Thursday, September 8, 2011

မီဒီယာဥပ​ဒေ ​ရေး​ဆွဲ​နေပြီဟု ပြန်ကြား​ရေး​ဝန်ကြီး​ ​ပြော

September 7, 2011
အံ့ဘုန်းမြတ်

သတင်း ​မီဒီယာ​တွေနဲ့​ဆိုင်တဲ့​ ဥပ​ဒေ​တွေကို ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက ဦး​ဆောင်​ရေး​ဆွဲ ​နေပြီး​ လွှတ်​တော်ကို မကြာခင် တင်သွင်း ​မယ်လို့​ ပြန်ကြား​ရေး​ဝန်ကြီး​က ဒီ​နေ့​ ပြည်သူ့​ လွှတ်​တော် အစည်း​အ​ဝေး​မှာ ​ပြောပါတယ်။

သတင်း​မီဒီယာ​ တွေ လွတ်လပ်စွာ ​ဖော်ထုတ်ခွင့်​ကို ကာကွယ်​စောင့်​ရှောက်​ပေး​ ​ရေး​ ဥပ​ဒေတရပ် ပြဋ္ဌာန်း​ဖို့​ သင်္ဃန်း​ကျွန်း​မြို့နယ် ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​ မ​နေ့​ကအစည်း​အ​ဝေး​မှာ အဆိုတင်ခဲ့​တာကို​တော့​ ဒီ​နေ့​အစည်း​အ​ဝေး​မှာ မှတ်တမ်း​တင်ပါတယ်။

ဒီအဆိုနဲ့​ ပတ်သက်ပြီး​ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​က မီဒီယာဥပ​ဒေ ပြဌာန်း​ ဖို့​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက ​ရှေ့​နေချုပ်ရုံး​ကို ဇူလိုင်ကတည်း​က ​ပေး​ပို့​ထား​ပြီး​ အကြံညာဏ်ယူ​နေပါတယ်၊​ စသည်ဖြင့်​ တင်ပြသွား​တယ်လို့​ ဦး​သိန်း​ညွန့်​က ​ပြောပြပါတယ်။

“​နောက်တပတ် လွှတ်​တော်မှာ မ​ဆောင်ရွက်ဘူး​ ဆိုရင် ကျ​နော်က ဒီအဆိုကို မှတ်တမ်း​တင်ထား​တဲ့​အ​ပေါ်မှာ အ​ခြေခံပြီး​တော့​ ​နောက် လာမယ့်​ လွှတ်​တော်မှာ ကျ​နော် ထပ်မံ​ဆွေး​နွေး​မှာပါ”လို့​ ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

ပြန်ကြား​ရေး​ ဝန်ကြီး​ဌာနက ​ရေး​ဆွဲတင်သွင်း​လာမယ့်​ ဥပ​ဒေမူကြမ်း​မှာ သတင်း​မီဒီ ယာသမား​တွေအတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်မယ့်​ ဥပ​ဒေမျိုး​တွေ ပါဝင်လာရင်လည်း​ ပြင်ဆင်နိုင်ဖို့​ ကြိုး​စား​မယ်လို့​လည်း​ ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

“သူတို့​ တကယ်တင်သွင်း​လာရင် အဲဒီ ဥပ​ဒေကြမ်း​အ​ပေါ်မှာ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ဖို့​ အ​ထောက်အကူမပြုဘူး​ဆိုရင် နိုင် တာ ရှုံး​တာ အပထား​ ပြင်ဆင်ချက် အဆိုတင်သွင်း​ပြီး​တော့​ တိုင်း​ပြည်ကသိ​အောင် ကျ​နော်လုပ်ရမှာ​ပေါ့​။ ကျ​နော်တတ်နိုင် သ​လောက်​တော့​ လုပ်မှာ။”

ဝန်ကြီး​ဦး​ ကျော်ဆန်း​က ပြည်သူ့​လွှတ်​တော်မှာ နာရီအ​တော်ကြာ ​ပြောကြား​သွား​ ရာမှာ စာ​ပေလွတ်လပ်ခွင့်​ကို ထိန်း​ချုပ်ထား​ရတာ ကိုလည်း​ ရှင်း​လင်း​သွား​တယ်လို့​လည်း​ ဒီ့​ပြင်ကိုယ်စား​လှယ်တဦး​က ​ပြောပါတယ်။

