Wednesday, October 24, 2012

မြောက်ဦး/မင်းပြားပဋိပက္ခကြောင့် ဒဏ်ရာရသူအချို့ စစ်တွေဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေ

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
23 Oct, 2012

မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာရသူ(၃)ဦး စစ်တွေ ဆေးရုံတွင် ဆေးဝါး ကုသခံမှု နေရကြောင်း သိရသည်။

“မနေ့က ည၂နာရီမှာ သူတို့ရောက်တယ်၊ သုံးယောက်ပါ၊ သူတို့ကိုယ်ခန္ဓာပေါ်မှာ ဒဏ်ရာတွေနဲ့ တစ်ယောက်ကတော့ အောက် ပိုင်း သေသွားပြီ၊ အာရုံကြောလည်း မကောင်းတော့ဘူး”ဟု စစ်တွေဆေးရုံကြီးမှ သူနာပြုဆရာ မတစ်ဦးက ပြောသည်။

ဒေသခံများ၏ အဆိုအရ ပဋိပက္ခကြောင့် သေဆုံးသူ (၅)ဦးနှင့် ဒဏ်ရာရသူ(၉) ဦး ရှိသွားပြီဟု သိရသည်။

စစ်တွေမြို့ဆေးရုံကြီးတွင် ဆေးဝါးကုသခံယူနေကြသူများမှာ ဦးစိန်သာအောင်အသက်(၆၀)(လည်ပင်းဒဏ်ရာရ အောက်ပိုင်းသေ) ၊မောင်မောင်ခိုင်(အသက်၃၀) ကျောကုန်းဓါးဒဏ်ရာရ၊ မောင်သာကုန်းကျေးရွာ၊ မောင်ထွီးစိန်(၂၅)နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံဒဏ်ရာ၊ ကျောင်းတောင်ရွာ)တို့ဖြစ်သည်။

ပဋိပက္ခကြောင့် လူနာတစ်ချို့မှာလည်း မြောက်ဦးမြို့မှ စစ်တွေဆေးရုံကြီးသို့ ဆေးဝါးကုသရန် လာရောက်နေကြောင်း သိရသည်။

ယမန်နေ့ညက မင်းပြားမြို့နယ်ရိုင်သာရွာ ဘုန်းကြီးကျောင်းအား မီးရှို့ဖျက်စီးရာ လူ(၅)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရှိခဲ့ခြင်း ဖြစ်သည်။

မင်းပြားနှင့် စစ်တွေကြား၌ မြောက်ဦးနှင့် ကျောက်တော်မြို့တို့တည်ရှိသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့