Wednesday, October 24, 2012

နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောင့်ယှက်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ပယ်ဖျက်ရန် ဆွေးနွေး

ဝင့်သင်ဇာကျော် (မြစ်မခ)
24 Oct, 2012

၂၀၁၂ခုနှစ် အောက်တိုဘာ၂၃ရက်နေ့ ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(၄)ရက်မြောက်နေ့၌ ၁၉၇၅ခုနှစ်က ပြည်သူ့ လွှတ်တော် ဥပဒေအမှတ်(၃)အဖြစ် ပြဌာန်းခဲ့သည့် နိုင်ငံတော် လုံခြုံရေးကို ထိပါး နှောင့်ယှက်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ပယ်ဖျက်ရန်ဆွေးနွေးခဲ့ကြသည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် များထံက သိရှိရသည်။

“ဒီနေ့ ဆွေးနွေးဖြစ်တာက သိပ်တော့မရှိပါဘူး။ ဒါပေမဲ့ ၁၉၇၅ခုနှစ်က ပြဌာန်းခဲ့တဲ့ နိုင်ငံတော်ရဲ့တာဝန် ၀တ္တရားကို နှောင့်ယှက် ဖျက်ဆီးခြင်းမှ ကာကွယ်တဲ့ဥပဒေကို ပယ်ဖျက်ဖို့ ဆွေးနွေးတာရှိတယ်။ စက်မှုဇုန်ဥပဒေကို ပြဌာန်းပေးဖို့ အဲ့ဒါ လောက်ပါပဲ”ဟု တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင် မောင်ဥာဏ်က ပြောသည်။

ပြည်သူ့ လွှတ်တော်၌ ၁၉၇၅ခုနှစ် ပြည်သူ့လွှတ်တော်၌ပြဌာန်းခဲ့သော ဥပဒေအချို့ကိုပယ်ဖျက်ရန် ဆွေးနွေးခဲ့ခြင်း၊ စက်မှုဇုန် ဥပဒေ ပြဌာန်းရန် တင်ပြခြင်းမျိုးရှိခဲ့သော်လည်း အစိုးရမှ စတင်ဆောင်ရွက်နေခြင်းကြောင့် မှတ်တမ်းတင် ခဲ့ခြင်းနှင့် တိုင်းရင်းဆေး ကောင်စီပြဌာန်းရေး အဆိုကို တင်သွင်းခဲ့သည်ဟု အန်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကဆိုသည်။

“စက်မှုဇုန်ဥပဒေပြဌာန်းဖို့ အဆိုတင်တယ်။ ဒါပေမဲ့ အစိုးရဘက်က အဲ့ဒီကိစ္စကို လုပ်ကိုင်နေတာကြောင့် မှတ်တမ်းပဲ တင်လိုက် တယ်။ နောက်တစ်ခုက တိုင်းရင်းဆေးကောင်စီကိုလည်း ပြဌာန်းဖို့ဆွေးနွေးတယ်”ဟု အန်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ငါးရက်မြောက်နေ့တွင် ပညာရေးနှင့် ပတ်သက်သောအဆို၊ မေးခွန်းများ မေးမြန်း ခြင်းကိုသာ ပြုလုပ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးကဆိုသည်။

“မူလတန်းကျောင်းပညာရေးစနစ်တို့ ကျောင်းတွေကို တိုးချဲ့ဖွင့်ပေးဖို့တို့အစုံပဲ ပညာရေးနဲ့ပတ်သက်တာတွေ မေးကြ တယ်။ ၀န်ထမ်း တွေလျော့ချရေးတို့လဲဆွေးနွေးဖြစ်ကြတယ်။ ထူးခြားတဲ့အဆိုမျိုးတွေ မေးခွန်းမျိုးတွေတော့ မပါပါ ဘူး။ ပညာရေးအကြောင်း ဘဲများ တယ်”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကဆိုသည်။

အောက်တိုဘာလ(၁၉)ရက်နေ့က လွှတ်တော်(၂)ရပ်မှ ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ကို ကျင်းပခဲ့ပြီး ပြည်ထောင်စု လွှတ် တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ကို အောက်တိုဘာ(၂၂)ရက်နေ့တွင် ကျင်းပခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့