Thursday, June 16, 2011

NDA-K ခေါင်းဆောင်ဟောင်းများအား နေအိမ် အကျယ်ချုပ်ချ

15 June 2011

NDA-K ခေါင်းဆောင်ဟောင်း အမျိုးသားလွှတ်တော်အမတ် ဦးဇခုံတိန့်ယိန်းနှင့် NDA-K စစ်ဦးစီးချုပ်ဟောင်း ဦးဝေါ့လောဝ်တို့အား မြစ်ကြီးမြို့၎င်းတို့နေအိမ် တွင် မြန်မာအစိုးရက နေအိမ်အကျယ်ချုပ် ချထားသည်ဟု ခေါင်းဆောင်နှစ်ဦးနှင့်နီးစပ်သည် သူများပြောသည်။

ဒီမိုကရေစီသစ်တပ်မတော်-ကချင်ပြည်နယ် (New Democratic Army-Kachin, NDA-K) သည် မြန်မာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (Border Guard Force, BGF) အသွင်သို့ ၂၀၀၉ နိုဝင်ဘာလတွင် ပြောင်းလဲခဲ့သည်။


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်၏ အမိန့်ဖြင့် ယင်း ခေါင်းဆောင် ၂ ဦးအား နေအိမ် ပြင်ပထွက်ခွာခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ၎င်းတို့ဆွေမျိုးများက ပြောသည်။

NDA-K ကို ဖျက်သိမ်းပြီးဖြစ်သော်လည်း ၎င်းတို့နှစ်ဦးမှာ ယခုအခါ တပ်ရင်း ၃ ခုဖြင့် ဖွဲ့စည်းထားသည့် BGF အပေါ် သြဇာလွှမ်းမိုးသူများဖြစ်သည်ဟု ဆိုသည်။

ပြည်တွင်းစစ်အတွက် BGF တပ်အား အသုံး မ ပြု ရန်နှင့် ပြည်ပရန်သူအတွက်သာ အသုံးပြုရမည်ဟူသော အစိုးရနှင့် NDA-K ကြား သဘောတူညီဖြင့် NDA-K အား BGF သို့ပြောင်းလဲဖွဲ့စည်းခဲ့သည်။

သို့သော်ယခုအခါ အစိုးရက ယင်းသဘောတူညီမှုကိုဖောက်ဖျက်ကာ BGF တပ်များကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာဌာနချုပ်သို့ အခြားစစ်ကြောင်းများနှင့်အတူ ပို့ထားကြောင်း သိရသည်။
Ref: ကချင်သတင်းဌာန

0 comments:

အပေါ်သို့