Wednesday, October 24, 2012

စစ်တွေမှ တက္ကသိုလ်ကျောင်းသားများ ငြိမ်သက်စွာဆန္ဒထုတ်ဖော်

24 Oct, 2012

ယနေ့ အောက်တိုဘာလ(၂၄)ရက် နံနက်(၉)နာရီမှစ၍ စစ်တွေနည်းပညာတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်စသည့် တက္ကသိုလ်(၃)ခုမှ ကျောင်းသားများပူးပေါင်း၍ ငြိမ်သက်စွာ ဆန္ဒထုတ်ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဆန္ဒထုတ်ဖော်လိုက်သော တောင်းဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်အသီးသီးတွင် လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံး ဖြည့် ဆည်းပေးရန်။

၂။ ယခုဖွင့်လှစ်ရန်စီစဉ်လျှက်ရှိသော တောင်ကုတ်ကောလိပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပေး ပါရန်။

၃။ တက္ကသိုလ်ကျောင်းသား/သူများ စိတ်ချမ်းသာစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာလမ်းတ လျှောက်နှင့် ပတ်ဝန်ကျင်ရှိ ဘင်္ဂါလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးပါရန်။ (ဘုမေကျေးရွာ၊ ဘုမေ လက်သမားကျေးရွာ၊ ခတင်ပိုက် ကျေးရွာ)

၎။ တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသား/သူများ နေထိုင်မည့် အဆောင်များ အမြန်ဆုံး ဆောက်လုပ် ပေးပါ ရန်နှင့် ပြည်နယ်အစိုးရအနေနှင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီးကားများကို ဆောင်ရွက် ပေးရန်။

၅။ တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက် ဘင်္ဂလီလူမျိုး ကျောင်းသား/သူများနှင့်အတူတကွ ပညာ သင်ကြား ခြင်းမှ ရပ်တန့်ပေးရန်။

Ref: မြစ်မခ

0 comments:

အပေါ်သို့