Monday, October 22, 2012

မြန်မာ့ နှမ်းကို ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ မလေးနှင့် တရုတ်တို့ ဝယ်ယူ

ခင်မျိုးသွယ်
အောက်တိုဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ်

ပြည်တွင်းတွင် စိုက်ပျိုး ထုတ်လုပ်လျက်ရှိသော နှမ်းများကို ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့က ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း ဝယ်ယူမှုများ ရှိခဲ့ကြောင်း ပဲ၊ နှမ်း ကုန်သည်များအသင်းမှတဆင့် သိရှိရသည်။

“ပြည်တွင်းထုတ် နှမ်းကို ပင်လယ်ရေကြောင်းက တဆင့် အောက်တိုဘာလ ပထမပတ်ထဲမှာ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ မလေး ရှားနဲ့တရုတ်နိုင်ငံတွေကို တန်ချိန် ၁,၃၀၀ ကျော် တင်ပို့ခဲ့ရတယ်။ အဲဒီထဲက တန် ၆၀၀ ကျော်ကို ဂျပန်က ဝယ်ယူတာပါ။ နယ်စပ် ကုန်သွယ်ရေးစခန်းက တဆင့် တင်ပို့မှုကို ကြည့်ရင် အောက်တိုဘာ ၃ ရက်ကနေ ၉ ရက်အတွင်း တရုတ်ကို မူဆယ် ကနေ ၁၉၆ တန်ကျော်နဲ့ ထိုင်းကို မြဝတီနယ်ကနေ ၂,၇၁၆ တန် တင်ပို့မှု ရှိခဲ့ပါ တယ်” ဟု ရန်ကုန်မြို့၊ ဗဟို စည် အိမ်ရာရှိ ပဲ၊ နှမ်း လက်ကြီး ကုန်သည်ကြီး တဦးက ပြောသည်။

စက်တင်ဘာလ အတွင်းကလည်း ပင်လယ်ရေကြောင်းဖြင့် တန်ချိန် ၃,၈၀၀ ခန့်နှင့် နယ်စပ်ကုန် သွယ်ရေးစခန်းများမှ ၁၆၇.၄၆ တန် တင်ပို့ခဲ့ရသည်။

မြန်မာနိုင်ငံမှ တင်ပို့နေသည့် နှမ်းများမှာ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းအခွံချွတ်၊ နှမ်းညိုနှင့် နှမ်းနီတို့ ဖြစ်ကြသည်။

ယခုသီတင်းပတ်အတွင်း နှမ်းဈေးများမှာ နှမ်းဖြူ ၁ တန်လျှင် ၁၀၉၁၇၁၁ ကျပ်နှင့် နှမ်းနက် ၁ တန်လျှင် ၁၁၈၄၅၄၉ ကျပ်တို့ ရှိနေကြောင်း သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့