Wednesday, October 24, 2012

မင်းပြားမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ခြင်းကို ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်ပြန်

ဇော်မိုး(မြစ်မခ)
23 Oct, 2012

ကရင်ပြည်နယ် ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်လေးချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား လှုပ်ရှားမှု ကော်မတီမှ အပြည့်အဝထောက်ခံပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ထောက်ခံကြေငြာချက်များ ထုတ်ပြန်ကြေညာသွား မည်ဖြစ် ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားလှုပ်ရားမှုကော်မတီမှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

“ကရင်ပြည်နယ် ဂိုဏ်းပေါင်းစုံဖွဲ့ကြီးက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်လေးချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေ လှုပ်ရှား မှုကော်မတီကနေ အပြည့်အဝထောက်ခံပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထောက်ခံပွဲများပြုလုပ်သွားမယ်။ ထောက်ခံပွဲများပြုလုပ် တဲ့ နေရာမှာလည်းပဲ တရားဝင်စာတွေထွက်လာမယ် သူ့မြို့နယ်အလိုက်ပေါ့” ဟုအဆိုပါကော်မတီမှ ဦးရဲမင်းဦးက ပြောကြားခဲ့သည်။

အောက်တိုဘာ (၂၃) ရက်နေ့ နေ့လည် (၁) နာရီခွဲဝန်းကျင်ခန့်က ရန်ကုန်မြို့ ဆူးလေဘုရားပေါ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားလှုပ်ရားမှုကော်မတီ ဝင်များဖြစ်ကြသော မကွေး ကျောင်းဆရာတော် ဥူးပါမောက္ခ နှင့်အခြားအဖွဲ့ဝင်များစု ပေါင်းပြု လုပ်ခဲ့သော မင်းပြားမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ခြင်းကို ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်ပြန်ခြင်းနှင့် ဆုတောင်းပွဲ တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက်လေးချက်တွင် ပထမအချက်အနေဖြင့် ဗုဒ္ဓဘာသာဝင်များ၏ နေအိမ်ဆိုင်ရာမြေများကို မွတ်ဆလင် လူမျိုးများသို့ ရောင်းချခြင်းမပြုရန်၊ ဒုတိယအချက်အနေဖြင့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ မွတ်ဆလင် လူမျိုးများနှင့် လက်ထက်ပေါင်း သင်းခြင်းမပြုရန်၊ တတိယအချက်အနေဖြင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မွတ်ဆလင် လူမျိုးများရောင်းချသော ဈေးဆိုင်များတွင် ရောင်း/ဝယ်ခြင်းမပြုရန်နှင့် စတုတ္ထအချက် အနေဖြင့် ဗုဒ္ဓဘာသာဝင်များ၏ နေအိမ်ခြံမြေများကို တဆင့်ခံ/အမည်ခံပေး၍ ဝယ်ပေးခြင်းမပြုရန်တို့ ပါဝင်ကြောင်း သိရသည်။

ဆုတောင်းပွဲတွင် အောက်တိုဘာ (၂၂) ရက်နေ့က မင်းပြားမြို့တွင် ဘင်္ဂါလီလူမျိုးများက ရိုင်သာ ဘုန်းကြီး ကျောင်းကို မီးရှို့ ဖျက်ဆီး စဉ် ငါးဦးသေဆုံးပြီးသုံးဦးဒဏ်ရာရရှိခဲ့သည့်အပြင် ပြဿနာမှာ မြောက်ဦးမြို့အထိ သို့ပင် ကူးစက်လာခဲ့ပြီး မြောက်ဦး မြို့တွင်ရှိနေသည့် သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများ အတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိ နေသည့် အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူ လူထု တစ်ရပ်လုံးမှ ပူးပေါင်းကာကွယ်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း မကွေး ကျောင်းဆရာတော်က ပြောကြားခဲ့သည်။

“မြောက်ဦးဒေသထိအောင်ကူးစက်လာပြီ ရှေးဟောင်းအမွေအနှစ် အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေကို မပျက်စီးအောင် ထိမ်းသိမ်းဖို့ လိုအပ်နေပြီ ဒုတိယကမ္ဘာစစ်တုန်း ပုဂံမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ဘာမု လုပ်ကြဘူး။ အခု အနေအထားက အင်မ တန်မှ စိုးရိမ်ဖို့ ကောင်းပါတယ်”ဟု မကွေးကျောင်းဆရာတော် ဥူးပါမောက္ခက ဘင်္ဂါလီလူမျိုးများက ဘုန်းကြီးကျောင်းများကို မီးရှို့ခဲ့သည့်အပေါ်မိန့်ကြားခဲ့သည်။

မူလက စီတန်းလှည့်လည်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အဆိုပါနေ့တွင် မူဆလင်လူမျိုးများ ကလည်း ဆန္ဒထုတ်ဖော် မည်ဟု သတင်းများထွက်ပေါ်ခဲ့သည့်အတွက် အစိုးရတာဝန်ရှိသူများ အကြပ်အတည်း မဖြစ်စေရန်၊ ယာဉ်ကြောများပိတ်ဆို့မှုများ မဖြစ်ပွားစေရန်နှင့် တစ်ဖက်နှင့် တစ်ဖက် ထိပ်တိုက်တွေ့ပါက မလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားစေရန်အတွက် ဆူးလေ ဘုရားပေါ်၌ပင်ဆုတောင်းပွဲပြုလုပ်ကာ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားလှုပ်ရားမှု ကော်မတီအဖွဲ့ဝင် ကိုရဲမင်းဦးမှ မီဒီယာများကို ပြောပြခဲ့သည်။



Ref: မြစ်မခ

0 comments:

အပေါ်သို့