Wednesday, October 24, 2012

ကချင်ငြိမ်းချမ်းရေးဆွေးနွေးရန် ရက်ပြောင်းရွှေ့သတ်မှတ်

အောင်အောင်(မြစ်မခ)
24 Oct, 2012

ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီတို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးရန်အတွက် ရက်ထပ်မံပြောင်းရွှေ့ထားကြောင်း သိရသည်။

အောက်တိုဘာလ(၂၅) ရက်နေ့သည့် KIO အဖွဲ့၏(၅၂)နှစ်ပြည့်နေ့ ဖြစ်သောကြောင့် ရက်ထပ်ရွှေ့လိုက်ခြင်းဖြစ်သည်။

KIO ထိန်းချူပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့တွင် KIO ဥက္ကဌ အပါအ၀င် ဗဟိုကော်မတီဝင်အားလုံးတို့သည် နိုင်ငံတော် အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် အောက်တိုဘာလ(၂၂) ရက်နေ့ က ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်း ရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်ဆက်လုပ်ဖို့ ကမ်းလှမ်းချက်ကို KIO အနေနဲ့လည်း ရွှေလီမှာ လုပ်ဖို့အတွက် သူတို့ အနေနဲ့လည်း သဘောတူပါတယ်၊ ဆွေးနွေးပွဲလုပ်ဖို့ ရက်ကတော့ အခုလောလောဆယ် ရှေ့တန်း မှာ စစ်မက်ဖြစ်ပွားနေသည့် အခြေအနေကို မူတည်ပြီး အခြေအနေကို သုံးသပ်ပြီးမှပဲ ဘယ်နေ့ ဘယ်ရက်ဆွေးနွေး မယ် ဆိုတဲ့ ရက်ကိုကတော့ အခြေအနေ သုံးသပ်ပြီးမှပဲ အကြောင်းပြန်ပါ့မယ်ဆိုပြီး မှာလိုက်ပါတယ်ဗျ။”ဟု ဦးလမိုင် ဂွမ်ဂျာက ပြောသည်။

နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုင်ငံတော်အစိုးရမှ အောက်တိုဘာလ(၁၀)ရက်နေ့တွင် KIO အဖွဲ့အား ကမ်းလှမ်း ထားသည့် အပေါ် KIOမှ သဘောတူလိုက်ခြင်း ဖြစ်သည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ၀န်ကြီး ဦးအောင်မင်းက အောက်တိုဘာလ(၂၆) ရက်နေ့တွင် ကမ်းလှမ်း ထားသော်လည်း(၂၅)ရက်နေ့သည် KIO ကချင်လွတ်မြောက်ရေးအဖွဲ့ အခမ်းအနားကျင်းပ မည်ဖြစ်သည့် အတွက် ဆွေးနွေးရန် ရက်ထပ်မံ ပြောင်းရွှေ့ပြီး ပြန်လည်အကြောင်းကြားမည်ဖြစ် ကြောင်း သိရသည်။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် အလွတ်သဘော မကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ပြီးခဲ့ သည့် မတ်လတွင် နောက်ဆုံးအလွတ်သဘော တွေ့ဆုံးခဲ့သည်။ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှလည်း ငြိမ်းချမ်းရေး ပြန်လည် ဆွေးနွေးနိုင်ရန် KIO ဌာနချုပ် သို့ သွားရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

KIOမှ အကြောင်းပြန်လာသည့် စာကိုလည်း နေပြည်တော်တိုင်းဒေသကြီးရှိ ၀န်ကြီးဦးအောင်မင်းထံသို့ ပေးပို့သွားမည်ဖြစ် ကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့