“စာ​ ပေလွတ်လပ်ခွင့်​ဆိုတာကလည်း​ စည်း​မဲ့​ကမ်း​မဲ့​ ဒီအချိန်မှာ လုပ်လို့​ မရ​သေး​ ဘူး​တဲ့​၊​ ဒီမိုက​ရေစီဆိုတာ ဒီနိုင်ငံရဲ့​ ​မွေး​ကင်း​စ က​လေး​လိုပဲ ရှိပါ​သေး​တယ်။ ​နောက်​တော့​ တဖြည်း​ဖြည်း​နဲ့​ ​လျော့​ပေါ့​ပြီး​တော့​ ဥပ​ဒေ​တွေပြဋ္ဌာန်း​ပြီး​ အဆင့်​ဆင့်​လုပ်လာရင် ဒီ ဥပ​ဒေ​တွေဟာ သီး​ခြား​ ဒီလွှတ်​တော်မှာ ပြဋ္ဌာန်း​စရာမလိုဘဲနဲ့​ တစတစနဲ့​ သူတို့​က ​လျှော့​ပေါ့​ပြီး​ တိုး​လာဖို့​ အ​ခြေအ​နေ ရှိပါတယ်လို့​ ​ပြောပါတယ်။”

စာ​ပေစိစစ်​ ရေး​ကို ​ဝေဖန်​နေကြ​ပေမယ့်​ ဒီစာ​ပေစိစစ်​ရေး​ဟာ မီဒီယာသမား​တွေ အ​ပေါ် အကျိုး​ရှိ​စေပါတယ်လို့​ ကာကွယ်​ပြောကြား​ သွား​တယ်လို့​လည်း​ အဲဒီကိုယ်စား​လှယ် က ပြန်​ပြောပြပါတယ်။

“ဦး​ကျော်ဆန်း ​က စာ​ပေစိစစ်​ရေး​ဆိုတာ နှစ်ဘက် ညှိနှိုင်း​ဖြေရှင်း​ရပါတယ်။ သတိ ​ပေး​လို့​လည်း​ ရပါတယ်။ စာ​ပေထုတ်​ဝေခွင့်​ကို ​ခေတ္တရပ်ဆိုင်း​ထား​လို့​ ရပါတယ်။ ဒါ​ကြောင့်​ မနစ်နာပါဘူး​တဲ့​။ ဥပ​ဒေအရ အ​ရေး​ယူတယ်ဆိုတာက​တော့​ ပြတ်သား​တယ်၊​ တိကျ တယ်၊​ ပြင်း​ထန်တယ် အဲဒါ​ကြောင့်​ အဲဒီလိုအ​ခြေအ​နေမျိုး​ မ​ရောက်ခင် စာ​ပေစိစစ်​ရေး​အဖွဲ့က ဟန့်​တား​ပေး​ရတာအတွက် အဲဒါ ဟာ နှစ်ဦး​နှစ်ဘက် အကျိုး​ရှိပါတယ်လို့​ ​ဖြေသွား​ပါတယ်။”

ဒီက​နေ့​ ပြည်သူ့​လွှတ်​တော်အစည်း​အ​ဝေး​မှာ ဦး​သိန်း​ညွန့်​တင်သွင်း​တဲ့​ နိုင်ငံတကာစံချိန်စံညွှန်း​နဲ့​ညီတဲ့​ အလုပ်သမား​အခွင့်​အ​ရေး​ကာကွယ်တဲ့​ဥပ​ဒေ ပြဋ္ဌာန်း​ဖို့​ အဆိုကိုလည်း​ သက်ဆိုင်ရာဝန်ကြီး​ဌာနက လုပ်​ဆောင်​နေပြီဖြစ်တာ​ကြောင့်​ အတည်မပြုဘဲ မှတ် တမ်း​အဖြစ် ထား​ရှိခဲ့​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့