Wednesday, October 24, 2012

လာမည့်နိုဝင်ဘာလမှသာ အငှားယာဉ်များအား မထသ(ဗဟို)မှ ကြီးကြပ်နိုင်မည်

ကောင်းမြတ်ဖြိုး ( မြစ်မခ )
24 Oct, 2012

အငှားယာဉ်စည်းကမ်းဖောက်ဖျက်နေမှုများအား မထသ(ဗဟို)မှလာမည့် နိုဝင်ဘာလမှသာ စောင့်ကြည့် ထိန်းသိမ်း အကောင်အ ထည် နိုင်တော့မည်ဟု ခန့်မှန်းထားကြောင်း (၅၁)လမ်း၊ ယာဉ်ထိန်းရဲရုံးမှ ရဲမှူးထွန်းထွန်းဝေက ပြောသည်။

အငှားယာဉ် စာရင်းများအား မထသ(ဗဟို)သို့ပေးပို့ရန်အတွက် ယာဉ်ထိန်းရဲနှင့် မြို့နယ်စည်ပင်သာယာတို့ ညှိနှိုင်းနေဆဲ ဖြစ် ကြောင်းကိုလည်း သိရသည်။

“စာရင်းဇယားတွေအတွက်က မြို့တော်စည်ပင်နဲ့ ညှိနှိုင်းဆဲပဲရှိသေးတယ်။ ဘယ်တော့လောက် အကောင်အထည် ဖော်နိုင်မလဲဆို တော့ နိုဝင်ဘာလလောက်ဖြစ်လိမ့်မယ်”ဟု ရဲမှူးထွန်းထွန်းဝေက ပြောသည်။

ရန်ကုန်မြို့တော်တွင် တက္ကစီယာဉ်များပြားလာပြီး ယာဉ်စည်းကမ်းဖောက်ဖျက်သော ယာဉ်များကြောင့်လမ်းကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထိုဖြစ်ရပ်တို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှ မထသ(ဗဟို)အား အငှားယာဉ်များ ကြည့်ကြပ်ထိန်းသိမ်းရန်အတွက် အောက်တိုဘာ(၈)ရက်နေ့တွင် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရုံးတက် ရုံးဆင်းချိန်များ၌ ဘတ်စ်ကားမှတ်တိုင်များတွင် မည်သည့်ယာဉ်များမှ ရပ်နားခြင်းမရှိရဟူသော စည်းကမ်းချက် များရှိသော် လည်း ယခုအချိန်တွင် အငှားယာဉ်များ၊ကိုယ်ပိုင်ယာဉ်များမှာ ရပ်နားနေဆဲဖြစ်သည်။

မထသ(ဗဟို)မှ ဥက္ကဌဦးလှအောင်ကလည်း အငှားယာဉ် ပြဿနာများအား ဖြေရှင်းနိုင်ရန်အချိန် ယူရမည်ဖြစ်ပြီး ချက်ချင်းကိုင် တွယ် မည်ဆိုပါက မထသ(ဗဟို)အနေဖြင့် အားနည်းချက်များရှိနိုင်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

“ဥပမာ အရှေ့ပိုင်းခရိုင်က သတ်မှတ်ပေးထားတဲ့ယာဉ်က ပိုင်ရှင်က အနောက်ပိုင်းခရိုင်မှာနေတာမျိုးတွေ၊ ကျွန်တော်တို့ ညင် ညင်သာသာနဲ့ ကိုင်တွယ်မှဖြစ်မှာပါ” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကိုလည်း မြို့နယ်အဆင့်အထိ ဖွဲ့စည်းသွားရန် မြို့နယ်စည်ပင် မှလျာထားပြီး ဖြစ်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ၁၉၉၀ ပြည့်နှစ် ထုတ်ပြန်သည့် ဥပဒေအမှတ် ၁၁/ ၉၀ တွင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး၏ တာဝန်များမှာ ယာဉ်နှင့် အနှေးယာဉ်များ သွားလာခြင်း၊ ရပ်နားခြင်းတို့နှင့် စပ်လျဉ်း၍ စည်းကမ်းများ သတ်မှတ်ပြီးဖြစ် ကြောင်းကိုလည်း သိရသည်။

တက္ကစီယာဉ်များမှတ်ပုံတင်ရန် တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာနတိုင်းသို့ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနတွင် လုပ်ငန်းလိုင်စင်များ ရယူရပြီး တိုင်းအဆင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုအဖွဲ့များ ခရိုင်တက္ကစီအဌားယာဉ်များ ကြီးကြပ်ရေးအဖွဲ့ထံ မှတ်ပုံတင် ရခြင်းဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့