Monday, October 22, 2012

အိုအိုင်စီရုံး မဖွင့်လှစ်ရေး ဆန္ဒပြပွဲတွေ

2012-10-21

မြန်မာနိုင်ငံမှာ အိုအိုင်စီ ခေါ် အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ရုံးမဖွင့်ဖို့အတွက် တောင်းဆိုဆန္ဒပြပွဲတွေကို ရခိုင်ပြည် နယ် တောင်ကုတ်၊ သံတွဲ၊ ကျိန္တလီ စတဲ့မြို့နယ်တွေမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျေးလက်လူထုနဲ့ မြို့ခံတွေ၊ သံဃာတော်တွေ ဆန္ဒဖော် ထုတ်ခဲ့တယ်လို့သိရပါတယ်။

တောင်ကုတ်မြို့ ဆန္ဒဖော်ထုတ်ပွဲနဲ့ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မြို့ခံတစ်ဦးဖြစ်သူ ဦးဖေကြွယ်က RFA ကိုအခုလိုပြောဆို ပါတယ်။

"တောင်ကုတ်မှာဆန္ဒပြနေတာက ဒီ OIC ရုံး မြန်မာနိုင်ငံမှာ လာရောက်ထိုင်ဖို့ကိစ္စကို ကန့်ကွက်ပြီးတော့ ဆန္ဒပြနေတာဖြစ်တယ်။ သမ္မကြီးနဲ့တကွ နိုင်ငံတော်အစိုးရရဲ့ ဒီ OIC ရုံးကို လုံးဝလက်မခံ ရုံးစိုက်ခွင့်မပေး ဆိုတာကို ထောက်ခံတဲ့အနေနဲ့လည်း ပြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘင်္ဂါလီတွေနဲ့ အတူယှဉ်တွဲနေထိုင်ရေးကို ဖျက်သိမ်းပေးပါဆိုပြီးတော့ တောင်းဆိုထားတာရှိ ပါတယ်။ အဲဒါနောက်ပြီးတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။ ဒီအချက် ၃ ချက်ပါ"

အလားတူ မနေ့က အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ စတဲ့မြို့တွေမှာ လည်း အစ္စလာမ်ဘာသာဝင် ၅၇ နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ မြန်မာနိုင်ငံအ တွင်း ယာယီဆက်ဆံရေးရုံးဖွင့်မယ့် ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့