Monday, October 22, 2012

အစိုးရသတင်းစာတွေ လူထုကြိုက် ပြောင်းလဲမယ်လို့ဆို

2012-10-20

အစိုးရချုပ်ကိုင်ထားတဲ့ မြန်မာ့အလင်း၊ ကြေးမုံ နဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ New Light of Myanmar စတဲ့ သတင်းစာ တွေကို ပြည်သူလူထုကြိုက်ပြောင်းလဲဖန်တီးထုတ်ဝေတဲ့အခါ အဆင်ပြေချောမွေ့အောင် အများပြည်သူဝန်ဆောင်မှု သတင်းစာအုပ်ချုပ် ရေးအဖွဲ့ ဆိုတဲ့အဖွဲ့ တည်ထောင်လိုက်တဲ့အကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့ ဒီနေ့ထုတ်သတင်းစာ တွေမှာဖေါ်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌါန ဒုတိယဝန်ကြီး ဦးရဲထွတ်က အရင်ခေတ်ကသတင်းစာတွေဟာ နိုင်ငံတော်ပိုင် မီဒီယာတွေဖြစ်တဲ့အတွက် အစိုးရအမြင်နဲ့ ပါလီမန်သတင်းတွေလောက်ပဲ အဓိကထားဖေါ်ပြခဲ့တာတွေ ရှိတဲ့အကြောင်းနဲ့၊ အခုနောက်ပိုင်းမှာတော့ အစိုးရရဲ့မူဝါဒ တွေကို ထောက်ပြဝေဖန်နိုင်ခွင့်ရလာ နိုင်တယ်လို့ ပြောဆိုတဲ့အကြောင်း AFP သတင်းမှာဖေါ်ပြထားပါတယ်။

သတင်းစာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးရဲနိုင်မိုးကတော့ အခုပြောင်းလဲထုတ်ဝေမယ့် သတင်းစာတွေမှာ ပြောရေးဆိုခွင့်မရတဲ့ ပြည်သူ တွေ၊ တိုင်းရင်းသားတွေရဲ့ အသံတွေကြားရအောင် ဦးစားပေးတာမျိုးတွေဖြစ်လာနိုင်မယ်လို့ပြောဆိုကြောင်း AFP သတင်း ကဆိုပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့