Wednesday, September 7, 2011

မြန်မာ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် လူအများဆုံး စိတ်ဝင်စားနေကြသော သတင်း (၂) ပုဒ်

6/9/2011

ဘင်္ဂလာဒေခ်ျ့တွင် ယနေ့ ပြည်သူများ အထူးစိတ်ဝင်စားနေကြသော သတင်း (၂) ပုဒ်ရှိနေရာ အဆိုပါ သတင်းများကို ရုပ်သံ လိုင်း ၂၀ ကျော်မှ အဆက်မပြတ် ထုတ်လွှင့်လျှက်ရှိသည်။

အဆိုပါ သတင်းများမှာ အင်ဂျင်တီးနား ဘော်လုံး အသင်းနှင့် နိုင်ဂျီးရီးယား အသင်းတို့ ဘင်္ဂလာဒေခ်ျ့ မြေပေါ်တွင် ယနေ့ ချစ်ကြည် ရေး ကစားကြမည့် သတင်းနှင့် အိန္ဒိယ ၀န်ကြီးချုပ် မွန်မိုဟာဆင်း ယနေ့ ဒက္ကားမြို့သို့ ရောက်ရှိမည့် သတင်း ဖြစ်သည်။


အင်ဂျင်တီးနား အသင်းတွင် ကမ္ဘာ အကောင်းဆုံး ဘော်လုံးသမား တစ်ဦးဖြစ်သူ မက်စီလည်း ပါလာရာ သူ၏ ကစားဟန်ကို ဘင်္ဂလာပြည်သူများမှ အထူးကြည့်ရှု့ရန် လိုလားနေကြသည်။ ယမန်နေ့က နံနက်ပိုင်းက အင်ဂျင်တီးနား ဘော်လုံး အသင်း ဒက္ကားမြို့သို့ ဆိုက်ရောက်လာရာ လူထောင်ပေါင်းများစွာက ကြိုဆိုကြပြီး မက်စီကို ၀ိုင်းအုံကြည့်ရှု့ခဲ့ကြသည်။

မီပူရ်မြို့နယ်မှ ဂရမ်မီ ဖုံးအရောင်းဆိုင် ပိုင်ဆိုင် ဂျာမီးအား အင်ဂျင်တီးနားနဲ့ နိုင်ဂျီးရီးယား ဘော်လုံးပွဲ သွားကြည့်မလားဟု မေးကြည့်ရာ သူက ယခုလို ပြောသည်။

" အဓိက မက်စီ ကစားတာကို ကိုယ်တိုင် သွားကြည့်ချင်တယ်။ ဒါပေမယ့် လပ်မှတ်က အရမ်းဈေးကြီးတယ်။ ရိုးရိုးက ၆၅၀၀ တာကာ၊ အထူးတန်း ၁၅၀၀၀ ဆိုတော့ မနိုင်ဘူးဗျာ" ဟု ပြောသည်။

အင်ဂျင်တီးနားနှင့် နိုင်ဂျီးရီယား ချစ်ကြည်ရေး ဘောပွဲကို ယနေ့ ညနေပိုင်းတွင် ဒက္ကားမြို့ရှိ ဘင်ဂါဘင်ဒူ အားကစားကွင်းတွင် ကစားကြမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် နောက်ထပ် ပြည်သူများ စိတ်ဝင်စားနေသော သတင်းမှာ အိန္ဒိယ ၀န်ကြီးချုပ် မွန်မိုဟာဆင်း ဘင်္ဂလာဒေခ်ျ့ သို့ (၂) ရက်ကြာ လာရောက်လည်ပတ်မည့် သတင်း ဖြစ်သည်။ အိန္ဒိယ ၀န်ကြီးချုပ်သည် ယနေ့ နေ့လည် ပိုင်းတွင် ရောက်ရှိလာမည် ဖြစ်ရာ ကော်ဇောနီခင်းပြီး သေနတ် (၁၉) ချက်ပစ်ဖေါက်ကာ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်က ကြိုဆို သွားမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ အနေဖြင့် အိန္ဒိယ အစိုးရနှင့် စီးပွားရေး စာချုပ် အများအပြားကို လက်မှတ်ရေးထိုးရန် ရှိနေပြီး ထိုအထဲတွင် စစ်တကောင်းဆိပ်ကမ်းကို ကြားခံ ဆိပ်ကမ်း အဖြစ် အသုံးပြုရေး ကိစ္စ အပြင် ရေခွဲဝေ သုံးစွဲရေး ကိစ္စများကိုပါ သဘောတူ လက်မှတ်ရေးထိုးဖွယ်ရှိနေသည်။

အိန္ဒိယ ၀န်ကြီးချုပ် မွန်မိုဟာဆင်း၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်သည် သူ၏ ၀န်ကြီးချုပ် ဖြစ်လာပြီးနောက် ပထမဆုံး အိမ်နီးချင်း ခရီးစဉ် ဖြစ်သည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့