Monday, September 5, 2011

မြန်မာ နှစ်ဦးကို ဘင်္ဂလာဒေခ်ျ့ စစ်တပ်ကဖမ်း

9/4/2011
မောင်အေး

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင်တွင် မြန်မာနိုင်ငံမှ ရခိုင် အမျိုးသား နှစ်ဦးကို လွန်ခဲ့ သည့် သောကြာနေ့ ညနေပိုင်းက ဘင်္ဂလာ စစ်တပ်မှ ဖမ်းဆီး သွားခဲ့သည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ သိန်းမောင်(၃၆)နှစ်နှင့် စိန်သာမောင် (၅၅)နှစ်တို့ဖြစ်ပြီး သူတို့နှစ်ဦးကို ရွာတော်မြို့ တောင်ပိုင်း ရုံမော် ဈေး အနီးရှိ ဆိုင်တဆိုင်မှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောသည်။


" ဈေးအရှေ့ဘက်က တံတားအနီးမှာ အေးသန်းဆိုတဲ့ အမျိုးသမီး တယောက် ဆိုင်ရောင်းချလို့ ရှိတယ်။ အဲဒီဆိုင် ကဖမ်း သွား တာ။ သူတို့ကိုဖမ်းတာ နိုင်ငံခြားသားဆိုပြီး ဖမ်းတာပါ။ တခြား ကိစ္စတော့ မပါဘူး"ဟု ရုံမော်ဈေးးမှ လူကြီးတဦးက ပြော သည်။

ရုံမော်ကျေးရွာတွင် လူမှုရေးပြဿနာ တခုဖြစ်ပွားနေသည့် အတွက် အဆိုပါပြဿနာကို စစ်ဆေးရန် စစ်တပ်မှ လာ ရောက်စဉ် ယခုကဲ့သို့ အဖမ်း ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဖြစ် သည်ဟုပြောဆိုသော်လည်း မည်သည့် နေရာ ဒေသမှ ဖြစ်ကြောင်းနှင့် မည်သည့် ကိစ္စကြောင့် ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက် လာသည်ကို အတိအကျ မသိကြောင်း အဆိုပါ လူကြီးမှ ပြောသည်။

သူတို့ နှစ်ဦးကို ဖမ်းဆီးပြီး နောက်တနေ့ တွင် ဘင်ဒရာဘင်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရာဘင်၊ ခါကရာဆိုးရီးနှင့် ရင်ဂါမတီခရိုင်သို့ နှစ်စဉ် နှစ်တိုင်း မြန်မာ နိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံတောင်ပေါ်သားများဖြစ်ကြသည့် မေဇူရန်၊ အာသံ၊ ထရီပူရနှင့် နာဂလန်လူမျို့တို့ ရာနှင့်ချီပြီး တရားမ၀င် ၀င်ရောက်ကာ အခြေချ နေထိုင်လျှက် ရှိကြောင်း ယနေ့ထုတ် ဘင်္ဂလီ သတင်းစာတစောင်ဖြစ်သည့် Daily Amardesh သတင်းစာတွင် ရေးသားသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့