Thursday, September 8, 2011

ပြည်ပထွက် အလုပ်လုပ်သူများ​အတွက် အသက်အာမခံ စတင်​တော့​မည်

September 7, 2011
မန်းစိုင်းမွန်

ပြည်ပထွက်ပြီး​ အလုပ်လုပ်သူတိုင်း​ အသက်အာမခံ မထား​မ​နေရစနစ်ကို အ​ကောင်အ ထည်​ဖော်ဖို့​ မြန်မာအစိုး​ရက ပြင်ဆင်​နေ ပါတယ်။

ပြည်ပမထွက်ခွာမီ အသက်အာမခံ​ကြေး​ ကျပ် ၂,၅၀၀၀ နှုန်း​ ​ပေး​ဆောင်ပြီး​မှ အာမခံမလုပ်သူကို ခွင့်​ပြုမှာမဟုတ်ဘူး​လို့​ ပြည်တွင်း​ ရုပ်မြင်သံကြား​လိုင်း​ MRTV-4 က အာမခံလုပ်ငန်း​တာဝန်ရှိသူကို ကိုး​ကား​ပြီး​ သတင်း​ထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်ကို အလုပ်သမား​ဝန်ကြီး​ဌာနနဲ့​ မြန်မာ့​အာမခံလုပ်ငန်း​တို့​ ပူး​ပေါင်း​ ပြင်ဆင်​နေတယ်လို့​ ဆိုပြီး​ ပြည်ပ​ရောက်နှင့်​ပြီး​သူ​တွေကို ဘယ်လို​ကောက်ခံမယ် ဆိုတာ​တော့​ မသိရပါဘူး​။


အာမခံထား​တဲ့​ အလုပ်သမား​တွေဟာ နိုင်ငံခြား​မှာအလုပ်လုပ်ရင်း​ ​သေဆုံး​ရင် အာမခံ​လျော်​ကြေး​ ကျပ်သိန်း​ ၅၀ ရမှာဖြစ်ပြီး​၊​ ထိခိုက်ဒဏ်ရာရမှုအတွက်​တော့​ ထိခိုက်မှု​ပေါ်မူတည်ပြီး​ အာမခံ​လျော်​ကြေး​ ရရှိမယ်လို့​ဆိုပါတယ်။

အလုပ်သမား​ တွေအတွက် ခံစား​ခွင့်​နဲ့​ ပတ်သက်လို့​ မြန်မာ့​အာမခံလုပ်ငန်း​ မန်​နေဂျာ ဦး​မောင်​မောင်သိမ်း​ကို ဒီဗွီဘီက ဆက်သွယ်​မေး​မြန်း​ရာမှာ ​ဖြေကြား​ဖို့​ ငြင်း​ဆိုပါတယ်။

အာမခံရဖို့​ အတွက် တရား​ဝင်အလုပ်သမား​အေဂျင်စီရဲ့​ထောက်ခံစာ၊​ ပြည်ပက​ခေါ် ယူတဲ့​ အလုပ်ခန့်​စာ၊​ နိုင်ငံကူး​လက်မှတ်နဲ့​အတူ မိမိကိုယ်စား​ခံစား​ခွင့်​ရှိသူကို ​ခေါ်​ဆောင် လာပြီး​ အလုပ်သမား​ဝန်ကြီး​ဌာနမှာ ​လျှောက်ရမည်ဟု MRTV-4 သတင်း​အရ သိရပါ တယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှား​ပါး​မှု၊​ ဝင်​ငွေနည်း​ပါး​မှုတို့​ကြောင့်​ အိမ်နီး​ချင်း​နိုင်ငံ ​တွေမှာ သွား​ရောက်အလုပ်လုပ်​နေတဲ့​ မြန်မာ နိုင်ငံသား​ သန်း​နဲ့​ချီ ရှိ​နေပါတယ်။ ထိုင်း​နိုင်ငံမှာ​တော့​ မြန်မာနိုင်ငံသား​ သုံး​သန်း​လောက်ရှိတဲ့​အနက် အလုပ်လုပ်ခွင့်​မှတ်ပုံ တင် ထား​သူ ​ခြောက်သိန်း​ကျော်တယ်လို့​ ထိုင်း​အစိုး​ရက ​ပြောထား​ပါတယ်။

မြန်မာ့​ အလုပ်သမား​အ​ရေး​ ကူညီ​နေတဲ့​ ထိုင်း​အ​ခြေစိုက် မြန်မာအသင်း​ တာဝန်ရှိ သူ ဦး​ကျော်​သောင်း​က​တော့​ ထိုင်း​နိုင်ငံဆိုင်ရာ မြန်မာသံရုံး​ဟာ မြန်မာအလုပ်သမား​တွေ ထိခိုက်နစ်နာ​သေဆုံး​မှု​တွေကို အစဉ်အဆက် လျစ်လျူရှုခဲ့​ပြီး​ အခု အာမခံ​ကြေး​အစီအ စဉ်ဟာလည်း​ မြန်မာအလုပ်သမား​တွေဆီက ​ငွေ​ကောက်ခံနိုင်​အောင်လုပ်တဲ့​ အစီအစဉ်တခုပဲလို့​ ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့