Thursday, September 8, 2011

UWSA ကို သမ္မတ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

2011-09-07

စက်မှု ၁- ၀န်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော်တို့ နှစ်ဦးက သမ္မတ ဦးသိန်းစိန်ရဲ့ ကိုယ်စားလှယ်အနေနဲ့ UWSA ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို ဒီကနေ့ ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အခုလို တွေ့ဆုံနိုင်ဖို့ လွန်ခဲ့တဲ့ နှစ်ပတ်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က UWSA ပန်ဆန်းမြို့ကို တယ်လီဖုံးနဲ့ ဆက်သွယ်ခဲ့သလို နိုင်ငံတော် သမ္မတရုံးက UWSA ဥက္ကဌ ပေါက်ယူချမ်း ထံကို စာတစောင် ပို့ခဲ့တာ ဖြစ်ပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်ပြီး ၀နယ်အတွင်းရှိ တပ်ရင်းတပ်မ အသီးသီးနဲ့ ဌာနမှူးတွေကို ဗဟိုက အစည်းအဝေး ခေါ်ယူပြီးနောက် ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

UWSA ဘက်က စေလွတ်လိုက်တဲ့ ကိုယ်စားလှယ် အဖွဲ့မှာ ဦးပေါက်ယူချမ်းရဲ့ ညီ ဦးပေါက်ယူလျံ (ဘဏ္ဍာရေးနဲ့ စီးပွားရေးဌာမှူး) က ဦးဆောင်ပြီး ဦးကျောက်ကော်ယုံ (နိုင်ငံတကာ ဆက်ဆံရေး ဌာနမှူး) တို့နဲ့ ဦးအောင်မြင်(ပြန်ကြားရေးဌာန) တို့ ပါဝင်ကြ တယ်လို့ ပြောပါတယ်။

လတ်တလော အနေနဲ့ ဘာတွေ ဆွေးနွးကြသလဲ ဆိုတာ မသိရသေးပေမဲ့ UWSA ကို သမ္မတရဲ့ ကိုယ်စားလှယ် အဖွဲ့က လာပြီး တွေ့ဆုံတယ် ဆိုတာဟာ တခြား တိုင်းရင်းသားတွေနဲ့ ၀အဖွဲ့ကို ခွဲထုတ်လိုက်တာ ဖြစ်တယ်လို့ တရုပ် မြန်မာ နယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော်က ပြောပါတယ်။

UWSA အဖွဲ့ဟာ စစ်အစိုးရ လက်ထက်က အဆိုပြုထားတဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံခဲ့တဲ့ အပြင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ၀ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ၈ ခုထဲမှာ ထည့်သွင်းထားပေမဲ့ UWSA က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ၀ပြည်နယ် တောင်းဆိုထားတာ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့