Thursday, September 8, 2011

ဒီ​ကေဘီ​အေတပ်ဖွဲ့​ ပြန်လည်ပြင်ဆင်ဖွဲ့စည်း

September 7, 2011
နော်နိုရင်း

နယ်ခြား​ စောင့်​တပ်အသွင်ကူး​ပြောင်း​ဖို့​ ငြင်း​ဆိုခဲ့​တဲ့​ ဒီ​ကေဘီ​အေ တပ်ဖွဲ့ဝင်​တွေနဲ့​ အသွင်ကူး​ပြောင်း​ပြီး​မှ ပြန်လည်ပူး​ပေါင်း​လာတဲ့​ ဒီ​ကေဘီ​အေ​တွေ ပြန်လည်ပူး​ပေါင်း​ပြီး​ ဒီ​ကေဘီ​အေကို ပြင်ဆင်ဖွဲ့စည်း​လိုက်ပြီလို့​ တပ်မှူး​တဦး​က ​ပြောပါတယ်။

အသစ်ပြန်ဖွဲ့ တဲ့​ ဒီ​ကေဘီ​အေ (တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​ တပ်မ​တော်) ကို ဗိုလ်ချုပ်နှုတ်ခမ်း​မွှေး​ (ဗိုလ်ချုပ်​စောလား​ဘွဲ) က ဦး​ဆောင်ပြီး​ ကလိုထူး​ဝါး​နဲ့​ ကလိုထူး​လား​ဆိုတဲ့​ စစ်ဗျူဟာ ၂ ခု စနစ်တကျ သတ်မှတ်လိုက်တယ်လို့​ ဒီ​ကေဘီ​အေ ​ပြောခွင့်​ရသူ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။

“ဗျူဟာ၁၊​ ၂ဆိုပြီး​ ပြန်ဖွဲ့စည်း​တယ်။ မြဝတီ​တောင်ပိုင်း​နဲ့​ ​မြောက်ပိုင်း​ဆိုပြီး​ ရှိတဲ့​အတွက် ကိုယ်ကျရာ​ဒေသမှာ စစ်သား​ပီသစွာ တာဝန်ယူရမယ်၊​ ပြည်သူ​တွေအ​ပေါ်မှာ အနစ်နာခံ စာနာတတ်ဖို့​ ညွှန်ကြား​ပါတယ်။ ပြည်သူ​တွေနဲ့​ ​တော်လှန်​ရေး​အင်အား​စု​တွေ ပူး​ပေါင်း​ပြီး​ ကြံ့​ဖွံ့အစိုး​ရကို တွန်း​လှန်ဖို့​ကိုလည်း​ အ​လေး​နက်ထား​ ညွှန်ကြား​ခဲ့​ပါတယ်။”

ကလိုထူး​ဝါး​ စစ်ဗျူဟာကို ဗိုလ်မှူး​ချုပ်​ကျော်သက်က ဦး​ဆောင်ပြီး​ မြဝတီ၊​ ​ကော့​ကရိတ်​တောင်ဘက်​နေ ဘုရား​သုံး​ဆူအထိ တာဝန်ယူမှာဖြစ်ပါတယ်။

ကလိုထူး​လား​ စစ်ဗျူဟာကို​တော့​ ဗိုလ်မှူး​ချုပ်​စောဘိခို (​ခေါ်) ​စောဘိ ဦး​ဆောင်ပြီး​ မြဝတီမြို့မြောက်ဘက် မြိုင်ကြီး​ငူ​ဒေသ၊​ ဘား​အံ-လှိုင်ဘွဲဘက်ကို တာဝန်ယူမယ်လို့​ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။

ဗိုလ်မှူး​ချုပ်​စောဘိခိုဟာ နယ်ခြား​စောင့်​တပ်အသွင်​ပြောင်း​ပြီး​မှ ဒီ​ကေဘီ​အေနဲ့​ တရား​ဝင်ပြန်ပူး​ပေါင်း​ပြီး​ အခုလို တာဝန်​ပေး​အပ်ခံရတာပါ။

ဒီ​ကေဘီ​အေကို အထက်အမိန့်​ နာခံမှုနဲ့​ တိတိကျကျ တာဝန်​ကျေပွန်​အောင် ခုလို ပြင်ဆင်ဖွဲ့စည်း​တာပါလို့​လည်း​ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။

“စစ်တပ်ကို တ​သွေး​ တသံ တမိန့်​နဲ့​ သွား​အောင် အဆင့်​အဆင့်​ ​လေး​လေး​နက် နက် တာဝန်ယူတတ်​အောင် ညွှန်ကြား​နိုင်ဖို့​အတွက် ဖွဲ့စည်း​ပေး​လိုက်တာပါ။”

စစ်ဗျူဟာတခုကို တပ်ရင်း​ ၃ ရင်း​စီနဲ့​ ဖွဲ့စည်း​ထား​ပြီး​ ကွပ်ကဲ​ရေး​ဌာနချုပ်မှာ လုံခြုံရေး​တပ်ရင်း​ ၂ ရင်း​ ပါရှိတယ်လို့​ ဆိုပါတယ်။

ဒီ​ကေဘီ​အေဟာ ကရင်အမျိုး​သား​အစည်း​အရုံး​နဲ့​ စစ်​ရေး​၊​ နိုင်ငံ​ရေး​ ပူး​ပေါင်း​ဆောင်ရွက်သွား​မှာပါလို့​လည်း​ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့