Wednesday, October 24, 2012

တစ်နိုင်ငံလုံးရှိ (၁)နှစ်အောက် ကလေးငယ်များ (၅)မျိုးစပ်ကာကွယ်ဆေး ထိုးရမည်

သန့်ဇင်ဝင်း(မြစ်မခ)
24 Oct, 2012

ငါးမျိုးစပ်ကာကွယ်ဆေးအသစ်တစ်မျိုးအား တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်အရ နိုဝင်ဘာလ(၆)ရက်တွင် တစ်နှိင်ငံလုံး အတိုင်းအတာဖြင့် အသက်(၁)နှစ်အောက်ကလေးငယ်များကို ထည်သွင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

အဆိုပါ ငါးမျိုးစပ်ကာကွယ်ဆေးသည်၊ ကလေးငယ်များတွင် ဖြစ်ပွားတတ်ပြီး သေဆုံးမူနူန်းမှာလည်း များသောရောဂါ များဖြစ်သော ဦးနှောက်အမြှေးပါးရောင်ရောဂါနှင့်နမိုးနီးယား ရောဂါကာကွယ်ရန်အတွက်ဖြစ်ပြီး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်ရောဂါ၊ အသည်း ရောင် အသားဝါဘီရောဂါ၊ ကာကွယ်ဆေး(၅)မျိုး ပါဝင်ပေါင်းစပ်ထားသော ကာကွယ်ဆေး ဖြစ်ကြောင်းသိရသည်။

“အရင်က ကာကွယ်ဆေးတစ်မျိုးစီလာတဲ့အတွက် ကာကွယ်ဆေးတစ်ကြိမ်သွားထိုးရင် ရောဂါတစ်မျိုးပဲကာကွယ် နိုင်မယ်၊ အခု ဆေးက ကလေးတစ်ယောက် မိခင် မအားလို့ ဆေးသွား မထိုးပေးနိုင်ရင် ရောဂါငါးမျိုးကို ကာကွယ်နိုင်တဲ့ ဆေးဖြစ်တဲ့ အတွက် ရောဂါ ငါးမျိုး ရနိုင်တယ် အဲ့ဒီရောဂါတွေကို မကာကွယ်နိုင်တော့ဘူး”ဟု ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း စီမံချက်မှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းမှပြောသည်။

အဆိုပါ(၅)မျိုးစပ်ကာကွယ်ဆေးအား ကလေးအသက်(၂)လတွင် တစ်ကြိမ် စတင်ထိုးပေးရမည်ဖြစ်ပြီး အသက်(၄)လတွင် တစ်ကြိမ်၊ (၆)လတွင်တစ်ကြိမ် (၃) ကြိမ်ထိုးရမည်ဖြစ်ပြီး ဘီစီဂျီ၊ပိုလီယိုအစက်ချ ကာကွယ်ဆေးနှင့်အတူတကွ ဘေးအန္တ ရာယ် ကင်းစွာထိုးနိုင်ကြောင်း ကိုလည်း သိရသည်။

“ဟေမိုမီလပ်အင်ဖလူရင်ဇာ(ဘီ)ရောဂါပိုးဟာ လေထဲကနေ ကူးစက်တာဖြစ်တယ်၊ ကလေးတွေရဲ့ နှာခေါင်းနဲ့ ပါးစပ်ကနေ ကူးစက်တာ၊ အသက်ရူလမ်းကြောင်းကနေ ကူးစက်တာပါ။ မြန်မာနှိင်ငံမှာ ငါးနှစ်အောက်ကလေး သေဆုံးမူမှာဝမ်းပျက်၊ ၀မ်း လျှောရောဂါပြီးရင် ဒုတိယအများဆုံးက ဦးနှောက်အမြှေးပါးရောင် ရောဂါနဲ့နမိုးနီးယားရောဂါကြောင့် ဖြစ်တယ်၊ ဒါကြောင့် နှိင်ငံ တော်အစိုးရရဲ့ ငွေကြေးထောက်ပံမှု အလုရှင်များရဲ့ပံပိုးကူညီမူတွေနဲ့ နောင်မျိုး ဆက်ဖြစ်လာမယ့် ကလေးငယ်တွေအတွက် ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာ”ဟုကျန်းမာရေးဦးစီးဌာန မှညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်ငြိမ်း မှပြောသည်။

နှိင်ငံတော်အစိုးရအနေဖြင့် (၅)မျိုးစပ် ကာကွယ်ဆေးတစ်နှစ်စာအတွက် ကန်ဒေါ်လာ(၁.၃)သန်းနှင့် အလှူရှင်များမှ ကန်ဒေါ် လာ(၁၀)သန်း ထည့်ဝင်ထားပြီးငါးနှစ်စာအတွက်ထည်ဝင် ထားခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

အဆိုပါဆေးတစ်ပုလင်း၏တန်ဖိုးမှာကန်ဒေါ်လာ(၁၇.၅)ကျသင့်မည်ဖြစ်ပြီး ဆေးတစ်ပုလင်းလျှင် ကလေး(၁၀)ဦးအား ထိုးပေး နိုင်မည် ဖြစ်သည်။

“HIB ရောဂါပိုးက လေထဲက ကူးစက်ပါတယ်၊ပြင်းထန်အဆုတ်ရောင်ရောဂါဟာ ကလေး ၄လမှ ၁၈လအတွင်းမှာ အများဆုံးဖြစ် တယ်၊ ရောဂါဖြစ်ပွားရင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ပါတယ်၊ မသေဆုံးရင်လည်း ဒုက္ခိတ ဖြစ်သွားတာ၊ နား ပင်းသွားတာ၊ဥာဏ်ရည်နိမ့်သွားတာတွေ ဖြစ်သွားနိုင်ပါတယ်။ ကလေးမွေးတဲ့ အချိန်မှာ မိခင်ရဲ့မွေး လမ်းကြောင်းနဲ့ နို့ရည်က ကလေးအတွက် ခုခံပဋိဇီဝဓာတ်ရတယ်၊ အဲ့ဒီခုခံပဋိဇီဝဓာတ်က ကလေးရဲ့ ခန္တာကိုယ်ထဲမှာေ မွး စကနေ ၂လသားအရွယ်အထိ ရှိတယ်၊ဒါ့ကြောင့်(၅) မျိုးစပ် ကာကွယ်ဆေးကို ကလေး ၂ လသား အရွယ်မှာ စတင်ထိုး တာဖြစ်ပါတယ်”ဟု ကျန်းမာရေးဦးစီး ဌာနတိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းစီမံချက် လက် ထောက် ညွှန်ကြားရေး မှူး ဒေါက်တာကျော်ကံကောင်းက ပြောသည်။

ကလေးများအား (၅)မျိုးစပ် ကာကွယ်ဆေးထိုးရန်အတွက် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းပေးခြင်း၊ တစ်ခါ သုံးဆေးထိုး အပ်များသာ အသုံးပြုစေရန်ညွှန်ကြားထားခြင်း၊ ကာကွယ်ဆေးများအာနိသင်မပျက်ပြယ်စေရန် 2ံC မှ 8ံC ရှိ အအေးလမ်း ကြောင်း ဖြင့် သယ်ဆောင်ခြင်းလုပ်ငန်းများအတွက်လည်း စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့