့် အဓိက တံတား ၃ စင်း သည် ဇွန် ၁၄၊ ယမန်နေ့ညက ဗုံးကွဲပျက်စီးသွားသည်ဟု KIA အရာရှိများပြောသည်။

ဝိုင်းမော်မြို့ရှိ တန် ၆၀ ခံ နန့်မြစ်(N-Myen Hka)ချောင်းကူးတံတား၊ KIO ရေအားလျှပ်စစ်ထုတ်လုပ်သည့် မလီ(Mali Hka)ချောင်းကူးတံတားနှင့် ကျန်တံတားတစင်းကို အတိအကျမသိရသေးပါ။



ယခုလုပ်ရပ်သည် မြန်မာစစ်တပ်၏ လမ်းပန်းဆက်သွယ်ရေးအား KIAမှ ပစ်မှတ်ထားတိုက်ခိုက်လာခြင်း ဖြစ်သည်။

Ref: ကချင်သတင်းဌာန

0 comments:

အပေါ်သို့