Monday, October 22, 2012

ငြိမ်းချမ်းရေး အမှတ်တံဆိပ်တွေကို ဖားကန့်ဒေသ တခုလုံးကပ်ထားမည်

2012-10-20

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အောက်တိုဘာလ ၂၄ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့ကုလသမဂ္ဂနေ့မှာ ငြိမ်းချမ်းရေးအထိမ်း အမှတ် စာသားတွေပါတဲ့ ကပ်ခွာတွေ နေရာအနှံ့ကပ်ကြမယ်လို့သိရပါတယ်။

ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ကြတာဖြစ်ပြီး အဲဒီအစီအစဉ်ကို ဖားကန့်မြို့နယ် ၈၈ မျိုးဆက် ကျောင်းသားတွေ နဲ့ တနယ်လုံးက ဒေသခံတွေပါဝင်ကြလိမ့်မယ်လို့ အဲဒီပွဲကို ကမကထပြုလုပ် သူတဦးဖြစ်တဲ့ ဦးခင်မောင်ဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ကနေ ၁၈ ရက်နေ့အထိ ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေ ဖားကန့်ဒေသကို ငြိမ်းချမ်းရေးစုပေါင်းလက်မှတ်ကောက်ခံပွဲပြုလုပ်ခဲ့ရာမှာ အခုဆိုရင် လက်မှတ်ပေါင်း တစ်သိန်း တစ်သောင်းကျော် ရရှိနေပြီ လို့ သိရပါတယ်။ အဲဒီလို စုဆောင်းထားတဲ့ လက်မှတ်တွေကို သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေ မန်း နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့တို့ဆီကို ပို့ပေးကြမယ်လို့လည်းသိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့