Sunday, July 3, 2011

မဲပေးသူတွေကို စောင့်ရှောက်ကာကွယ်ဖို့ ရဲနဲ့ စစ်သား ၁၉၅,၀၀၀ ချထား

July 3, 2011

ဒီကနေ့ ရွေးကောက်ပွဲနေ့မှာ တောင်ပိုင်း ပြည်နယ်၃ခုက မဲရုံ ၂၁၅၇ ရုံလုံခြုံရေးအတွက် ပူးတွဲတပ်ဖွဲ့ အင်အား ၁၂,၀၀၀ ချထားစဉ်မှာ ငြိမ်ဝပ်ပိပြားရေးအတွက် တပြည်လုံးမှာ ရဲတပ်ဖွဲ့အင်အားက ၁၈၃,၀၀၀ တပ်ဖြန့်ထားမှာ ဖြစ်ပါ တယ်။ ငြိမ် ၀ပ်ပိ ပြားရေး ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့အနေနဲ့ အဆင်သင့်ရှိနေပါတယ်လို့ ရဲချုပ် ၀ိချီးန်ဖုတ်ဖိုဆရီးက ပြောပါ တယ်။ တနေ့ကတည်းက ညနေ ၆ နာရီကနေ ညသန်းကောင်ထိ အရက်ရောင်းတာတွေကို ပိတ်ပင်ထားသလို အင် တာနက် ကနေ မဲ ဆွယ်တာတွေ ကိုလည်း တားမြစ်ပိတ်ပင်ထားပါတယ်။

ရဲတွေကလည်း မဲဝယ်ဖို့ကြိုးပမ်းတာတွေကို စောင့်ကြည့်နေပြီး လုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်တွေ ချထားပါ တယ်။ သောကြာနေ့က မဲဝယ်တယ်လို့ သံသယရှိသူတွေကို နခုန်ရတ်ချာဆီးမားမှာ ဘတ်ငွေ ၁၃၀,၀၀၀ နဲ့ ဖူးခက်မှာ ဘတ်ငွေ ၆၉,၀၀၀ နဲ့အတူ ဖမ်းလိုက်တယ်လို့ သူ က ပြောပါတယ်။ မဲပြားတွေဓါတ်ပုံရိုက်တာနဲ့ အမှတ်အသားလုပ် ထားတဲ့ မဲပြားတွေ တခြားသူတွေကို ပြသတာတွေ မလုပ်ဖို့နဲ့ ဒီလိုလုပ်ရင် ထောင်ဒဏ်တနှစ်နဲ့ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ ထိ ပေးဆောင် ရမယ် လို့လည်း ရဲတွေက သတိပေးထားပါတယ်။ နိုင်ငံရေးပါတီတခုကို ဘက်လိုက်တယ်ဆို ပြီး စွပ်စွဲခံနေရတဲ့ အရာရှိ ၄၂ ယောက် အမှုကို စစ်ဆေး နေတုန်းဖြစ်ပြီး သူတို့အထဲက ၁၃ ယောက်ဟာ စည်းကမ်းချိုး ဖောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ရဲစစ်ဆေး ရေးချုပ် ဆာ့သာပေါန်လောင်ထုံက အစီရင်ခံပါတယ်။

မဲရုံတရုံစီမှာ အနည်းဆုံး ရဲအရာရှိတယောက် ရှိနေရပါမယ်။ ည ၁၀နာရီမှာ မဲဆန္ဒနယ်အသီးသီးက အနိုင်ရတဲ့ ကိုယ်စားလှယ် စာရင်းတွေ သိရမှာ ဖြစ်တယ်လို့ လက်ထောက်ရဲချုပ် ရဲဗိုလ်ချုပ်ကြီး ကျီရော့ခ်ျချိုင်ယာချစ်က ပြောပါ တယ်။ ဇွန်လ ၁၆ ရက် ကနေ ၃၀ ရက်နေ့ထိ ရွေးကောက်ပွဲမတိုင်ခင် လုံခြံရေးအတွက် စစ်ဆင်ရေးလုပ်ရာမှာ သေ နတ်အတို ၁၀၄၈ လက်၊ စစ်မြေပြင်သုံးလက်နက် ၁၆ လက်နဲ့ ဗုံး ၁၂ လုံး သိမ်းဆည်းရမိပါတယ်။ အမှုဟောင်းတွေနဲ့ ၀ရမ်းထုတ် ထားသူပေါင်း ၉၀၁ ယောက်နဲ့မူးယစ်ဆေးဝါးမှုနဲ့ဆိုင်တဲ့သူ ၁၁၄၂၃ ယောက်ကို ဖမ်းမိတယ်လို့ လက် ထောက်ရဲချုပ် ရဲ ဒုဗိုလ်ချုပ်ကြီး ၀ိုရာဖုန်ချီ ဖရီးချာက ပြောပါတယ်။ ရွေးကောက်ပွဲအပြီး နောက် ၄ ရက်ကြာတဲ့အထိ ရဲစစ်ဆင်ရေးကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။
Ref: Naytthit

0 comments:

အပေါ်သို့