Thursday, September 8, 2011

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ရေပိုင်နက် အငြင်းပွားမူ ဖြေရှင်းရန် ဂျာမဏီနိုင်ငံသို့ ထွက်ခွာ

7/9/2011

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ်မူနီသည် ကုလသမဂ္ဂမှ ကြားဝင် ဖြေရှင်းပေးမည့် မြန်မာနှင့် အငြင်းပွားနေသော ရေပိုင် နက် ပြဿနာ ဖြေရှင်းရေးနှင့် ရေပြင်ပိုင်နက် သတ်မှတ်ရေး ကိစ္စတွင် ဘင်္ဂလာဒေခ်ျ့ဘက်က လိုလားချက်များကို တင်ပြရန် ယမန်နေ့က ဂျာမဏီနိုင် ဟန်းဘက်ဂ် မြို့သို့ ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။

ဧရာမ သဘာဝ ဓါတ်ငွေ့သိုက်ကြီးများ ရှိနေသည်ဟု ယူဆနေကြသော မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား အငြင်းပွားနေသော ရေပြင်ပိုင်နက်ကို ယနေ့ စက်တင်္ဘာလ (၈) ရက်နေ့ တွင် စတင် ကြားနာ စစ်ဆေးမည် ဖြစ်သည်။


အဆိုပါ ကြားနာ စစ်ဆေးမူကို ဂျာမဏီနိုင်ငံ ရှိ ကုလသမဂ္ဂရဲ့ အိုင်တီအယ်လ်အို လို့ အတို ကောက်ခေါ်သည့် International Tribunal for the law of Sea ဌာနချုပ်တွင် ပြုလုပ်မည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ကို စက်တင်္ဘာလ ၈ ရက်၊ ၉ ရက်၊ ၁၂ ရက်နှင့် ၁၃ရက်နေ့များတွင် စစ်ဆေးမည် ဖြစ်ပြီုး မြန်မာကို စက်တင်္ဘာ ၁၅၊ ၁၆၊ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ကြားနာ စစ်ဆေးမည် ဖြစ်သည်။

ဒုတိယ အကျော့ ကြားနာ စစ်ဆေးမူကို ဘင်္ဂလာဒေခ်ျ့အတွက် စက်တင်္ဘာ ၂၁ နှင့် ၂၂ ရက်နေ့များတွင် ပြုလုပ်မည် ဖြစ်ပြီး မြန်မာ ကို စက်တင်္ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

မြန်မာဘက်ကတော့ တရားသူကြီး အဖြစ် ပင်လယ် သမုဒ္ဒရာနှင့် ရေကြောင်း ပညာရပ်ကို ကျွမ်းကျင်သော ပါမောက္ခ ဘာနက် အိပ်ခ်ျ Bernard H Oxman ကို အဆိုပြု တင်ပြထားပြီး ဘင်္ဂလာဒေခ်ျ့ကတော့ ဂါနာ နိုင်ငံသား Thomas Mensah ကို အဆိုပြု ထားကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား ရေပြင်ပိုင်နက် အငြင်းပွားမူမှာ ၂၀၀၈ ခုနှစ် နိုဝင်္ဘာလတွင် စတင် ဖြစ်ပွားခဲ့သည်။ အဆို ပါ အငြင်းပွားမူကြောင့် နှစ်ဘက် စစ်သင်္ဘောများကို အငြင်းပွားရာ ရေပြင် ပိုင်နက်ထဲသို့ စေလွှတ်ခဲ့ကြသည့် အတွက် နှစ်နိုင်ငံ အကြား ပြဿနာ တင်းမာခဲ့သည်။ နှစ်နိုင်ငံစလုံးက နောက်ပိုင်းတွင် ပြဿနာကို ဆွေးနွေး အဖြေရှာကြရန် သဘောတူညီခဲ့ သဖြင့် ပြဿနာမှာ ပြေအေး သွားခဲ့ရသည်။

နှစ်နိုင်ငံကြား ရေပြင်ပိုက်နက် အငြင်းပွားမူကို ၂၀၁၂ ခုနှစ် မတ်လတွင် အဆိုပါ ခုံရုံးက အပြီးသတ် ဖြေရှင်းမည် ဖြစ်သည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့